_"ဟလို.. FBI ကလားခင်ဗျား"
"ဟုတ်ကဲ့.. အမိန့်ရှိပါ" "တွမ်တစ်ယောက် ထင်းထဲမှာ ဆေးခြောက်တွေ ဖွက်ထားကြောင်း သတင်းပေးချင်လို့ပါ" "လိပ်စာပေးခဲ့ပါ။ ကျွန်တော်တို့ သွားရောက်စစ်ဆေးပါမယ်" နောက်တစ်နေ့မှာ တွမ်တို့အိမ်ကို စစ်ဆေးရေးသမားတွေ သွားရောက်ခဲ့တယ်။ ထင်းထားတဲ့နေရာကို စစ်ဆေးပြီး ထင်းတွေအားလုံး ခွဲစစ်ခဲ့ပေမယ့် ဆေးခြောက်တွေ မတွေ့ခဲ့ဘူး။ တွမ်ကို ပြောဆိုဆုံးမပြီး စစ်ဆေးရေးသမားတွေ ထွက်ခွာသွားခဲ့ကြတယ်။ တအောင့်နေတော့ တွမ်ရဲ့ တယ်လီဖုန်းမြည်လာခဲ့တယ်။ "ဟေး... တွမ်.. FBI ကလူတွေ မင်းထင်းတွေ ခွဲပစ်လိုက်ပြီလား" "ခွဲပြီးပြီ" "ဒါဆိုရင် မင်းဖုန်းဆက်အလှည့်.. ငါ့အိမ်ရှေ့က မြေတွေလှန်ချင်လို့ကွ"
0 Comments
_
ပီတာက သူငယ်ချင်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ် က သူသွားခဲ့တဲ့ စားသောက်ဆိုင်မှာ သူစားခဲ့တဲ့အမဲသားစတိတ်က တော်တော်များပြီး အရသာလည်းကောင်းတယ်လို့ ညွှန်းပြီး အဲဒီဆိုင်ကိုခေါ်သွားပါတယ်။ ဆိုင်ရောက်တော့ထောင့်ကျကျစားပွဲမှာ ထိုင်လိုက်ပြီး အမဲသားစတိတ်တွေ မှာလိုက် ပါတယ်။ စားပွဲထိုးက စားစရာတွေလာချတဲ့ အချိန်မှာ တကယ့်ကိုစိတ်ပျက်စရာ ကောင်းလောက် အောင် ဟင်းတွေက နည်းနေပါတယ်။ဒါနဲ့ပီတာလည်း "ဟိုနေ့ကလေးတင် မင်းတို့ဆိုင်မှာ ငါစားခဲ့တာ။ အမဲသား စတိတ်ဆို များလွန်းလို့ ကုန်တောင် မကုန်ဘူး။ အခုဘယ်လိုဖြစ်ရ တာတုန်း"လို့ မေးလိုက်တော့ စားပွဲထိုးပြန်ဖြေတာက "ဒါက ဒီလိုရှိ ပါတယ်။ လူကြီးမင်းက အဲဒီနေ့တုန်း က ပြတင်းပေါက်နားက ခုံမှာထိုင်ခဲ့ တာလေ"တဲ့။ _မိန်းကလေး သူငယ်ချင်းတစ်စု..ကမ်းခြေတစ်ခုကိုသွားကြတယ်.
နောက်တစ်ပတ်ကြာတော့....ယောက်ျားတစ်ယောက်က ကမ်းခြေကိုရောက်လာပြီး. အဲဒီမိန်းမတွေ တည်းတဲ့ဟိုတယ်မှာပဲတည်းတယ်. ဟိုတယ်က ၀န်ထမ်းကို ဓာတ်ပုံတစ်ပုံထုတ်ပြတယ်. ဟိုတစ်ပတ်ကလာတည်းသွာတဲ့အမျီုးသမီးတွေပုံ.ခင်ဗျားသိလားဆိုတော့. ၀န်ထမ်းက သိတယ်တဲ့. သူတို့တော်တော်ပျော်ကြလားလို့မေးတော့. ပျော်တာထက်...တော်တော်ကဲကြတယ်ကွာလို့ပြောတယ်. ဒါနဲ့..အဲဒီထဲက မိန်းမတစ်ယောက်ပုံကို လက်ညှိုးထိုးပီး ဒီမိန်းမကရော..တော်တော်ကဲသလားလို့မေးတော့ ၀န်ထမ်းက မကဲဘူး အဲဒီမိန်းမက အငြိမ်ဆုံးပဲတဲ့ ယောက်ျားက အရမ်းပျော်သွားပြီး... အဲဒါ ကျွန်တော့်မိန်းမလေဆိုတော့.. ဟင်.ဒါဆို ဟိုတစ်ပတ်က ပါလာတဲ့ ယောက်ျားက သူ့ယောက်ျားမဟုတ်ဘူပေါ့တဲ့.............. _
GTC မှာပေါ့နော် အရမ်းကိုချစ်ကြတဲ့သမီးရည်းစားနှစ်ယောက်ရှိတယ်တဲ့သူတို့ကတစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြတာတဲ့ ဒါပေမယ့်တနေ့တော့ကောင်မလေးက ကောင်လေးဆေးသုံးစွဲတာကိုသိသွားတော့ အစပိုင်းတော့တားတာပေါ့ နောက်ဆုံးမရတော့ ဆေးကိုဖြတ်မှာ ကောင်မလေးကိုအဆက်သွယ်ဖြတ်မလားလို့မေးတော့ ကောင်လေး ကအလွယ်ပဲ ဆေးကိုဖြတ်ပါ့မယ်လို့ပြောလိုက်တယ်အဲဒါနဲ့နောက်လဲကျရောသူတကယ်ဆေးကိုမဖြတ်မှန်းလဲသိရောကောင်မလေး က အရွဲ့တိုက်ပြီး အခြားကောင်လေး တစ်ယောက်နဲ့တွဲပြလိုက်တယ်အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတော့ ကောင်လေးက အရမ်းကြေကွဲပြီကောင်မလေးကိုပြန်တောင်းပန်ပြီဆေးကိုဖြတ်ပါ့မယ့်လို့ကတိပေးလိုက်တယ် ပြီးတော့ သူတို့တွေ့နေကြနေရာလေးမှာကောင်လေးကကောင်မလေးကိုဆေးကြောင် ကြောင်ပြီးသတ်ပစ်လိုက်တယ် ကောင်မလေးကိုယ်ကသွေးတွေက သူအင်္ကျီမှာပေကုန်တယ် ပြီးတော့မှကောင်လည်းလဲသတိပြန်ဝင်လာတော့ သူလက်လွန်သွားမှန်းသိတော့ ကောင်မလေးအလောင်းကိုအဲနေရာမှာပဲမြုပ် ခဲ့ပြီး ပြန်သွားတယ်လူကလည်းရှင်းနေတာကိုး အိမ်ပြန်ရောက်တော့ကောင်လေးကမောမောနဲ့အိပ်ပျော်သွားတယ်အဲဒါနဲ့အိပ်နေရင်းနဲ့အိမ်မက်မက်တယ် ကောင်မလေး ကနင့်အကျီကသွေးတွေကိုပျောက်အောင်ဖျောက် မဖျောက်ရင်နင်ဒုက္ခရောက်လိမ့်မယ်လို့ပြောတယ်အဲဒါနဲ့ကောင်လေးလဲ အိမ်မက်ကလန့်နှိုးလာပြီး သူအကျီ ကိုကြည့်တော့သွေးတွေပေနေတယ် အဲဒါနဲ့ ဂယောင်ချောက်ခြားနဲ့ ချက်ခြင်းသွား လျှော်တယ်ဒါပေမယ့်ဘယ်လိုလျှော်လျှော် မပျက်ဘူးဖြစ်နဲ့တယ် အဲလိုဖြစ်နေတုန်းမှာကောင်မလေးရဲ့ဝိညာဉ် ကပေါ်လာပြီး သူဆီက တစ်လှမ်းခြင်း တစ်လှမ်းခြင်းလျှောက်လာတယ် ကောင်လေးကလဲ ကြောက်အားလန့်အား နဲ့ အတင်းအကျီကိုပဲသွေးပျောက်အောင် လျှော်တာပေါ့ ဒါပေမယ့် မပျက်ဘူး ကောင်မလေးက တဖြည်းဖြည်းနဲ့နီးလာတယ် အနားလဲရောက်ရော ကောင်မလေး ၀ိညာဉ်က ဟက်ဟက်ပက်ပက် ရယ်လိုက်တယ် ကောင်လေးလဲ လန့်နေတာပေါ့ ကောင်မလေး ၀ိညာဉ် ကမေးတယ် နင်ဖျက်လို့မရဘူးမလား တဲ့ ဘယ်ဖျက်လို့ ရပါ့မလဲ တဲ့ နင်ကအိုကီဆပ်ပြာမှုန့်မှမသုံးတာကိုးတဲ့ ဟီးဟီးးးးးးးးးးးးးး _
တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီးတော့ အိမ်က သူ့ခွေးလေး အတွက် ခွေးစာသွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင် မိန်းကလေးက .. ” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။ ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။ နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက မနေ့ကလို အလားတူ ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင် အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။ အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။ ဒါနဲ့ နောက်ဆုံး အဘွားလည်း ကြောင်စာ ၀ယ်ခွင့်ရခဲ့ပါတယ် ။ တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ အဘွားလက်ထဲမှာ ကဒ်ထူပုံးငယ်လေး တစ်ခု ပါလာ ပါတယ်။ အဘွားက ကောင်တာက ငွေကိုင် မိန်းကလေးဆီ တန်းသွားလိုက်တယ်။ နောက်.. သူ့ကောင်တာရှေ့မှာရပ်လျှက်က လက်ထဲက ကဒ်ထူပုံး လေးကို ဆန့်တန်းပေးရင်း… ” ငါ့မြေး.. အထဲကို လက်ကလေးနှိုက် စမ်းကြည့်လိုက်စမ်း” လို့ ပြောလိုက်ပါတယ်။ မိန်းကလေး လဲ သူလက်ကလေးဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့် လိုက်တော့ ပူနွေးပြီး နူးညံ့နေတဲ့ အတွေ့ အထိကို သူလက်ဖျားလေးတွေမှာ ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း ဇဝေဇ၀ါဖြစ်နေတုန်း အဘွားက အခုလိုပြောလာပါတယ်။ ” အဘွားကို အိမ်သာသုံး စက္ကူ တစ်လိပ်လောက်ရောင်းပါကွယ် ” ..တဲ့။ _
ရထားနောက်မကျအောင် လန်ဒန်မြို့ ရထားဌာန၌ အလုပ်လာလျှောက်သူတစ်ဦးအား အရာရှိကလူတွေ့ စစ်ဆေးလေသည်။ " နာမည်ပြောပါ " " စမစ်လို့ခေါ်ပါတယ် " " မီးရထားလုပ်ငန်းအကြောင်းလေ့လာထားလား " " ဟုတ်ကဲ့ " " မြို့ပတ်ရထားတွေအမြဲနောက်ကျနေတာကို နောက်မကျအောင် ဘယ်လိုလုပ်မလဲ " အနည်းငယ်စဉ်းစားပြီးနောက်.... " မီးရထားအ၀င်အထွက် အချိန်ဇယားကပ်ထားတာကို ဖြုတ်ပြီးသိမ်းထားလိုက်ပါ့မယ်..." *ပြန်လည် ကူးယူ တင်ပြသည် _
တခါက အရူးဆေးရုံတစ်ခုရဲ့ ဆေးရုံအုပ်ကြီး ဦးဖလာက လူနာတွေရဲ့ အခြေအနေကို သိချင်တဲ့အတွက် စမ်းသပ်မှုတခု လုပ်တယ်။ သူစမ်းသပ်ပုံက လူနာတွေကို လ္ဘက်ရည်ခွက်တခွက်စီ ပေးလိုက်တယ်။ “ကဲ မင်းတို့ကို လ္ဘက်ရည်တိုက်မယ်။ အားလုံးတန်းစီ” လူနာတွေအားလုံး တန်းစီကြတယ်။ အဲဒီမှာ ဆေးရုံအုပ်ကြီး ဦးဖလာက ဘာမှထည့်မထားတဲ့ ဓာတ်ဘူး အလွတ်တစ်လုံးနဲ့ လ္ဘက်ရည်တွေ လိုက်ထည့်ပေးတဲ့ ပုံစံလုပ်လိုက်ပြီးတော့… “ကဲ လ္ဘက်ရည်ထည့်ပြီးပြီ။ အားလုံးသောက်လို့ရပြီ” လို့ ပြောလိုက်တယ်။ လူနာတွေကလည်း ဘာမှမရှိတဲ့ လ္ဘက်ရည်ခွက်ကို အားရပါးရ မော့သောက်လိုက်ကြတယ်။ အဲဒီအထဲမှာ လူနာတယောက်ဖြစ်တဲ့ မောင်ဖီးနစ်ကတော့ မသောက်ဘဲနဲ့ လ္ဘက်ရည်ခွက်ကို စိုက်ကြည့်နေတာကို ဆေးရုံအုပ်ကြီး ဦးဖလာကမြင်တော့ “အင်း ဒီလူနာကတော့ အတော်လေး ရောဂါ သက်သာသွားပြီ ထင်တယ်”လို့ တွေးလိုက်မိပြီး လူနာကို မေးလိုက်တယ်။ “သူများတွေ အားလုံး လ္ဘက်ရည်သောက်နေကြပြီ။ မင်းကဘာလို့ မသောက်ဘဲ လ္ဘက်ရည်ခွက်ကို ကြည့်နေတာလဲ ” စိတ္တဇလူနာ မောင်ဖီးနစ်က ပြန်ဖြေလိုက်တယ်။ “ပူနေသေးလို့ ခင်ဗျ” _တစ်ခါက (ရှေးရှးတုံးကလို့ ပြောရင် ပိုမှန်မလား) ညမိုးချုပ်တော့ မြို့ တံခါးကြီးပိတ် ထားတယ်တဲ့။
မြို့ ပြင်ထွက်အလုပ်လုပ်တဲ့လူတွေလည်း အချိန်မှီပြန်မလာရင် တံခါးအပြင်မှာပဲ တစ်ညတာကုန်ဆုံးရတယ်။ တစ်ရက်တော့ အရက်သမားတစ်ယောက်ရယ် ဘိန်းသမားတစ်ယောက်ရယ် ဆေးသမားတစ်ယောက် ရယ် မြို့ ထဲ ပြန်ဝင်တာ နောက်ကျလို့ တံခါး ပိတ်ထားတာနဲ့ တိုးပါတော့တယ်။ အရက်သမားက မူးမူးနဲ့ စိတ်ဆိုးပြီး မြို့ တံခါးကို ရိုက်ချိုးမယ်လုပ်ပါလေရော။ ဘိန်းသမားကတော့ ဘိန်းမှိန်းမှိန်းပြီး အရက်သမားကို စိတ်ထိန်းပါ မင်းမလုပ်နိုင်ပါဘူး လာပါ ငါတို့ ဒီနေရာလေးမှာ အိပ်ပြီး မနက်ကိုစောင့်တာပေါ့လို့ ပြောလိုက်တယ်။ ဆေးသမားကတော့ မြို့ ရိုး တံခါးကို ဟိုကြည့်ဒီကြည့်လိုက်ကြည့်ပြီး ဘိန်းသမားနဲ့ အရက်သမားကို လှမ်းပြောတယ်။ ငါတို့ မြို့ ထဲဝင်လို့ ရမဲ့ နည်းလမ်းတွေ့ ပြီဟေ့။ အရက်သမားနဲ့ ဘိန်းသမားလည်း အားရ၀မ်းသာစွာနဲ့ ဘယ်မှာလဲဆိုပြီး ဆေးသမားနား ကပ်သွားတယ်။ ဒီမှာလေ အပေါက်တွေ့ လား ငါတို့ ကိုယ်ကို ကျုံ့ ပြီး ဒီအပေါက်ထဲကနေ တိုးဝင်သွား ရင် မြို့ ထဲ ရောက်ပြီဟ ဟု လက်သန်းလောက်ရှိသော အပေါက်လေးကို ညွှန်ပြလိုက်သည်။ _အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။
" ဒါ ဘာလုပ်တာလဲ" "ယောက်ျားအပြန်ကို စောင့်နေတာလေ" "ဘာမှ မ၀တ်ဘဲ စောင့်နေရသလား" "ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်" "လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ" "ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။ တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ "ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက " ဟာ မင်းည၀တ်အင်္ကျီကလည်း မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။ |
ADMIN
နေမင်းသူ Archivesရေးခဲ့ပြီးသည့်ဟာသများ
All
|