_
ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။ ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် "ယနေ့ သင်္ဘောသားအရက်မူးသည်" ဟုရေးလိုက်သည်။ သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ အမှန်အတိုင်းဤသို့ရေးလိုက်သည်။ "ယနေ့ကက်ပတိန် အရက်မမူးပါ။"
0 Comments
_
ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက ဖုန်းလှမ်းဆက်သည်။ "ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ တစ်အိမ်လိုနေလို့" ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ ဖုန်းဆက်ကြောင်း ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော ယောက်ျားကိုကြည့်ရင်း ဇနီးဖြစ်သူကမေးသည်။ "ဟိုမှာ တော်တော်လေး အရေးကြီးနေလို့လား မောင်" ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။ "အရေးကြီးတာပေါ့။ ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ" _လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့ အဖမ်းခံရသတဲ့။
ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်" လို့ ပြောလိုက်သတဲ့။ _
"ဆင်းရဲချင်လည်း ခဏလေး၊ချမ်းသာချင်လည်းခဏလေးဆိုတဲ့စကားကို သတိရပါ ငါ့တူရာ။ကိုယ့်မျက်စိရှေ့မှာတင် ချမ်းသာရာကနေ ဗြုန်းဆိုဆင်းရဲသွားတဲ့လူတွေအများကြီးပဲ။ "ဆင်းရဲရာကနေ ဗြုန်းဆို ချမ်းသာသွားတဲ့လူကိုတော့ဘာလို့အတွေ့ရနည်းတာလဲဟင်။" ကံချွန် _
Truth ရှေ့နေကြီးစမစ်က ဘွဲ့ရပြီးစ သားဖြစ်သူဂျွန်ကို ၎င်း၏ရှေ့နေရုံးခန်းတွင် စာရေးအဖြစ်ခန့်လိုက်၏။ အလုပ်ဝင်ပြီးသုံးရက်အတွင်း ၎င်း၏ဖခင်အနေနှင့် လာသမျှအမှုသည်တိုင်းကို ဆိုင်မှုအမှုအခင်းများနှင့် ပတ်သတ်၍ လုံးဝစိတ်မပူရန် အာမခံစကာပြော၍ ပြန်လွှတ်နေသည်ကို ဂျွန်သတိထားမိသည်။ လေးရက်မြောက်နေ့တွင် ဂျွန်မနေနိုင်တော့ စမစ်ကိုမေးသည်။ ဂျွန်။ ။ဒက်ဒီ၊ဒက်ဒီ့ဆီ လာတဲ့အမှုသည်တွေကို ဘာဖြစ်လို့ စိတ်မပူဖို့ချည်းပဲပြောနေတာလဲ။ ဒက်ဒီကိုင်တဲ့တချို့အမှုတွေက အခြေအနေမှ သိပ်မကောင်းတာပဲဟာ။အမှန်အတိုင်းပြောလိုက်တာမဟုတ်ဘူး။ စမစ်။ ။ဟာ...ဒီကောင် နားမလည်ပါးမလည် နဲ့ ပြောပြန်ပြီ။ဂျွန်၊မင်းဘာမှမသိသေးပါဘူးကွာ။တချို့အမှုတွေနဲ့ပတ်သတ်ပြီးအခြေအနေအမှန်အတိုင်းပြောတာမျိုးလုပ်လိုက်ရင် သူတ်ု့စိတ်ဆင်းရဲနေရမှာပေါ့။ပြီးတော့ဒက်ဒီကလည်း အမှန်အတိုင်းမပြောတတ်တာအကျင့်ပါနေပြီ လေ။ ဂျွန်။ ။ဒါဆိုဒက်ဒီက မာမီ့ကိုလည်း အမှန်ပြောတာမရှိဘူးပေါ့။ စမစ်။ ။မင်းမာမီကလည်း အမှန်အတိုင်းပြောရင် စိတ်ဆိုးတယ်ကွ။ ဂျွန်။ ။ဒက်ဒီကတော့ပြဿနာပဲ။ စမစ်။ ။မင်းငါ့ကိုမဝေဖန်နဲ့ဂျွန်။အခုမင်းကိုပြောပြနေတာကိုလည်း အမှန်လို့ ထင်မနေနဲ့။ source:The voice Journal _
ကယ်တင်ရှင် အရေိကန်တစ်ဦး၊ ရုရှားတစ်ဦး၊ဂျပန်တစ်ဦးနှင့် တရုတ်တစ်ဦး ကောင်းကင်ဘုံသို့ရောက်လာသည်။ဘုံအ၀င်မုခ်ဝတွင်စိန့်ပီတာနှင့်တွေ့သည်။ စိန့်ပီတာ။ ။ဘယ်သူ့ကိုအရင်ဝင်ခွင့်ပေးရမှာလဲ။ကိုင်း....ခင်ဗျားတို့ကပဲ အရင်ဝင်ခွင့်ရသင့်တဲ့အကြောင်းပြချက်ပြောပြ။ကျုပ်စဉ်းစားမယ်။ ရုရှား။ ။အာကာသထဲကို အရင်ဆုံးတက်သွားခဲ့တာ ကျွန်တော်တို့ပါ။ဒါကြောင့်ကျွန်တော်အရင်ဝင်ခွင့်ရသင့်ပါတယ်။ အမေရိကန်။ ။လကမ္ဘာပေါ်ပထမဆုံးခြေချနိုင်ခဲ့တာ ကျွန်တော်တို့တွေပါဘဲစိန့်ပီတာဒါကြောင့်ဒီမှာလည်းကျွန်တော်ဘဲပထမဖြစ်သင့်ပါတယ်။ ဂျပန်။ ။ကျည်ဆန်ရထားဆိုတာကိုစသုံးခဲ့တာဂျပန်ပါခင်ဗျ။ကျွန်တော်အရင်ဝင်ခွင့်ရသင့်ပါတယ်။ တရုတ်ကနှုတ်ဆိတ်နေ၏။ တရုတ်ထံမှဘာသံမှထွက်မလာသဖြင့်စိန့်ပီတာကထပ်မေး၏။ စိန့်ပီတာ။ ။ကိုရွှေတရုတ်။အကြောင်းပြချက်ပေးလေဗျာ။ တရုတ်။ ။စိန့်ပီတာပဲကြိုက်သလို ဆုံးဖြတ်ပါ။သူတို့ကိုကျွန်တော်ကပဲ စရိတ်အကုန်ခံပြီးဒီကိုခေါ်လာတာ။စိန့်ပီတာလဲငွေလိုရင်ပြောပါ။အားမနာနဲ့ ဟင်း....ဟင်း။ source:The voice Jounal _
ဇနီးမောင်နှံနှစ်ယောက်သည် ကျေးလက်တော ရွာတွင်နှစ်ပေါင်း (၅၀) ကျော်နေထိုင်ခဲ့ကြသည်။ သူတို့နှစ်ဦးသည် အိမ်ထောင်သက် နှစ်ငါးဆယ်ပြည့်ရွှေရတုသဘင်ကို ဆင်ယင်ကျင်းပရန်အတွက် အလွန်ကြီးမားသော မြို့ကြီးတစ်မြို့သို့ သွားရောက်ကြပြီး အလွန်ခမ်းနားသောဟိုတယ် ကြီးတစ်ခုတွင်တည်းခိုလိုက်ကြ၏။ အဘွားကြီးက ဟိုတယ်မှာ အလုပ်သမားတစ်ဦး ကိုကန့်ကွက်ပြောဆိုလိုက်၏။ "ငါတို့နှစ်ယောက် ကျဉ်းမြောင်းလှတဲ့ အခန်းကလေးထဲမှာ ဘယ်လိုလုပ်နေနိုင်မှာလဲ၊ ပြတင်းပေါက် လည်းမရှိ၊ ကုတင်လဲ မရှိ၊ အိပ်ရာလဲမရှိနဲ့" "ဒီလိုပါခင်ဗျာ" "ဒီလိုပါခင်ဗျာလို့ ငါ့ကိုလာမပြောနဲ့၊ ငါတို့က ခရီးသိပ်မသွားဖူးလို့၊ မြို့ကြီးကိုတစ်ခါမှ မရောက်ဖူးလို့၊ ဟိုတယ်မှာ လည်းမတည်းခိုဖူးလို့ မင်းကငါတို့လင်မယား နှစ်ယောက်ကို လူအ၊လူနတွေလို ဆက်ဆံတာ ငါလက်မခံနိုင်ဘူး၊ ငါမင်းတို့ မန်နေဂျာကို တိုင်ပြောရလိမ့်မယ်" ဤတွင် ဟိုတယ်၊ အလုပ်သမားပြန်ပြောလိုက်ပုံမှာ- "ဒီမှာ အန်တီကြီး၊ ဒါ အန်တီတို့အိပ်ခန်း မဟုတ်သေးဘူးလေ၊ ခုအန်တီရပ်နေတာကို ဓာတ်လှေခါးလို့ ခေါ်ပါတယ် ခင်ဗျာဟူ၏" _အသက်အားဖြင့်(၈၀)နီးပါး ကပ်လေပြီဖြစ်သည့် စာရေးဆရာအိုကြီးသည် ၄င်းအားလာရောက်ကန်တော့ကြကုန်သော တပည့်တို့နှင့် ဆုံသည့်အခါဝယ် . . . မမျှော်လင့်သော စကားတစ်ခွန်း ဆိုလိုက်သည့်အတွက်ကြောင့် အားလုံးအံ့အားတသင့် ဖြစ်သွားကြကုန်၏။
တပည့်များ ။ ဆရာကြီးရယ်. . . အသက်တွေလည်း ဒီလောက်ရှိနေပါပြီ။ ဆယ်ကျော်သက်ကတည်းက လက်တွဲလာခဲ့တဲ့ ဆရာကတော်ကို ကွာရှင်းချင်တယ် ဆိုတာတော့ မဖြစ်သင့် မဖြစ်ကောင်းဘူးလို့ ထင်ပါတယ်။ ဆရာကြီး ။ ငါ့တပည့်တွေ . . . မသိတာတွေ အများကြီးပါကွာ။ တပည့်များ ။ ဟုတ်တာတော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ဆရာကြီးရယ်- ကျွန်တောတို့ကတော့ ဆရာကတော်နဲ့ ကွာရှင်းမယ့်ကိစ္စကို သဘောမတူဘူး။ နို့ . . . နေပါဦး . . .ဆရာကြီးက ဆရာကတော်ကို ဘာဖြစ်လို့ ကွာချင်တာတဲ့တုန်း။ ဆရာကြီး ။ အင်း . . . လိုရင်းကို ပြောရရင်ဖြင့် ငါမျက်စိမမှိတ်ခင်လေးမှာ နားအေးပါးအေး နေချင်လို့ပါကွယ်။ တပည့်များ ။ အယ် . ..။ |
ADMIN
နေမင်းသူ Archivesရေးခဲ့ပြီးသည့်ဟာသများ
All
|