_
မေလ်းက ရတာပါ ရေးသူမသိဘူးတဲ့ . . . ရေးသူသိရင် ပြောကြပါဦး . . . ဒီလိုတင်ထားပေမယ့် အခုတော့ ရေးတဲ့သူ သိရပါပြီ။ ရေးသားတဲ့သူက ငလူဆိုတဲ့ ကလောင်နဲ့ ကဗျာတွေ ရေးပါတယ်တဲ့ . . . ပြန်လည်ခံစားလို့ရအောင် ပြန်တင်ပေးလိုက်ပါတယ်။ Microsoft ဆုတောင်း... ကျုပ်တို့ဆုတောင်း ၊ Cording များနှင့် ဆန်းပြားအုပ်စုံ ၊ OS အစုံကို အားနာပျပျ ၊ တစ်ခါမျှဖြင့် ၀ယ်ကာတရားဝင် ၊ သုံးဖူးသလော.....။ ထိုသို့မ၀ယ် ၊ Copy ထည်နှင့် ရုပ်တည်ထိုင်သုံး ၊ တသက်လုံးမှာ အားမနာပ ၊ သုံးပါဘိ...။ ကံဆိုးကြမ္မာငင် ၊ Virus ၀င် ဘေးသီ Worm ခ ၊ Window ကျမှ ကျေးဇူးမထောက် ၊ အသင်တယောက်မှာ ဆဲဆိုပြစ်တင် ပြောချင်၏ ။ အစိုးမရ ၊ ဤလောက၌ Window ကျချင်ကျပါမည်။ မသမာမှုစည် ၊ဤလောကီတွင် Virus ၀င်ချင်ဝင်ပါမည်။ တရားနှင့်ဖြေ ၊စိတ်ရှည်ရှည်နှင့် ပွားများမေတ္တာထားပါလေ သင့် Computer ၊ ဘေးကင်းကွာ ကျန်းမာလန်းဖြာနိုင်ပါစေ.....။ အိုင်ချင်း အမည်မသိခေတ်စာဆို
0 Comments
|
ADMIN
နေမင်းသူ Archivesရေးခဲ့ပြီးသည့်ဟာသများ
All
|