ဖြူပါတယ်........
ဖြူပါတယ်........ နင်အချစ်က ဖြူစင်လွန်းပါတယ်..... ချစ်တာထက် မြတ်နိုးတတ်သည် အနှစ်မပါတဲ့အချစ် က အသစ်တွေ ထက်တလဲလဲ ၀တ်ပြနေမှ စစ်မှန် မှာတဲ့ဗျာ.... ခံပြင်းစရာ..... ဟင်( သက်ပြင်းလေးခိုးချသည်) ပျော်စရာ မပါတဲ့ အချစ်တွေပါ... နေ က ညို ပြီး အချိန်က တို လိုပါဘိ အချစ်အတွက် စစ်ခင်းဖို့  ငါမှ လက်နက် အလုံအလောက် မရှိပါလာ.... ငါ လဲ ........... ဒီကောင်ကြီးလဲ............. ချစ်တတ်ပါတယ်ဟာ............ အချစ်စစ်ရဲ့  နိဂုံး က ရင်ထဲ အောက်သတ်သတ်ကြီးနော်...... ***************************************** ရင်ထဲရှိတာလေးရေးချမိတယ် နေမင်းသူ(သထုံသားလေး) ချစ်သူအိမ်ကလေး http://chitthueainkalay.weebly.com ရနံသင်းမြိုင် ထုံမွေးကြိုင်လေ
ရွှေဝါရောင်လန်း ခိုင်လုံးလန်း၏ ပိတောက်ရွှေဝါ ပွင့်ချီသာသည် လေယူရာယိမ်း ယိမ်းနှမလေးနွယ်...... ရွှက်ဟောင်းလဲကြွေ ရွှက်သစ်ဝေလို့  ယိမ်းသမ အက ဆန်းလှပါပြီး ဧပရယ်မေလေး နွဲ့ ဟန်ပြင် အတာကြူသည့် တန်ခူး လ ဆိုဘဲ...... ဥသြငှက်လေး တွန်ကြူးချိန်ခါ အသံသာသာ လွမ်းစရာလေးမို့  အော် ဒီအချိန်က.... ပိတောက်တွေလဲ စုံနေပြီးလေ...... ပိတောက်ပန်းခိုင် ပင်စည်တိုင်မှာ ဆွဲကာရစ်ပတ် ပန်ဆင်အပ်သည့် ရွှေဝါရောင်သား သနပ်ခါးလေးနှင့် လုံမပျို လေး ဆံတုံးစံ....... နေမင်းသူ(သထုံသားလေး) ချစ်သူအိမ်ကလေး www.chitthueainkalay.weebly.com ချစ်စကားလေး ရင်မှာ တည့်
နှစ်ဦးသားရင်မှ ၊ ချစ်စိတ်ဝင်လို့  ဒီရင်ဘက်ထဲက ချစ်စမ်းချောင်းလေးက မင်းလေး ရင်ထဲ စီးဆင်းလို့ ဝင်...။ "ဘ၀" ဆိုတာ ကိုယ်တိုင်ရေးတဲ့ ပန်းချီကားတစ်ချပ် မို့ ..။ ရှေ့ ဆက်လျှောက်လှမ်း ခရီးကြမ်းကို ပန်းချီ ဆေးသား လှလှလေးတွေ တူတူရေးစပ်ကြမယ်လေး...။ မိုးကလေးက ဆွေ ၊ တိမ်ကလေးက ညို သံဇဉ်လေးကချို ၊ ကော်ဖီးလေးက ခါး မလိုင်ဖတ်လေး မျောနေတယ် "ချစ်ရသူ" အဆင် သင့် လိုက်တာနော်..။ ဥသြက တွန့်  ၊ "ခါ" ကလေးက သာ မြိုင် ကလေးကစိမ်း ၊ စမ်းကလေးက သာ တောင်တန်း လေးနဲ မိုးထားတဲ့ အိမ်ကလေး... အေးချမ်းလိုက်တာနော်...။ သူလေးအနားကပ် ၊ ပုခုံးဖက်၏ ဒီထက်အနားတိုး ၊ ပါး ပြင်အိလေးအပေါ် ငါ၏ နုတ်ခန်း စိုက်ကာနစ်ဝင်သွားဖို့ပြင်..။ ဘုန်း အားးးး ငါ အိမ်မတ် မတ်နေပါလား... အဟီး..။ နေမင်းသူ(သထုံသားလေး) အတွေးလေးပေါ်လာတာနဲ ဟသ ဆန်ဆန်လေးရေးမိလိုက်တာပါ.. မှားတာပါရင် သည်းခံပြီး ဖတ်ပေးကြပါလို့.. “ပုရစ်ဖူးဝေစီ နွေဦးရောက်ပြန်ပြီ”
…………………………………………. ဝါကြင်ကြင်ရွက်ဟောင်းတို့ရဲ့စီးချင်းရိုက်သံ စိမ်းစိုစိုနုနုရွရွ ရွက်သစ်တို့ရဲ့ဝီရိယအင်အား အတက်အဆင်းလှေခါးထိပ်မှာကအဘွားအိုနှင့်သူငယ် ယှဉ်ပြိုင်မှုအားအင်တွေကလှိုင်းလုံးပမာ မြင့်တက်လေမလား နိမ့်ကျလေမလား သန်ခေါင်ယံဖားအော်သံကဇာတိပြပုံရိပ်လို မျက်နှာသစ်ချိန်ပြောင်းလဲနေပါပြန်ပြီကော အိပ်ယာထနောက်ကျခဲ့ခြင်းမဟုတ်တန်ရာ သူ့ထက်ငါ အလုယက်တွေနဲ့ ထ ထပြေးနေရ နောက်ကျ ကျန်ခဲ့ရလို့ပြန်မထနိုင်တဲရက်တွေ ပြန်လှည့်ကြည့်ရင်တောင်စိတ်တွေမောလို့ ခန္ဓာကိုယ်မှာလည်းချွေးသံရွဲရွဲနဲ့ ကြွက်ကြွက်ညံနေတဲ့လက်ပံပင်ထိပ်ကဆက်ရက်အုပ်စု အမောပြေသောက်ဖို့ကြံရွယ်ပြီးရေအိုးကိုလှန်လှောကြည့် အော်………………………… သူ့အချိန်…သူ့နေရာ…သူ့ဇာတိကပြသနေရော့ပါလား ဟူး……………………….. နွေဦးရောက်နေပါပြီလေ….။ ။ ဇွဲမာန်(အင်းဝ) ချစ်သူအိမ်ကလေး www.chitthueainkalay.weebly.com "ဂန္တဝင်လက်(သို့)အမေ"
.................................... ပင်မစာမျက်နှာသစ်မှာထိပ်ဆုံးမှာရပ်လို့ ရင်ခွင်ကိုဖွင့်လစ်ပြီးလမ်းလျှောက်နေခဲ့သူ နောက်ကျောကလှံထောက်မှာကိုမကြောက်ဘူးတဲ့ ရှေ့ကသွားနေတဲ့ရင်သွေးငယ်ကိုပျောက်သွားမှာစို့လို့ဆိုပဲ တရံတခါချော်ကျမိတဲ့နေ့တွေရှိပေမယ့် ထိုင်ငိုင်ပြီးအနာကိုမခံစားချင်ဘူး ရင်သွေးငယ်နောက်ပြန်လှည့်မိမှာစို့ရိမ်တယ်လေ သွားရမည့်ခရီးကအသစ်ဆန်းဆိုပေမယ့် အားအင်မလျှော့ပါဘူး........... ခွန်အားသစ်တွေနဲ့လမ်းသစ်ကိုထွင်နေတယ် လျှောက်နေ့တဲ့ဆဲဆဲမှာခြေကျော်မိတာတွေကို ပွဲကြည့်ပရိတ်သက်ကခွင့်လွတ်နားလည်ပေးပြီး ရင်သွေးငယ်ကိုပြုစုပျိုးထောင်ပေးပါလို့တောင်းဆိုနေပြီလေ မကြာတော့ဘူးထင်ပါတယ် သားကောင်း/သမီးကောင်းတစ်ယောက်ဖြစ်ဖို့ ပရိတ်သက်ကလည်းဝိုင်းဝန်းပေးနေခဲ့တာမဟုတ်လား ဒါပေမယ့်........................ တခါတခါရင်သွေးငယ်ကဆိုးသွားလိုက်ရမ်းကားလိုက်နဲ့ ထိမ်းမရသိမ်းမရဇာတ်အိမ်တွေနဲ့ပေါ့ အမေတစ်ယောက်ရဲ့မေတ္တာဓာတ်ကိုအကုန်မသိတဲ့ ရင်သွေးငယ်တစ်ယောက်ခံစားချက်တွေပေါက်ကွဲပြီထင်ပါရဲ့ ဟုတ်တယ်................... တကယ်တော့နွေးထွေးတဲ့ဂန္တဝင်လက်နဲ့သိုင်းခြုံပြီး ရင်သွေးငယ်ကိုထွေးပိုက်ထားတဲ့သူက................ ကမ္ဘာမြေကိုလှပတဲ့ဥယျာဉ်အသွင်ဖန်ဆင်းပေးတဲ့ ဂန္တဝင်လက်ရဲ့အရှင်"အမေ"ပါပဲ...။ ဇွဲမာန်(အင်းဝ) ချစ်သူအိမ်ကလေး http://chitthueainkalay.weebly.com/ မီးပျက်ချိန်ဆို ၊ connection ( ကွန်နရှင် ) ကောင်း လို့ 
မသုံးရလို တင်းမိတယ်...။ မီးလာပြန်သော် ၊ ပျော်မဆုံး ရွှေလိုင်းတော်ကြီး လေးလှတယ်... မရှိမဲ့ ရှိမဲ့ ၊ ကွန်နရှင်လေးနဲ့  gtalk လေးထဲ ၀င်မိတယ်...... ၀င်တုန်းခဏ sign in ပြလို့  ပြီးတော့ connecting ပြန်ပြတယ်..။ အားကျမခံ facebook ၀င်ပြီး ကောင်မလေးများ လျောက်ကြည့်မယ.်.. သူလဲ ဗလာ ဖြူ မျက်နာနဲ့  loading လေးက ပြောင်ပြတယ်..။ :D အချိန်လေး စောင့်တယ် တတ်မလား ပေါ့ :-( dota လေးတစ်ပွဲ ခုတ်ဖြစ်တယ်..။ တစ်ပွဲပြီးလဲ သူမလား နှစ်ပွဲပြီးလားသူမလား... အဲဒါမှ မြန်မာနိင်ငံ connection ပါလေ.... :-) နေမင်းသူ(သထုံသားလေး) မွေးမြေ ဒေသလေးမှ အစပြု၍
ဤဒေသလေးဝယ်... သူမြေတွင်စိုက် ၊ သူ့ အားအသုံးခံ ထိုပင်ပွင့်ဖူး ၊ မြူထူး၇ွှင်ပျော် သူမြေသီးစား ၊ သူအားဆက်နွယ် သူေ၇ကိုသောက် ၊ ခါသီသွယ် ငါသည်ကြီးပြင်းလာပါတကား....။ ဤဒေသလေးဝယ်... မိဘအသွင် ၊ ချမ်းအေးမြမြ ဒီမြေမျိုးမှ ၊ ငါမွေးရပ်မြေ ရန်သူ ဟုသည် ၊ ၊ ဘယ်ဟာမသိ ကောင်းမှု ကိုသာပြုသည်မြေ မို့ ၊ တရားရိပ်တွင်မွေ့ (လျော်)..။ ဤဒေသလေးဝယ်... ကားရယ်မ၇ှိ ၊ ရထားမဲ့မြေ ထိုသည်အရာ မ၇ှိပါလဲ ခရီးရယ်ဆက် မြန်။ ဤဒေသလေးဝယ်... စိမ်းလှဲ့ မြမြ ၊ တောတောင်ငယ် တောဖျားခေါင်စပ် ၊ ချောင်ကျအရပ်မို့  အသံကြယ်ကြယ် ၊ ငှက်ငယ်ငယ် ပုစဉ်ရင်ကွဲသံက ဆူဆူညံလှပါဘိ။ ဤဒေသလေးဝယ်... တောရိပ်ဝါးရိပ် ၊ အုပ်ဆိုင်းအငွေ့ မြူ ချူံနွယ်ပိတ်ပေါင်း ၊ ထူထက်ခက်လို့  နေမင်းကြီးရယ် ဘယ်မှာတုန်း အော်ခေါ်နိုးလိုက်ပါစမ်း ၊ စော်အောသံ။ ဤဒေသလေးဝယ်... အလှူအတန်း ၊ သဒ္ဒါ ထက်သံ မေတ္တာပေါပေါ ၊ ထိုအရပ်မြေ အကူညီရယ် ယူစမ်း ၊ အနောင်တော်။ ဤဒေသလေးတွင်သာ.. ငါမွေးဖေဖေ ၊ မွေး မေမေက မွေးဖွားပေးသည် ၊ ငါ မွေးရပ်မြေ ငါအတွက် တန်ဖိုး ၊မဖျက်နိင်ခြေမို့  အေးချမ်းလှ ၊ အေးလှပါဘိလေး။ အိမ်မက်သည်......ကဗျာ...။
ကဗျာသည်.......အသက်...။ စိတ်ကူးတွေ...အချစ်ဖြစ်ပါစေသား...။ သူသည် အချစ်...။ သူ့ အချစ်သည်.. ငါ့ ကမ္ဘာ...။ သူ့ ပါးလေး နမ်းရှိုက်မိပါစေသား...။ အနမ်းသည်က ...ပန်း ပန်းလေးလိုက လှသည် သူ့ အချစ်တွေရင်မှာဆူးနှစ်ပါစေသား။ |
ကဗျာကဏ္ဍ
မင်္ဂလာပါခင်ဗျာ.. စာရေးသားသူအမည်များ
All
facebook page of chitthueeainkalay! |