သူငယ်ချင်းများ ပေါက်ပေါက်ရှာရှာ ဘောလုံးကဗျာ လေးတွေပါ...
သူငယ်ချင်းမှား ပျော်စေလိုသောစိတ်ဖြစ် မျှေoပေးလိုက်တယ်နော်............
ပေါက်ပေါက်ရှာရှာ ဘောလုံးကဗျာများ (၁)
ဒရော့ဘာလူဆိုး
စည်းသူခိုးကြောင့်
ဝင်းဂါးမျက်ရည်
မိုးသို့ဆွေသည်
အကျွန် မမြင်ဝံ့ပါတကား။
(၂)
မောင်ဝင်းဂါးရေ…
မင်းသရေတွေ နွေမှာခံဖို့
လက်ကျန်ဖလား လုယူသွားပြီ
မန်ယူကျော်တက်
ချယ်လ်ဆီးလက်ပြ
စိတ်ဓာတ်ကျရင်
အဆင့်သုံးမှာ
လက်ကျန်ပြုံးနဲ့
စိတ်ဖြေပါ…။
(၃)
"တောက်!!"
ရည်းစားဦးနဲ့ ကွဲကတည်းက
မခတ်မိတော့တဲ့ တောက်…
ဝင်းဂါး…
မင်းနဲ့ကျမှ ပြန်ခတ်မိတယ်…။
(၄)
ရင်မှာမှန်းထား
ကြုံးဝါးလေသံ
ဖာဂူဆန်ကို
ပီကေတစ်ထုပ်
ကိုယ်တိုင်လုပ်၍
ပို့လိုက်သည်မှာ…
ဘာစကားမှ မပြောဖို့…။
ကျွန်တော်များနေမင်းသူ ( ချစ်သူ့ အိမ်ကလေးမှ) ကြိုဆိုပါတယ်နော်.......နောက်များ ထိုသို့သောကဗျာ များတွေရှိပါက ဖော်ပြသွားအုန်းမည်....

သူငယ်ချင်းများအတွက် ပျော်စရာ cartoon လေးတွေပါ...........
ကဲ... အခုတော့ သဘောကျရင်ကျသလို အားပါးတရ အော်ဟစ်ရယ်မောလိုက်ကြပါဦး။ ဘာတွေကိုမှ စဉ်းစားမနေပါနဲ့။ သူများတွေကို အလေးဂရုထားပြီး ပြုံးရုံပဲပြုံးမနေစမ်းပါနဲ့။ခင်ဗျား တကယ်သဘောကျတဲ့ ကာတွန်းတွေများပါခဲ့ရင် ကလေးတစ်ယောက်လို အော်ဟစ်ပြီးတော့ ရယ်ပစ်လိုက်စမ်းပါ။ ပျော်ရွှင်နိုင်ကြပါစေဗျာ။
မျောက်များပုံပြင်
ကျွန်တော့်ဘလော့ဂ်မှာ မျောက်များပုံပြင်ဆိုပြီး ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးကို တင်ပေးခဲ့ဖူးပါတယ်။ အောက်ဆုံးမှာ မှတ်ချက်ကလေးရေးပြီးတော့တောင် အဲဒီကာတွန်းလေးက ကောင်းလွန်းလို့ မူလသရဖူမဂ္ဂဇင်းမှာပါတဲ့အတိုင်း စကင်ဖတ်ပြီး တင်ပေးချင်တာလို့ ရေးခဲ့ပါသေးတယ်။ ဟော... အခုတော့ ကိုယ်တိုင်တောင် စကင်ဖတ်စရာမလိုတော့ဘူး။ ဒီနေ့ ကျွန်တော့်အီးမေးလ်ထဲကို ဖော်ဝပ်(ဒ)မေးလ်အနေနဲ့ ရောက်လာပါတယ်။ ဘယ်လောက်များ ပျော်စရာကောင်းလိုက်သလဲနော်။ အစကတော့ တွေးပါသေးတယ်။ ဖော်ဝပ်(ဒ)မေးလ်တောင် ပို့နေကြပြီဆိုတော့ တစ်ယောက်ဆီကိုတစ်ယောက် လက်ဆင့်ကမ်းပြီး အားလုံးသိပြီး၊ ဖတ်ပြီးဖြစ်နေလောက်ပြီ။ တင်ပေးမနေတော့ပါဘူးလို့။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကိုက သဘောကျလွန်း၊ ကြိုက်လွန်းတဲ့အတွက် အခြားလူတွေ ဖတ်သည်၊ မဖတ်သည်ထက် နောင်တစ်ချိန်မှာ ကျွန်တော်ပြန်ဖတ်တဲ့အခါ အဆင်သင့်ရှိအောင်ဆိုပြီး တင်ပေးလိုက်ပါတယ်။ ဖတ်ဖူးပြီးတဲ့လူတွေလည်း ထပ်ဖတ်လို့ရပါတယ်။ မဖတ်ရသေးတဲ့လူတွေအတွက်တော့ သဘောကျမယ်လို့ မျှော်လင့်ရင်းနဲ့ပါ။ အောက်မှာ ခံစားနိုင်ကြပါပြီ။

သင်ပုန်းကြီးဖတ်စာ ကာတွန်းများ
အင်တာနက်စာမျက်နှာတစ်ခုကနေ ကူးထားတာအတော်ကြာပါပြီ။ ကွန်ပျူတာထဲမှာပြန့်ကြည့်တိုင်း သဘောကျမိ၊ ပြုံးမိ၊ ကြည်နူးမိတာမို့ တင်ပေးလိုက်တာပါ။ ကာတွန်းဒီရေရဲ့ ဒဂုံသင်ပုန်းကြီးဖတ်စာကာတွန်းတွေ ဖြစ်ပါတယ်။ အမောအပန်းပြေ ရယ်မောပျော်ရွှင် နိုင်ကြပါစေဗျာ။

ပူးပေါင်းဆောင်ရွှက်မှု၏ အကျိုးတရားများဖြင်ပါတယ်...
ကိုဝါသနာပါတာနဲ ကိုယ်ကိုင်ပေါက်မှာဘဲ............ဟွန်း...
english cartoon များ ဖတ်ပြီးပြုံးလိုက် ကြပါအုန်း............
ကမ္ဘာမြေကြီးရဲ့ဆွဲအားနဲ့ ကိုလက်စထရော
သဘောကျမိတဲ့ ကာတွန်းလေးတစ်ကွက်ပါ။ ဒီနေ့ခေတ်မှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေက အတော်လေးကို အလေးထားလာကြတာ တွေ့ရပါတယ်။ အလေးမထားလို့လည်း မရတော့ပါဘူး။ လူတွေ ကြောက်တယ်ဆိုတဲ့ နြူကလီးယားဆိုတာက ဘာမှမဖြစ်ပါဘူး။ ရောဂါအမျိုးမျိုးက လူတွေကို အနီးကပ် ဒုက္ခပေးနေဆဲ ဖြစ်ပါတယ်။ ကင်ဆာတွေ၊ ခုခံအားကျဆင်းမှုရောဂါတွေ၊ ကူးစက်ရောဂါတွေ စသည်ဖြင့် နာမည်အမျိုးမျိုးနဲ့ ရောဂါတွေရဲ့ ရန်ကို ကျွန်တော်တို့ လူသားတွေ နည်းလမ်းပေါင်းစုံနဲ့ ရှောင်ရှား နေကြရပါတယ်။ နေ့စဉ်လုပ်ငန်းခွင်နဲ့ အလုပ်ရှုပ်နေကြတဲ့အတွက် ကိုယ်လက်လှုပ်ရှားဆိုတာကလည်း အသိသာ ရှိတာကိုး။ ဘယ်ကလာပြီး အချိန်ပေးနိုင်ပါ့မလဲ။ အိပ်ယာပေါ်မှာ ဗုံးဗုံးမလဲမချင်းတော့ ၀မ်းတစ်ထွာအတွက် လုပ်ကိုင်နေကြရဦးမှာပါပဲ။
ရောဂါတွေထဲမှ ဒီနေ့မှာ ပေါ်ပြူလာဖြစ်နေတဲ့ ရောဂါက အ၀လွန်ရောဂါဖြစ်ပါတယ်။ အစားအသောက်က မဆင်ခြင်နိုင်၊ ကိုယ်လက်လှုပ်ရှားကနည်း ဆိုတော့ အနောက်နိုင်ငံတွေအတွက် အ၀လွန်ရောဂါဟာ တကယ့်ကို ပြဿနာကြီးတစ်ရပ် ဖြစ်နေပါပြီ။
အောက်က ကာတွန်းလေးထဲမှာလည်း ကိုလက်စထရော တွေများနေလို့ စိတ်ပျက်နေတဲ့ လူတစ်ယောက် အကြောင်းကို ကာတွန်းရေးဆွဲသူက ဘယ်လိုများ စိတ်ကူးပြီး သရုပ်ဖော်ထားသလဲဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါလို့....

အထင်နှင့်အမြင်
အထင်နှင့်အမြင်သည် ထပ်တူကျလေ့မရှိသော အကြောင်းအရာကဏ္ဍများဖြစ်ပါသည်။ ရာခိုင်နှုန်းအများစုအားဖြင့် အထင်နှင့်အမြင်သည် လုံးဝနီးပါးကို လွဲချော်လေ့ရှိပါသည်။ ထို့ကြောင့် အတွေ့အကြုံ ရှိသူ လူကြီးသူမများက မကြာခဏ ဆုံးမလေ့ရှိပါသည်။ အထင်ကို တစ်ခါတည်းနှင့် မဆုံးဖြတ်ရန် ဖြစ်ပါသည်။ ထိုအထင်ကို ဆန်းစစ်ရပါဦးမည်။ ထိုအခါတွင် အမြင်ဆိုသည့်အတိုင်းလည်း လုံးဝယုံကြည်လိုက်ရမည်ဟု ကံသေကံမ မပြောနိုင်သေးပါ။ မျက်မြင်ကိုယ်တွေ့ကြုံရသည်များဖြစ်ကြသော်လည်း လုံးဝယုံကြည်စရာ မရှိသော အကြောင်းအရာများ ဤကမ္ဘာလောကကြီးတွင် အများကြီးရှိနေပါသေးသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှ လူများကိုပင် ဂရုစိုက်လေ့လာကြည့်လျှင် အင်မတန် စိတ်ဝင်စားဖွယ်ကောင်းသော အချက်များကို တွေ့လာပါလိမ့်မည်။ လူရှေ့သူရှေ့တွင် အင်မတန် ယဉ်ကျေးသော၊ ပျူငှာသော၊ ဖော်ရွေသော လူကြီးလူကောင်းများကို ကျွန်တော်တို့ မကြာခဏ တွေ့ဆုံရလေ့ရှိပါသည်။ ထိုအခါ ကျွန်တော်တို့မှာ သူ့အပေါ် လေးစားအားကျ၍မဆုံး၊ ခင်မင်၍မဆုံး၊ အတုယူ၍မဆုံးဖြစ်တတ်ကြပါသည်။ သို့သော် တကယ့်လက်တွေ့တွင်မူ တစ်ခါတစ်ရံ ထိုလူများသည် အိမ်တွင် အင်မတန်ဆိုးသွမ်းသောလူများ ဖြစ်နေတတ်ကြပါသေးသည်။ အိမ်သူအိမ်သားများ အပေါ် နိုင်လိုမင်းထက်ပြုတတ်သော၊ စိတ်မရှည်သော၊ မည်သည့်အခါတွင်မှ မျက်နှာသာမပေးသော လူများ ဖြစ်နေတတ်ကြပါသည်။
တစ်ခါတစ်ရံတွင်မူ လူပုံကိုကြည့်ရတာနှင့် ဒေါင့်မကျိုးဘူးဟု မိမိတို့ထင်မြင်သည့်လူများက အင်မတန် စိတ်ထား သိမ်မွေ့တတ်တာ၊ ယဉ်ကျေးပျူငှာတာမျိုး၊ ကူညီတတ်တာမျိုးလည်း တွေ့ရတတ်ပါသည်။ ထို့ကြောင့် အထင်သည် အထင်သာဖြစ်၍ အမှန်မဟုတ်ပေ။ ထို့အတူ အမြင်သည်လည်း အမြင်သာဖြစ်၍ ထိုအရာကို အမှန်ဟု တစ်ထစ်ချ ထင်မြင်ယူဆရန် မဖြစ်နိုင်ပေ။ မည်သည့်အရာကိုမဆို ဝေဖန်ပိုင်းခြားပြီးမှသာ သင့်၏ မသင့်၏၊ မှန်၏မမှန်၏ကို ဆုံးဖြတ်ကြရန်ဖြစ်ပါသည်။ သို့မှသာလည်း................
အောက်တွင် ဖော်ပြထားသော ကာတွန်းလေးကို ကျွန်တော်ဖတ်မိကတည်းက ပြုံးမိပါသည်။ ထို့အတူ အတွေးတွေလည်း ဆင့်ပွားတွေးမိပါသည်။ တွေး၍မဆုံး သဘောကျ၍မဆုံး ဖြစ်ရပါသည်။ ပတ်ဝန်းကျင်ရှိ လူများနှင့် ထိတွေ့ဆက်ဆံရလေ၊ ကာတွန်းထဲက လူကဲ့သို့သောသူများနှင့် အပြင်တွင် ထိတွေ့လာရလေ ထိုကာတွန်းလေးကို ပို၍ သဘောကျလာရလေ ဖြစ်ပါသည်။ တွေးလျှင် တွေးသလို အတွေးရစေသော ထိုကာတွန်းလေးကို ပြန်လည်တင်ပြလိုက်ရပါသည်....
(မည်သည့် စာမျက်နှာက ကူးယူထားမိသည်ကို မှတ်မထားမိသည့်အတွက် ကိုးကားအညွှန်း မဖော်ပြနိုင်သည်ကို တောင်းပန်အပ်ပါသည်)

ဆန်းသစ်မူရဲ့  ဖြစ်တွေပါ သူငယ်ချင်းများကို ပျော်၇ွှင်စေလိုသော ကြောင့် ဒါလေးတွေ စုစည်တည့်ဆောင်ထားတာပါ ကျော်ကြားလိုသောစိတ် အထင်ကြီခံချင်လို
ပိုက်ဆံ အကုန်ခံကျခံနိုင်လို မဟုက်ပါဘူး သူငယ်ချင်းများကို ပျော်စေသောအချက်လေးကြောင့် ဘယ်နေရာရောက်ေ၇ာက် ဘယ်အချိန်ဖြစ်ဖြစ် ရောက်တဲ့နေတိုင်း အချိန်တိုင်းမှာ
ရ၇ှိမူလေးတွေကို မှတ်ယူစုစည်းပေးထားခြင်းဖြစ်ပါတယ်.....

ဘုရာသခင်ရဲ့ ဖန့်တီးမှုများ..
ဒီအပတ်မှာတော့ ဘုရာ၇ှင်ရဲ့  အကြိုးကြောင့် နောက်ဆက်တွဲ အဖြစ်လေးတွေကို သဘောကျမိလို တင်ပြလိုက်တယ်နော်...
သူငယ်ချင်းများ ပြုံးပျော်နိုင်ပါစေလိုဆုတောင်းပေးလိုက်တယ်နော်........ချစ်သူအိမ်ကလေးက နွေးထွေစွာကြိုဆိုပါတယ်
connection မကောင်းသောကြောင့် block ရေးသားခြင် အပုံများတင်ခြင်းတွေ နှောက်နှေးနေရခြင်းဖြင်ပါတယ်
အဲဒီအတွက် စိတ်သွားတိုင်ကိုယ်မသလိုဖြစ်နေလို ၀မ်းနည်းမိပါတယ်....

အယူလွဲသောသူတွေရဲ့  အပြစ် .........
ဒီအပတ်တော့ ချစ်သူအိမ်ကလေးက ဘာသာရေးအတွက် အထောင်အကူပေးနိုင်သောကြောင့် ဒါလေး ကိုသူငယ်ချင်းများ မျှဝေပေးလိုက်တယ်နော်
ဘာဖြင်လို အယူတွေလွဲနေရလဲ ကျွန်တော် ဒါလေး ကြည့်ပြီးတွေးမိပါတယ် အသိညဏ်နဲ အသိတရားတွေ လွတ်နေကြောင့်လိုထင်မိတယ်
ကျွန်တော်အသက်က မပြောပါးလောက်ဒါကြောင့် လောကကြီးအကြောင်း မသိပါဘူး ဝေဖန်မှုတွေလဲ မလုပ်ချင်ဘူး ..
ပျော်ဖိုအချိန်တွေမှာ ပျော်ပြီး သူငယ်ချင်းများလဲ လန်နေနိုင်ပါစေ...........