ပျော်ရွှင်ရီမောနိုင်ကြပါစေ...ကျွန်တော်ဆုတောင်းပေးပါတယ်........
သူငယ်ချင်းများ ကို အရင်ဦးဆုံး မင်္ဂလာပါ လို နုတ်ခွန်ဆက်သပါတယ်ခင်ဗျာ..
ဒီချစ်သူအိမ်ကလေး ဆိုဒ်လေးရဲ့  ဟသ နေရာမှ ကြိုဆိုပါတယ်ခင်ဗျာ....
သူငယ်ချင်းတိုအနေနဲ ပျော်ရွှင်စေလိုသောဆန္ဒ နဲ ဒီ ဟာလေးကိုလုပ်လိုက်ရခြင်းဖြင်ပါတယ်...
သူငယ်ချင်းတိုအတွက် တစ်နေရာရာမှာ အသုံးသင်လိမ်မယ်ထင်ပါတယ်...
ဆိုဒ်သေးလေးမို့ ဘာမှမ၇ှိတာ ရှက်မိပါတယ်....
သူငယ်ချင်းများ ဟသများကို ဖတ်ပြီး ရယ်မောနိုင်ပါစေလို နေမင်းသူ ဆုတောင်းပေးလိုက်ပါတယ်...

ဟိုး....ရှေ့ရှေ့တုန်းကပေါ့ တောင်ပေါ်ရွာလေးက
ကရင်တစ်ရောက်ဟာ......မြို့ပေါ်က ဘုရားပွဲကို သွားလည်တာပေါ့.....
သူစိတ်ထဲမှာတွေထားတာက သူ့ကိုတောသားလို့ မထင်ခံရအောင် နေမယ်ပေါ့.....
ဘာဖြစ်လို့လဲဆိုတော့ တောင်ပေါ်က သူ့ရွာလေးမှာက သူကလူတွင်ကျယ်ကို
တစ်မျိုးပြောရရင် လူလည်ကြီးပေါ့ဗျာ........ တောင်ပေါ်နဲ့ မြို့နဲ့ကသွားရေး
လာရေးက ခြေလျှင် လျှောက်ရတာပေါ့...... မိုးကလည်း ချုပ်နေတာဆိုတော့
သဲသဲကွဲကွဲ မမြင်ရဘူးလေ.... အဲဒါနဲ့ မြို့ထဲက ပွဲခင်းနားရောက်ခါနီးမှာ
ရွှံ့လိုလို ဘာလိုလို ဟာလေတစ်ခု သူနင်းမိ မလိုဖြစ်သွားတယ်. ဒါနဲ့သူက “
အမလေး....လေး... တော်သေးလို့ နင်းမိတော့မလို့” ဆိုပြီး လက်နဲ့တို့ပြီး
နမ်းကြည့် လိုက်တော့ ရွှံ့လိုလို၊ ချီးလိုလို ဖြစ်နေတာနဲ့
လျှာနဲ့တို့ကြည့်လိုက်တယ်..... ဘာလဲဆိုတာသူသိသွားတယ်....“ဟ...
ချီးတွေဟ....ကံကောင်းလို့ နင်းမိတော့မလို့....နို့မဟုတ်
ရင်
မလွယ်ဘူး...တော်သေးတယ်..ငါလူလည်
မို့”တဲ့.....
အရှက်ကြီးတတ်ပုံက
ဝင်ဒီက ပျော်ပွဲစားထွက်ခဲ့သည့်အကြောင်း ယောက်ျားကို ပြောပြသည်။
"ပင်လယ်ကမ်းခြေကို ခရီးထွက်ရတာ တော်တော်ပျော်စရာကောင်းတာပဲ။ ဒါပေမယ့် ဒီပျော်ရွှင်မှုတွေ တာရှည်မခံလိုက်ဘူး"
ယောက်ျားလုပ်သူက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး "ဘာတွေဖြစ်သေးလို့လဲ"
ဝင်ဒီက "ကျွန်မ ရေဆင်းကူးတာ ရေကူးရင်း အောက်ပိုင်းအ၀တ် ကျွတ်သွားတယ်"
ယောက်ျားလုပ်သူက "ဘုရားရေ… ဒါဖြင့် မင်းဘယ်လို ဖြေရှင်းလိုက်လဲ"
ဝင်ဒီက "ကျွန်မလို အရှက်ကြီးတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘာလုပ်မယ်လို့ ရှင်ထင်လဲ။ ရှက်လွန်းလို့ မျက်နှာကို လက်ဝါးနဲ့အုပ်ပြီး ဘန်ဂလိုအထိ တစ်ချိုးတည်း ပြန်ပြေးလာခဲ့ရတာပေါ့။"
သိပြီးသား
အမျိုးသမီးတစ်ယောက် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်စဉ် ဆိုင်ရှေ့ရှိ ကြက်တူရွေးတစ်ကောင်က
"ဟ… တော်တော်ရုပ်ဆိုးတဲ့ မိန်းမပါလား" ဟု လှမ်းအော်သည်။
အမျိုးသမီးက စိတ်တိုသွားပြီး ဆိုင်ရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်။ အိမ်အပြန်တွင် ထိုဆိုင်ရှေ့မှ ဖြတ်လျှောက်ရပြန်ရာ ကြက်တူရွေးက ထပ်မံ၍
"အလိုဗျာ… တော်တော်အရုပ်ဆိုးတဲ့ မိန်းမပဲ" ဟု အော်ပြန်သည်။
နောက်တစ်နေ့တွင်လည်း ဆိုင်ရှေ့မှအဖြတ် ကြက်တူရွေးက ထပ်အော်ရာ အမျိုးသမီးက စတိုးဆိုင်ပိုင်ရှင်အား ၎င်း၏ကြက်တူရွေး ရိုင်းစိုင်းပုံကို ပြောပြ၍ နောင်တစ်ကြိမ် ထပ်မံပြောဆိုပါက ဆိုင်ရှင်ကို တရားစွဲ၍ ကြက်တူရွေးကိုလည်း သတ်ပစ်မည်ဟုပြောရာ ဆိုင်ရှင်က နောက်မဖြစ်စေရပါဟု တောင်းပန်သည်။
နောက်တစ်နေ့ နံနက်တွင် ထိုဆိုင်ရှေ့မှ ဖြတ်သောအခါ -
ကြက်တူရွေး - ဟေး…. ဟိုအစ်မကြီး။
အမျိုးသမီး - ဘာလဲ။
ကြက်တူရွေး - ဟဲ… ဟဲ… ကျုပ် ဘာပြောမယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။
ဉာဏ်ကြီးရှင်
လယ်သမားကြီး ဘော့ပ်က မြို့တက်ရင်း ၂၄ ခုပါတဲ့ ဂျစ်စောဘူး ၀ယ်လာပါတယ်။ ညတိုင်းနီးပါး ဂျစ်စောလေးကို ဆက်လိုက်တာ နှစ်ပတ်အကြာမှာတော့ လုံးဝအပြီးသတ် ဆက်လိုက်နိုင်ပါတယ်။
ဒါနဲ့ သူ့ရဲ့ အိမ်နီးချင်း ဂျော့ကို ကြွားတော့တာပါပဲ။
"ဟုတ်ပါ့ဗျာ။ ခင်ဗျား ဆက်နိုင်တာပဲ။ ဒါနဲ့ ဒါကို ဆက်ဖို့ အချိန်ဘယ်လောက် ယူလိုက်ရသလဲ" လို့ ဂျော့ကမေးတော့
"နှစ်ပတ်ပဲ ကြာတယ်ဗျ" လို့ ဘော့ပ်က ပြောပါတယ်။
"အေးဗျာ ကျုပ်ကတော့ ဒါမျိုးဆက်တာ တစ်ခါမှ မလုပ်ဖူးဘူး။ ဒါနဲ့ နှစ်ပတ်ဆိုတာ တော်တော်မြန်လို့လား" လို့ ဂျော့က ထပ်မေးတော့ ဘော့ပ်က ဂုဏ်ယူစွာနဲ့ ပြန်ဖြေတာက
"ဟ… ဒါ တော်တော်မြန်တာပေါ့ဗျ။ ဘူးခွံမှာ ရေးထားတာကြည့်ပါလား။ ၂ နှစ်ကနေ ၄ နှစ်အထိ တဲ့။"
အမြန်ဆုံးပဲ
ကျောင်းသားသုံးယောက် မုန့်စားလွှတ်ချိန်တွင် ကိုယ့်အဖေအကြောင်း အပြိုင်အဆိုင် ကြွားလုံးထုတ်နေကြသည်။
ပထမကျောင်းသား - ငါ့အဖေက သိပ်အပြေးသန်တာ။ မြားတစ်စင်းပစ်လိုက်တာနဲ့ စပြေးတာ၊ မြားထက်အရင် ပန်းဝင်တယ်။
ဒုတိယကျောင်းသား - ဒါများကွာ၊ ငါ့အဖေဆို ကျည်ဆန်ထက်တောင် မြန်အောင် ပြေးနိုင်သေးတယ်။
တတိယကျောင်းသား - ဒါဆိုရင် ငါ့အဖေကိုတော့ ဘယ်သူမှ မီမှာမဟုတ်ဘူး။ သူ့ရုံးက ၄ နာရီ ဆင်းတယ်။ သူက အိမ်ကို ၃ နာရီ ၄၅ ဆို ပြန်ရောက်ပြီ။
ဒီတစ်ခါတော့ ဘယ်ရမလဲ
ဝက်မွေးသော လယ်သမားတစ်ယောက်ထံ လူတစ်ယောက် ရောက်လာပြီး
"ခင်ဗျားဝက်တွေကို ဘာတွေကျွေးလဲ" ဟု စစ်မေးသည်။
"ပဲဖတ်တို့၊ ပြောင်းဖူးတို့ ကျွေးပါတယ်၊ ဘာဖြစ်လို့လဲ"
"ကျုပ်က တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးအဖွဲ့ကပဲ။ တိရစ္ဆာန်တွေကို ကောင်းကောင်းကျွေးပါ" ဟု ပြောပြီး ၀က်များကို အစာကောင်းမွန်စွာ မကျွေးမှုဖြင့် လယ်သမား ဒဏ်ရိုက်ခံရသည်။
နောက်လေးငါးရက်ကြာပြီးနောက် လူတစ်ယောက် ထပ်ရောက်လာပြီး လယ်သမားအား "ခင်ဗျား ၀က်တွေကို ဘာတွေကျွေးလဲ" ဟု မေးပြန်သည်။
ထိုအခါ လယ်သမားက "ကျွန်တော် သူတို့ကို ကောင်းကောင်းမွန်မွန် ကျွေးပါတယ်။ ပင်လယ်ငါးတွေ၊ ငါးဥတွေနဲ့ ပုစွန်တွေ ကျွေးပါတယ်"
လာရောက်စစ်ဆေးသူက "ကျုပ်က ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကပဲ။ တချို့လူတွေ စားစရာမရှိလို့ ငတ်ပြတ်နေချိန်မှာ ခင်ဗျားက ၀က်တွေကို ဒီလိုကျွေးနေတဲ့အတွက် ဒဏ်ကြေးဆောင်ရမယ်" ဟုဆိုကာ ဒဏ်ဆောင်လိုက်ရပြန်သည်။
ရက်အနည်းငယ်အကြာတွင် စစ်ဆေးရေးအရာရှိတစ်ယောက် ထပ်ရောက်လာပြန်ရာ "၀က်တွေကို ဘာတွေကျွေးလဲ" ဟု မေးပြန်သည်။
ထိုအခါ လယ်သမားက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ "ကျွန်တော် ၀က်တွေကို ငါးဒေါ်လာစီပေးပြီး သူတို့ကြိုက်တာ ၀ယ်စားခိုင်းပါတယ်" ဟု ပြောလိုက်လေသည်။
ဉာဏ်ပြေးတဲ့ ကျောင်းသား
ဖိုင်နယ်ကျောင်းသား ၀ီလျံတစ်ယောက် စာမေးပွဲမှာ "မှား" "မှန်" မေးခွန်းဖြေဖို့ အကျပ်ရိုက်နေရှာတယ်။ ငါးမိနစ်လောက် ခက်ခက်ခဲခဲ စဉ်းစားပြီးတဲ့နောက် သူ့ရဲ့ ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်တယ်။ အဲဒီနောက် အကြွေစေ့တစ်စေ့ကို ယူလိုက်ပြီး စဖြေပါလေရော။ ခေါင်းဆိုရင် "မှန်"၊ ပန်းဆိုရင် "မှား" လို့ အဖြေစာရွက်ပေါ်မှာ သူက အရင်မှတ်လိုက်သေးတယ်။
တစ်ခန်းလုံး ချွေးပြန်နေတဲ့အချိန်မှာ သူကတော့ နာရီဝက်အတွင်း အားလုံး ဖြေပြီးသွားပါလေရော။ ဖြေဆိုချိန်ကုန်ခါနီးမှာ ချွေးတရွှဲရွှဲနဲ့ ဆုတောင်းလိုက်၊ အကြွေစေ့ လှည့်လိုက်လုပ်နေတဲ့ သူ့ကို အခန်းစောင့်ဆရာမက "ဟဲ့… ဘာတွေ လုပ်နေတာလဲ" လို့ တအံ့တသြနဲ့ မေးလိုက်တယ်။ အလုပ်ရှုပ်နေတဲ့ကြားက ၀ီလျံ ပြန်ဖြေလိုက်တာကတော့ "ကျွန်တော်က နာရီဝက်အတွင်း အကုန်ဖြေပြီးသားပါ ဆရာမရဲ့။ အခု အဖြေပြန်တိုက်နေတာပါ"
ဟို့ရှေ့ရှေ့တုန်းကပေါ့ ၊ ထိန်တောရွာက ရွာသူကြီး ဦးတာတီးရဲ့သမီး မေဥသြဆိုသူဟာ အင်မတန်ရုပ်ချောတယ်ဆိုပဲဗျ၊ ဒါပေမယ့် ရွာကလူပျိုလေးတွေက သူ့ကိုတိတ်တခိုးသာချစ်နေကြရတယ် သူကြီးသမီးဆိုတော့ ဘယ်သူမှမပြောရဲကြဘူးလေ၊ မေဥသြကပဲဖြစ်ဖြစ် သကြီးကပဲဖြစ်ဖြစ် မကျေနပ်ခဲ့ရင် ပြောမိတဲ့အကောင်ကတော့ ထိပ်တုံးပဲမဟုတ်လား၊ အင်း.... မေဥသြကို ခိုးပြီးချစ်နေသူတွေအထဲမှာက တစ်ရွာတည်းသား သံချောင်းဆိုသူလည်းပါတယ်လေ၊ သံချောင်းက အလုပ်အကိုင်သာမရှိတာ ဥာဏ်လီဥာဏ်နက်ကတော်တော်များသတဲ့၊
သံချောင်းရဲ့ကြိုးစားပုံလေးက ဒီလိုပါဗျ.... သူကရွာသူကြီးရဲ့အိမ်နောက်ဖက် ခြုံထဲကနေပြီး မေဥသြကို နေ့စဉ်ချောင်းကြည့်တယ် ဒီလိုနဲ့တစ်နေ့မှာတော့ မေဥသြဟာ အိမ်နောက်ဖေးပေါက်ကနေ အိမ်အောက်ကိုဆင်းပြီး တောသူတွေရဲ့ဓလေ့အတိုင်း မြေပြင်မှာ အပေါ့သွားပါလေရော၊ ဒါကိုလည်းသံချောင်းက ချောင်းကြည့်နေသေးတယ်၊ မေဥသြကအပေါ့သွားပြီး အိမ်ပေါ်ပြန်တက်မယ်အလုပ်မှာ သံချောင်းက ခြုံထဲကပြေးထွက်လာပြီး မေဥသြ အပေါ့သွားခဲ့တဲ့မြေပြင်ပေါ်က ချိုင့်ခွက်လေးကို လက်ညိုးနဲ့ အကြိမ်ကြိမ်ထိုးနေလေတော့ မေဥသြကရှက်ပြီး အိမ်နောက်ဖေးပေါက်ကနေ အိမ်ပေါ်ကိုပြေးတက်တာပေါ့၊ စိတ်ထဲမှာလည်းကြိတ်ပြီးတော့ဆဲတယ် မသာသံချောင်း တော်တော်မိုက်ရိုင်းတယ်ပေါ့၊ နောက်ပြီးတော့အိမ်နောက်ဖေးတံခါးကို ပိတ်လိုက်တော့မှ သံချောင်းပြန်သွားတယ်၊ မေဥသြဟာသံချောင်းကို မကျေနပ်ပေမယ့် ရှက်လွန်းတော့ ဘယ်သူ့ကိုမှမပြောရဲခဲ့ဘူးလေ၊
သံချောင်းကလည်း သူ့အိမ်ကိုပြန်ရောက်တာနဲ့ သူ့မိဘတွေကိုပြောတယ် ကျနော်တော့ သူကြီးသမီးနဲ့ လွန်လွန်ကျူးကျူးတွေ ဖြစ်ကုန်ပြီ မြန်မြန်သာတောင်းပေးပါတဲ့လေ၊ မိဘတွေက ဘယ်ယုံပါ့မလဲ မေဥသြက သူတို့သားသံချောင်းလိုကောင်နဲ့ ဒီလိုဖြစ်တယ်ဆိုတာ ဒါနဲ့အပြန်ပြန်အလှန်လှန်မေးတယ်လေ သံချောင်းကတော့ ဒီအတိုင်းပဲပြောတယ် မပြောင်းလဲဘူး ဒါနဲ့မိဘတွေကပြောတာပေါ့ ကဲငါ့သား မင်းတကယ်ဟုတ်ရင်တော့ ဒို့လူကြီးတွေခေါ်ပြီးလိုက်တောင်းပေးမယ် မဟုတ်ခဲ့ရင်တော့ အားလုံးဟာ ရွာသူကြီးရဲ့ထိပ်တုံးစာမိမယ်ပေါ့ ဒါလည်းသံချောင်းကမပြောင်းလဲဘူးဆိုတော့ မိဘတွေကဟုတ်ပြီပေါ့ နောက်နေ့ကျတော့ထုံးစံအတိုင်း ရွာသူကြီးရဲ့သမီး မေဥသြကို တောင်းဖို့သွားကြတယ်လေ ကန်တော့ပွဲတို့၊ လက္ဖက်အစ်တို့အစုံပေါ့၊ ရွာမိရွာဖတွေကလည်း(၁၀)ယောက်လောက်ပါတယ်တဲ့လေ၊
သံချောင်းတို့လူစုတွေ ရွာသူကြီးအိမ်ရှေ့ကို မ၀ံ့မရဲနဲ့ရောက်လည်းသွားရော သူကြီးကမေးပြီလေ ဟေ့ဘာလာလုပ်တာလဲ ဆိုတော့ ဖြေတာပေါ၊့ သူကြီးသမီးကိုလာတောင်းတာပါ သံချောင်းနဲ့သူကြီးရဲ့သမီး မေဥသြတို့က လူငယ်တွေသဘာဝ လွန်လွန်ကျူးကျူးတွေဖြစ်နေပြီ ဆိုတော့ သူကြီးကဒေါသပေါက်ကွဲပြီး မင်းတို့တွေက ငါ့သမီးကိုတောင်ဒီလိုပြောဝံ့တယ် ဟုတ်ရင်တော့ဟုတ်ပေါ့ကွာ မဟုတ်လို့ကတော့ မင်းတို့အားလုံးထိပ်တုံးပဲပေါ့၊ ရွာမိရွာဖတွေကလည်း သူကြီးကိုကြောက်နေတယ်၊ သူကြီးကလည်း ရွာမိရွာဖတွေကိုအားနာမှုနဲ့ စိတ်လျှော့ထားတယ်လေ ဒါနဲ့လက္ခံစကားပြောကြလေရော သူကြီးကလည်း ရွာလူကြီးတွေကိုယ်တိုင်းပါလာတယ်ဆိုတော့ စဉ်းစားတာပေါ့ ဟုတ်လိမ့်နိုးနိုးနဲ့လေ၊ စကားပြောကြတာက သူကြီး၊ သူကြီးကတော် နဲ့ မေဥသြတို့ကတစ်ဖက် ၊ ရွာမိရွာဖတွေနဲ့သံချောင်းတို့ကတစ်ဖက်ပေါ့
သူကြီး။ ကဲပြောကြစမ်း ဘာတွေလွန်လွန်ကျူးကျူးဖြစ်တာလဲ၊
သံချောင်း။ မေဥသြကိုသာမေးကြည့်ပါခင်ဗျာ၊
သူကြီး။ ပြောစမ်း အမိုက်မ ဟုတ်လား၊
မေဥသြ။ သံချောင်းက သေးပေါက်တဲ့နေရာကိုလုပ်တာပါ အဖေရဲ့၊
သူကြီး။ သြော်... နင်ကသေးပေါက်တဲ့နေရာမဟုတ်ပဲ နင့်ပါးစပ်ကိုလုပ်**** ဟာ...နင်တော်တော်မိုက်နော်၊
မေဥသြ။ မဟုတ်ဖူးအဖေ အိမ်နောက်ဖက်က......
သူကြီး။ သြော်... နင်နော် အိမ်နောက်ဖက်မဟုတ်ပဲ ဧည့်ခန်းမှာလုပ်ရမလားဟဲ့၊
(သူကြီးကစိတ်တိုတယ်မေဥသြစကားကိုဆုံးအောင်မစောင့်တော့ဘူး)
မေဥသြ။ မြေကြီးပေါ်မှာလုပ်တာ (သူကလည်းရှင်းအောင်မပြော၊ရှက်တာလည်းပါတယ်)
သူကြီး။ ဟင်... ဒီကိစ္စကို မြေကြီးပေါ်မှာမလုပ်ပဲ ဘုရားစင်မှာလုပ်ချင်တာလားနင်က၊ ကဲတော်ပြီကွာတော်ပြီ
ရှေ့ဆက်ပြောနေရင် အရှက်တွေကွဲပြီးရစရာတောင် ရှိတော့မှာမဟုတ်ဖူး ကဲ...ရှင်မရေ နင့်သမီးကို
သံချောင်းနဲ့သာ ပေးစားလိုက်တော့ဟာ၊
ဘယ်လိုပဲဖြစ်ဖြစ် သံချောင်းကတော့ ရွာသူကြီးရဲ့သမီး မေဥသြကို လက်ထပ်ခွင့်ရသွားပါသတဲ့ဗျာ၊ သူငယ်ချင်းတို့ရေ... ပုံပြင်ပါနော် တကယ်လုပ်မိကြရင်တော့ ကျနော်လည်းမတတ်နိုင်ဘူးနော် ကိုယ့်ပြသနာကို ကိုယ်သာရှင်းကြပါနော် ကျနော့ကိုတော့ ဆွဲမထည့်ကြဘို့တောင်းပန်ပါတယ်ဗျာ
တစ်ခါတုန်းကလှတောသားတစ်ယောက်ကတအားဆိုးလို့ဆိုပြီဘုန်
းကြီးကျောင်းကိုပို့လိုက်တယ်တဲ့ဗျဘုန်းကြီးကျောင်းမှာကကြောင်တွေပေါတယ်
ဆိုတော့လှတောသာကမနက်တိုင်းကြောင်ချီးကြုံးရတယ်လေဒါကိုလှတောသားကမလုပ်ချင်ဘူးဆိုပြီး
ကြောင်ချီးပါတဲ့နေရာမှာထက်ညက်နဲ့မက်ကျီးယိုကိုအနျှစ်လုပ်ပြီးဘုန်းကြီးလာတဲ့အချိန်မှာစားပြတာပေါ့ဒါကိုဘုန်းကြီးကပြောတယ်
လှတောသားဘာလို့ကြောင်ချီးတွေစားနေတာလဲတဲ့လှတောသားကဖြေတယ်လေခိုလို့ပါဘုရားဆိုတော့ဘုန်းကြီးလဲစားတာပေါ့အင်ခိုတယ်နော်တဲ့ဘုန်းကြီး
ကနောက်နေ့တော့ကြောင်ချီးပါတဲ့နေရာသွားပြီးကြောင်ချီးတွေစားတယ်လေဒီတော့ကြောင်ချီးတွေကနံတာပေါ့ဟလဘုန်းကြီးလဲ
လှတောသားကိုမောင်းချတော့တာဘဲလေ]
နေကောင်းကျပါတယ်နော်သူငယ်ချင်းတို့.......သိတာလေးတွေ၇ှီလို သူငယ်ချင်းတိုကို အသက်ရည်အောင် ဟသအားဆေးတိုင်ကျွေးချင်လို.......သာကီးလိုခေါ်သော ကောင်လေးတစ်ယောက် မြန်မာနိုင်ငံအထက်ပိုင် မုံရွှာအနားရှီ ဖိုးဝိုင်းစု လိုခေါ်သောက၇ွှာတစ်၇ွှာမှ ကြီးပြင်းခဲ့သည် ...ဖိုးဝိုင်းစု၇ွှာ ဟုဘာကြောင့်ခေါ်လဲဆိုတော့ သူကြီး အမည် ဖိုးဝိုင်ကိုအစွဲပြူပြီး ခေါ်ဆိုချင်ဖြင်တယ်..တောသားပီပီ စကားပြောဆိုမှုကအစ ၇ိုက်ကြသည် သာကီးဆိုသောကောင်လေး မှာ ၇ွှာထဲ အမမြဲလိုလို ဆဲလေ့၇ှီလေး၏သူငယ်ချင်း နဲတွေလိုစကားပြောလဲ အဆဲမပါစကားပြောမ၀င်ပေ..သာကီးက "ဟိတ်ကောင် ငစော မင်းကလဲကွာလီ မနေက မင်းလီကြက် ကွာ လီလိုခွတ် လိုက်တာ ငါနွားတစ်စင်လို ချင်လိုစုထားတဲပိုင်ဆံ ကုန်ပြီး လီ" အဲလိုဆဲဆိုပြောနေတဲသူကို သူကြီးက ဆုံးမှဖိုခေါ်လေ၏...သူကြီးအိမ်ရောက်တော့ သူကြီးက "ဟိတ်ကောင် သာကီး လာလေးကွာ ဒီမှာထိုင် ..မင်း၇ွှာထဲမှဖြင်တာတွေငါအကုန်ကြားပြီးပြီးစ မင်း မဆဲ ဘဲ (၇)ရက် နေနိုင်ရင် မင်းကို မင်းလိုချင်တဲ့ နွားတစ်စင်ပေးမယ် " "တစ်ကယ်နော်သူကြီး" "အေးပါ" ဒါနဲ သာကီးတစ်ယောက်ဘယ်မှမသွားဘဲနေလေ ၏ ဘယ်သူနဲမှစကားမပြောဘဲနေလေ၏ (ရ)ရက်နေလည်ရောက်ရော သူကြီးအိမ်ပြေးလေ၏ သူကြီးကမင်း မဆဲဘဲနေတယ်နော်......နေပါတယ်သူကြီး အေ..ဟုက်ပြီး ဟိုမှာ မင်းအတွက်နွားတစ်စင် သွားယူ... ....သာကီးက..ဟာငါလိုချင်တဲ့ နွားတစ်စင် အခုမှ၇တော့တယ် လီး..........(၇)ရက်မကျော်သေးတဲ့အတွက် သာကီးတစ်ယောက် မနွားတစ်စင်မရတော့ချေ.................................ဟားးးးးးးးးးးးးးးးး.
သာကီးတစ်ယောက် ရွာမှာနေလိုမရတော့ မြိုတတ်လေ၏ လှေဆိမ်တွင်လှေဆီရ်ျ မြိုတတ်လေ၏ လှေပေါတွင်ဘုန်းကြီးတစ်ပါး အနာမှထိုင်လေ၏ ဘုန်ကြီး ကေ၇လှိုင် တွေ ကျောက်ဆောင်ကိုတိုက်ခတ်တာကျောက်ဆောင်တွေပျိုကြပျက်စီးကုန်သည် ကိုကြည့်ရင်း ဘုန်းကြီးက "သြော် ..ဓား စောင်းထက် ရေစောင်းကပိုထက်ပါလာနော်"လိုပြောတာကိုသာကီးကြားတော့ ဘုန်းကြီး ကသာကီး အကြောင်းကိုမေးမြန်း မိပြီး မိတ်ဆွေဖြင် ကာ ဘုန်းဘုန်းကျောင်းသို ခေါ်ဆောင်သွားလေ၏ နောက်နေတစ်ရက်ရောက်တော့ ဘုန်းကြီးခေါင်း ရင်းတွင် သာကီးတစ်ယောက် ထင်းတွေအပေါ်ေ၇ တွေလောက်ချ နေတာကိုဘုန်းဘုန်းမြင်တော့ ဟိတ်သာကီး မင်းဘာလုပ်နေတာလဲ..မှန်ပါ ဘုန်းဘုန်းက.ဓား စောင်းထက် ရေစောင်းကပိုထက် တယ်လိုပြောလို ဓားနဲမခွဲဘဲရေနဲခွဲတာပါ.............ဟားးးးးးးးးးးးးး
အရှင်မပြေလှ သောတောသား သာကီးတစ်ယောက် နယ်စပ် သိုခရီးထွက်ပြီူ 1နှစ်လောက်ကြာတော့ ရွှာကိုပြန်ရောက်လာတယ် သာကီးပြန်ရောက်လာလိုသူငယ်ချင်းများပျော်လေ၏ ညရောက်တော့ သူငယ်ချင်းတစ်ယောက်က ဟေ၇ာင် သာကီး မင်းဟိုမှာဘာလုပ်လိုဒီလောက် ပွလာတာလဲကွလိုမေးတော့ အေ ငါဒီလိုပိုင်ဆံ၇အောင်လုပ်လာတာ အသက်နဲရင်းခဲ့၇တာကွ ဒီလိုကွ တစ်ညလေ ငါအလုပ်ပြီလို အိပ်မယ်လိုကြံေ၇ာ သာကီးက "ခွေးတွေက တစ်ဒိုင်း ဒိုင်း..သေနတ်တွေက တစ်ဝုတ် ၀ုတ်.....ငါလဲ ကြောက်ကြောက်နဲ ချင်နှောင် မှုန့် ပြီး မီခွက်ထဲ ကို ၀င် အိပ် လိုက်လေရော".....သူငယ်ချင်းများက.............ဟားးးးးးးးးး
သာကီး မြိုတတ်ပြီး အလုပ်လုပ်ဖို ဘုန်းဘုန်းဆီသွားတဲ့လေ ၏ ထိုနောက် သာကီးကို သနာတဲ့ဘုန်းဘုန်း က မင်း ငါ တရား လိုက်တဲ့အနောက်ကနေလိုက် ပြီး ကျောင်းသားလုပ် လိုပ်ပြောတော့ သာကီးလက်ခံလိုက်လေ၏ ထိုင် နောက် ဘုန်းဘုန်း လိုက် ဟော သောရွှာ တိုင်းကို သူလိုက်ပြီး ကျောင်းသား လုပ်လေး၏ တစ်နေ ရွှာတစ်ရွှာ ကိုဟောပြီး ခရီးဆက်ရာမှာ ကွင်းတဲကွင်း ကိုရောက်လေ၏ ထိုကွင်းထဲမှာ လူတစ်ယောက် သိုးကျောင်းနေလေသည်ကိုတွေသော် သာကီးနဲဘုန်းဘုန်းလမ်းမသိလို ထိုသူကိုမေးမယ်ဆိုပြီ လာလေ၏ အနာရောက်တော့ သာကီးက "ဒီကနောင်ကြီးဒီနေရာက ဘာလဲဟင် ထိုသူက ဒီနေရာက လဟာပြင် ဗျေ၇ှ့ လေးဆက်သွားရင် လမှုတော ရောက်လိမ် ရှေ့ဆက်သွားရင် လကော် ၇ွှာထိတ်ေ၇ာက်မယ်ဗျ "အဲလိုပြောတော့ သာကီးက အေ ဒီလိုတွေစကားပြောတာတစ်မျိုးဘဲလိုစဉ်းစားပြီးေ၇ှ့ဆက်ခဲ့ရာ လူတစ်ယောက် ကိုတွေတော့ သာကီးက "နောင်ကြီး ဟိုတောထဲ က လည်ပင်းရည်ရည်နဲ အကောင်ကဘာကောင်လဲဟင် လိုမေးတော့ "ထိုသူက"အဲဒါ လဒ ကောင်တွေပါ နှောင်ကြီး " သာကီး မှတ်ထားလိုက် ၏ ဒီရွှာနာကလူတွေကစကားပြောတိုင်း "လ"နဲစပြောတာဘဲ ငါလဲ သူတိုလိုပြောမှ ၇မယ်ထင်တယ်....ဒါနဲ ရှေဆက်ခရီးဆက်တာ လကော်၇ွှာသိုရောလေ၏ ထိုနောက် ရွှာေ၇ာက်တော့ ဆွမ်းစားချိန် နာေ၇ာက်နေလေ၏ ထိုအခါ ရွှာခံ ဒကာတွေကို ဆွမ်း ကပ်ဖို့ သာကီက " ဟဲ လဒကာ ..လာဆွမ်းကပ်တော့လေကွာ လဆွမ်းဘုန်းပေးမယ်လေကွာ ..အဲလို "လ" နဲစပြီးပြောလေ၏...........ဟားးးးးးးးးးးးးးးးးးးးးးးးး
သေလိုက်ပါတော့ကွာ...........
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန်
ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ
ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့
"အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့်
လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။
ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ
ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။
ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး"
ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ နောက်ဆိုင်းပုဒ်တစ်ခုကို အမေ
ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။
ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့်
သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။
လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်။
ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တယ်။
ဆိုင်းပုဒ်ပေါ်မှာ
ရေးထားတာက "အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ
အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။ ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
“ဟေ့ကောင်ကြီး….အိမ်မှာဘယ်လိုအခြေအနေရှိလဲ..
အေးဆေးပဲလား”
“ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ”
“ဟေ…မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်…”
“ကျွေးပါတယ်ဆရာရယ်…”
“အေး…ကျွေးရင်ပြီးရော….သေတာကသေသွားပြီ..ရှိစေတော့…ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ…အအေးမိတာလား”
“မဟုတ်ဘူးဆရာ….အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ”
“ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက”
“ဆ..ဆရာ…စိတ်မဆိုးရဘူးနော်..
ပြီးတော့…ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်…..”
“အေးပါ…မြန်မြန်ပြောစမ်းပါ…”
“ဟိုလေ….ဆရာမြင်းကြီး….အဲလေ…ဆရာ့မြင်းကြီးအသားအပုပ်တွေ…..”
“ဘာ….ငါ့မြင်းကြီး…ဟုတ်လား..”
“ဟုတ်…ဟုတ်…သေသွားပြီဆရာ..”
“ဟေ!!!!….”
“သူကတော့ပင်ပန်းပြီးသေတာဆရာ”
“ဘာကွ…မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..”
“မဟုတ်ဘူးဆရာ…ရေ…ရေသယ်ရလို့ပါ…”
“ဘာ!!!!…ရေ………ဟုတ်လား….????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ”
“ဟို..ဟိုလေ….မီးလောင်လို့…”
“ဘာ!!!!!! မီးလောင်လို့ဟုတ်လား….ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..”
“ဆရာ.အိမ်ပေါ့ဆရာရယ်”
“ဘာကွ…ဟေ့ကောင်….ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်”
“ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က”
“…အ..အ…အသုဘ…ဘယ်..ဘယ်သူလဲဟင်”
“ဆရာ့အမေ….”
“ဘာကွ..ငါ့အမေသေပြီ…ဟုတ်လား…အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ”
“ဒီလိုပါဆရာရယ်…အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ…လူရိပ်တစ်ရိပ်…ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး…အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်…ဆရာ..”
“ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း…မင်း..သေပြီသာမှတ်.” လူသုံးယောက်ကွယ်လွန်ပြီးနောက်ကောင်းကင်ဘုံကိုရောက်လာတယ်။
ဂိတ်ဝမှာစိန့်ပီတာ
(ဂိတ်ဝစောင့်တဲ့တမန်တော်)ရပ်နေတယ်(ဝင်ခွင့်ဗီဇာစစ်တယ်ပေါ့ဗျာ)။
ကောင်းပြီ အချက်အလက်ပြည့်စုံတယ်…မောင်မင်းတို့ကောင်းကင်ဘုံကိုဝင်နိုင်ပြီ။
တစ်ခုတော့မှာချင်တယ် ဒီမှာ"ဘဲ"တွေသိပ်ပေါများတယ်…ဒါပေမယ့်…"ဘဲ"တွေကို
တက်မနင်းမိစေနဲ့လို့ စိန့်ပီတာကအသေအချာမှာကြားပြီးဂိတ်တံခါးဖွင့်ပေးလိုက်တယ်။
ကောင်းကင်ဘုံမှာခြေချဘို့တောင်အတော်ခက်ခဲအောင်"ဘဲ"တွေကိုဖွေးဖွေးလှုပ်မြင်ရတာ
အံ့စရာပါတဲ့။ ၅မိနစ်လောက်ကြာတော့လူသုံးယောက်ထဲက တစ်ယောက် "ဘဲ"
တစ်ကောင်ကိုနင်းမိတယ်။ ချက်ချင်းဆိုသလို စိန့်ပီတာရောက်လာတယ်။
အဲဒီလူနဲ့ရုပ်ဆိုးလွန်းတဲ့အမျိုးသမီးတစ်ဦးကိုအတူတွဲချည်ပြီး
"ကဲ…ဘဲကိုတက်နင်းမိသူ
မောင်မင်း ရရှိသင့်တဲ့အပြစ်ဒဏ်က
ဒီအမျိုးသမီးနဲ့သံသရာတိုင်အောင်ပေါင်းသင်းနေထိုင်
စေသတည်းတဲ့"။ ၁၀မိနစ်လောက်ကြာပြန်တော့နောက်တစ်ယောက်က "ဘဲ"ကို
နင်းမိပြန်တာပေါ့။ မြန်လိုက်တဲ့စိန့်ပီတာ လှစ်ခနဲရောက်လာတယ်။
ဒီတစ်ခါပိုလို့တောင်ရုပ်ဆိုးတဲ့
အမျိုးသမီးပါလာတယ်။ ထုံးစံအတိုင်းအပြစ်ဒဏ်ကတော့ မကွဲမကွာအနှီအမျိုးသမီးနဲ့
ရာသက်ပန်ပေါင်းသင်းစေသတည်းပေါ့။ နောက်ဆုံးလူကတော့ အတော်သွေးပျက်နေတယ်။
ရုပ်ဆိုးတဲ့မိန်းမနဲ့အိမ်ထောင်ကျမှာသူသိပ်ကြောက်တယ်။"ဘဲ"မနင်းမိအောင်အရမ်းကို
ဂရုတစိုက်နေလိုက်တာအတော်ကြာကြာဘဲတဲ့။ သူကောင်းကင်ဘုံရောက်တဲ့နှစ်ပါတ်လည်နေ့
ရောက်တော့ စိန့်ပီတာရောက်လာတယ်။ ညနေဆည်းဆာမှာသူ့ကိုသာယာလှပတဲ့ကမ်းစပ်ကို
ခေါ်သွားတယ်။ အဲဒီမှာအလွန်ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်တဲ့။
သေချာတာကတော့ သူနဲ့အဲဒီအမျိုးသမီးနဲ့စုံဖက်ပေးတော့မှာပါ။
စိတ်လှုပ်ရှားစွာနဲ့ စိန့်ပီတာကို
မေးလိုက်တယ်…"အရှင်အဘယ်အမှုအရာတွေကြောင့်ကျွန်တော်မျိုးအနှီကောင်းချီးမင်္ဂလာနှင့်
ထိုက်တန်ရပါသလဲ"။ စိန့်ပီတာမဖြေခင်ဘဲ အမျိုးသမီးကဝင်ဖြေလိုက်တယ်…
"ရှင့်ကိစ္စကိုတော့မသိပါဘူး…ကျွန်မအပြစ်ကတော့တချက်ကလေး
သတိလက်လွတ်ဖြစ်ပြီး အဲဒီသောက်ဘဲတစ်ကောင်ကိုနင်းမိတာပါဘဲ"
..လို့စိတ်ဆိုးမာန်ဆိုးပြောလိုက်သတဲ့။
ကဲ…နောက်ဆုံးတတိယလူဘယ်လိုဆိုတာသဘောပေါက်မယ်လို့
ထင်ပါတယ်။ လက်စသတ်တော့ သူကိုယ်တိုင်ကရုပ်ဆိုးအကျည်းတန်သူဖြစ်နေတော့တာကိုး။
လူဆိုတာက ကိုယ့်အားနည်းချက်ကိုသိပ်မစဉ်းစားကြဘူးနော်။
သူရဲ့ထိုက်တန်မှုကြောင့်ကောင်းမှုခံစားကြတယ်လို့တဘက်သတ်ထင်ကြတာကလား။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ…ရုပ်ဆိုးလို့စိတ်ဓါတ်တော့မကျနဲ့ပေါ့ဗျာ။ "ဘဲ"နင်းမိသူတွေထဲက
ချောမောလှပသူလေးတွေရနိုင်ပါသေးတယ်။
နှုတ်ဦးသူ
မုဆိုးမတစ်ယောက်က မုဆိုးဖိုတစ်ယောက်ကို လက်ထပ်လိုက်၏။ သည်တော့ မုဆိုးမ၏ သူငယ်ချင်းက "
" အေး- ငါထင်တယ်၊လက်ထက်ခဲ့ဖူးတဲ့ ယောက်ျားတွေလိုပဲပေါ့ဟာ၊ နင့် ခု ယောက်ျားကလည်း တခါတခါကျတော့ သူ့အရင်မိန်းမအကြောင်းပြောမှာပေါ့ ""
"" အို--တစ်ခွန်းမှကို မဟဘူး""
""ဘာကြောင့်ပါလိမ့် ""
"" သူပြောမယ်ကြံတိုင်း ငါက ငါယူမယ့်ယောက်ျားအကြောင်း အရင်ဦးအောင် ပြောပစ်လိုက်တယ်လေ ""
.......................................................................................................................
ယူခဲ့ ရောပေါ့ 
ရှေ့နေတစ်ဦး၏ ဇနီးသည် ဆတ်ဆတ်ထိမခံသူ ဖြစ်သည်။ တစ်ညနေတွင် ခင်ပွန်းက "" ဒီပြုတ်ကျော်ကို မောင်တော့ စားလို့မရဘူးကွာ "" ဟု ညည်းမိရာ
ဇနီးသည်က "" ရှင့်ဘာသာ ချက်ပေတော့၊ အစတုန်းက ရှင်ထမင်းချက်ကို ရှာယူခဲ့ပါလား "" ဟု ပြန်ပြောသည်။
ထိုည သန်းခေါင်ယံတွင် အမျိုးသမီးက ခင်ပွန်းသည်ကို အတင်းနှိုးသည်
"" ထဦး..ကိုကို ..အိမ်ထဲကို သူခိုးရောက်နေသံကြားတယ် ""
အမျိုးသားက ဟောက်နေရင်းပင် ပြန်ပြောလိုက်ပုံက "" မင်းဘာသာ ထပေတော့၊ အစတုန်းက မင်း ရဲသားကို ရှာယူခဲ့ရောပေါ့ကွာ..""
သနတ် နဲ့ ပစ်သတ်ပြီး အဆုံးစီရင် ဖို့ အမိန့် ချမှတ်ခြင်း ခံရတဲ့ တရား ခံတယောက် ကို တရားသူ ကြီး က....” မောင် မင်းရဲ့ နောက်ဆုံးဆန္ဒ ကဘာလဲ “.........
တရားခံကဒီလို ပြန်ဖြေတယ်....” ကျည်ကာအကျီ င်္ ၀တ်ချင်တယ် “ တဲ့ ..... Aries ( မိဿရာသီဖွား -- မတ်လ ၂၁ မှ ဧပြီ ၁၉ ) ဇွားတွေလဲ
သူတို့က ရဲရင့်ပွင့်လင်းပြီး လုပ်ရဲရင်ခံရဲတဲ့သူတဲ့...........
အောက်မှာရေးထားတဲ့အတိုင်းဟုတ်လားမသိဘူး........
မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်"
Aries "ဟုတ်ကဲ့ပါ မေမေ"
ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့ အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်"
မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?"
Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင် ချွတ်ထားပြီးမှ ဒါန်းစီးတာပါ"
(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)
ဘောလုံးပွဲ တစ်ပွဲ တစ်ဖက်နှင့်တစ်ဖက် အကြေီးအကျယ် ယှဉ်ပြိုင်နေကြသည်။နောက်ဆုံးမိနစ်နား ရောင်ခါနီးတွင် တစ်သင်းက ပယ်နယ်တီရသည် ။ဒါနဲ့ပဲ့ ထိုအသင်းက ကစားတစ်ယောက်က ပယ်နယ်တီကို ကန်လိုက်၇ာ ဂိုးဝင်ရုံမျှမက ပိုက်ပါပေါက်ထွက်သွားလေသည်။မည်မျှကန်ချက်ပြင်းသည်ကို စဉ်းစားကြည့်ပါလေ။ပွဲပြီးသောအခါ ထိုအသင်းမှ အနိုင်ရသွားလေသည်။ ပြွဲပီးသောအခါ သတင်းထောက်များက ဂိုးပိုက်ပေါက်အောင် ကန်လိုက်သော ကစားသမားကို အင်တာဗျူးကြသည်။သတင်းထောက်က " အစ်ကိုအနေနဲ့ ထိုကဲ့သို့ ပိုက်ပေါက်အောင် ကန်နိုင်ရန် မည်မျှလေ့ကျင့်ခဲ့ရသနည်း"ဟု အဆိုပါကစားသမားကိုမေးသည်။ကစားသမား ပြန်ဖြေလိုက်ပုံကား " ဘာမှ အထွေအထူးတော့ မလေ့ကျင့်ခဲ့ပါဘူး ပယ်နယ်တီ ကန်နေစဉ် ဘောလုံးကို အိမ်က မိန်းမ ကဲ့သို့ သဘောထားကာ ကန်လိုက်တာပါ"ဟု ဖြေကြားလိုက်သည်။
ပျော်ရွှင်သောဘ၀လေးပိုင်ဆိုင်နိုင်ကြပါစ...............
စိတ်ရောဂါကု ဆရာဝန်ထံ ရောက်လာသော လူနာက.... “ ဆရာ..ကျွန်တော့်ကိုယ်လုံးမှာ မိချောင်းငယ်လေးတွေ အများကြီး ကပ်နေတယ် ” ဟု ပြောပြီး သူ့ကိုယ်ပေါ်မှ မိကျောင်းငယ်လေးများကို ခွာချဟန်ပြုသည်။
.......... ............. ........... .........
ထိုအခါ ဆရာဝန်မှ အလန့်တကြားနှင့် အော်သည်........
“ ဟေ့လူ ...ဟေ့လူ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲဗျာ၊ ဘာဖြစ်လို့ ကျွန်တော့ဘက် ခွာချနေရတာလဲ၊
တော်သေးတာပေါ့ဗျာ..ကံကောင်းလို့ ကျွန်တော့်ပေါ်မရောက်တယ် ”
.............. .............. လူပျိုကြီးရဲ့ ရာဇ၀င်
အသက်(40) ရှိပြီဖြစ်သည့် လူပျိုကြီးသည် သူခေါ်ပြသည့် အမျိုးသမီးတိုင်းကို သူ့မိခင်မှ မနှစ်မြို့ကြောင်း ပြောနေသဖြင့် သူငယ်ချင်းကို ရင်ဖွင့်လိုက်နေလိုက်သည်။
“ဒါဆိုလည်း မင်းအမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြလိုက်ပေါ့ကွာ”
သူငယ်ချင်း၏ အကြံပေးချက်အတိုင်း ကြိုးစားဆောင်ရွက်လေတော့သည်။ ခြောက်လခန့်ကြာသောအခါ မူလ သူငယ်ချင်းနှင့် ပြန်ဆုံတွေ့ရလေသည်။
“ဘယ့်နှယ့်လဲ....... ငါပေးတဲ့ အကြံနဲ့ အိုကေသွားပြီလားကွ”
“ ဟင့်အင်း....... အမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြီး ခေါ်ပြပြန်တော့ အမေက သဘောကျပေမယ့် အဖေက အပြင်းအထန် ကန့်ကွက်တယ်ကွ” ဒါဆိုမှားနေပြီ
“ငါးဟင်းစားရင် ဦးနှောက်ကောင်းတယ် ဆိုပါလား”
“သိပ်မှန်တာပေါ့...ငါဆိုရင် နေ့တိုင်း ငါးဟင်းပဲ စားတယ်”
“အင်း...ဒီအတိုင်းဆို ဒီအဆိုပြုချက် မှားနေပြီပေါ့” ပြောမိတာမှားပါတယ်
တစ်နေ့မှာ မူလတန်းကျောင်းတစ်ကျောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူက လာရောက် စစ်ဆေးတယ်။ သူက ကျောင်းသားတစ်ယောက်ကို မေးလိုက်တယ်။``ရောမ အင်ပါယာကြီး ပြိုပျက်သွားစေတဲ့ အဓိက လက်သည်ဟာ ဘယ်သူလဲ´´
ကျောင်းသားက ပျာပျာသလဲနဲ့…
``ကျွန်တော်လုပ်တာ မဟုတ်ပါဘူး´´တဲ့။
တာဝန်ရှိသူက အတန်းပိုင်ဆရာကို ဒီအကြောင်းပြောပြတော့ ဆရာကလည်း
``ဟုတ်ပါလိမ့်မယ်။ ဒီကလေး မလုပ်လောက်ပါဘူး။ သူဟာ လူရိုးလေးပါ´´
တာဝန်ရှိသူ တော်တော် မကျေမနပ်ဖြစ်သွားပါလေရော။ ဒါနဲ့ ကျောင်းအုပ်ကြီးကို သွားတိုင်တော့…
``အဲဒီ ဆရာရော၊ ကျောင်းသားပါ အင်မတန် ရိုးကြပါတယ်။ သူတို့ပြောတာ မှန်ပါလိမ့်မယ်´´
တာဝန်ရှိသူက အတတ်ပညာရေးဆိုင်ရာ ဘုတ်အဖွဲ့ကို ဒီအကြောင်း တင်ပြပါလေရော။ ခဏနေတော့ ဘုတ်အဖွဲ့က ဆုံးဖြတ်ချက် ကျလာတယ်။
``ပျက်ပြီးသား ရောမအင်ပါယာကြီးလည်း ပျက်ပါစေတော့။ ဟိုကျောင်းသားလေး လုပ်တာဆိုရင်လည်း ဘယ်သူမှ မသိအောင် ဒီကိစ္စ ဒီမှာတင် ရပ်ပါတော့´´
***** ****** ***** ***** မဆုတ်သာ မတိုးသာ
အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။ ငါ့တို့ နိုင်ငံ့ခြားကိုတစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။ အတွင်းရေးမှူးမက သူ့ယောင်္ကျားထံ ဖုန်းဆက်၏။ ကျွန်မ သူဌေးနဲ့ ကျွန်မနိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ်ကြည့်နေနော် ယောကျာင်္းက သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။ ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ် ကြာသွားရလိမ့်မယ်။ ဒါကြောင့်ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။ တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့် ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ ငါ တစ်ပတ်လောက် အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး ကောင်လေးက သူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့ တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး အချိန်ဖြုန်းရအောင်။ အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးကို ဖုန်းဆက်သည်။ ဒီအပတ်ငါမြေးနဲ့အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကိုမတက်နိုင်တော့ဘူး။ အတွင်းရေမှူးက သူ့ယောင်္ကျားကို ဖုန်းခေါ်သည်။ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲ လုပ်စရာလေးတွေ ရှိတယ်။ ခရီးစဉ်ကို ဖြက်လိုက်တယ်။ ယောင်္ကျားကသူ့ တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။ ငါတို့ ဒီတစ်ပတ် အတူတူအချိန် မဖြုန်းနိုင်တော့ဘူး ။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။ တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။ ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။ ကောင်လေးက သူ့အဘိုးထံဖုန်းဆက်သည်။ ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။ ကျူရှင်တက်ရမယ်တဲ့ အဘိုးနဲ့ အဖော်မလူပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။ အဘိုး (အလုပ်ရှင်)က သူ့အတွင်းရေးမှူးထံ ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့။ အဲဒီ အစည်းအဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့်စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။
အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်သည်။ :2:
လှေကားလာမလှုပ်နဲ့
ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို မြင်ခဲ့ကြရတယ်။ နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့က လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို ဗဟုသုတအနေနဲ့ ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။
ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် ”
“ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲ။” ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့ ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့ ဟုတ်ပြီလား။” ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း”
မောင်မောင်က “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ”
ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင် အရက်သေစာမသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။
အဲဒါနဲ့ ဆရာမကဆက်ပြီး “ပီတာလေးကို မေးလိုက်တယ်။” “ပီတာလေးရဲ့ အမြင်ကိုလဲပြောပါအုန်း” ပီတာလေးက “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ” ဟုဖြေလိုက်တယ်။
ဆရာမလဲ အံ့အားသင့်သွားတယ် “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို့  ဆရာမက ပီတာလေးကိုမေးလိုက်တယ်။ ဒါနဲ့ပီတာလေးက “အဲဒီလူကြီးက” “အေဘေးလေးအောက်ကနေ လှေခါးလာမလှုပ်နဲ့”လို့ပြောလို့ပါ ဆရာမ။ ကြိုတင်သတိပေးချက်
“ဟဲလို မီးသတ်ဌာနကပါလား ခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
“ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင် စိုက်ထားတာ တော်တော်လေး အေင်မြင်ပါတယ်။
တစ်နေ့ရောင်းကြေးဟာ နှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျား မှားနေပြီ ဒါမီးသတ်ရုံးဗျ စိုက်ပျိုးရေးဌာနမဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခုကျွန်တော့်အိမ်ဘေးမှာမီးလော င်နေပါတယ်။ ခင်ဗျားတို့ မီးလာသတ်ရင်
ကျွန်တော့်စိုက်ခင်းက အပင်တွေကို နင်းမိမှာစိုးလို့ပါ” ၇ ရက်သောက်ရမည့်အတူတူ
တနေ့သောအခါ .. အလုပ်သင် ဆရာဝန်မလေးနှင့် သူ၏ သူငယ်ချင်းများသည် ဆေးရုံနှင့်ဝေးသော ကျေးလက်ဒေသ သို့သွားရန် (၂) ပတ်ကြာမျှ ကျမ်းမာရေး ကွင်းဆင်းလေ့လာရန်သွား ရောက်ကြရသည် ။ ထိုဒေသတွင်နေထိုင်ကြသော လူများသည် ကျမ်းမာရေး ဗဟုသုတနည်းပါး၍ ရိုးသားကြသည်။ လုပ်သင်ဆရာဝန်မလေး သည် လယ်ထဲတွင် အလုပ်လုပ်ရင်း ခြေထောက်တွင် ဒဏ်ရာရ၍ အနာရင်းကာ ပြည်တည် နေသော လူနာအား စမ်းသပ်ပြီး ပဋိဇေ၀ဆေး (Antibiotic) ဆေးသောက်၇န် လိုကြောင်း၊ ဆေးကို တနေ့ သုံးကြိမ်၊ (၈)နာရြီ%E
ဟာသလေးများအပိုင်း(၂)
ရေထဲမှာပဲပေါက်
ပီတာလေး မျက်ရည်စမ်းစမ်းနှင့် ပြန်လာရာ ဦးလေးလုပ်သူက မေးသည်။"ပီတာ၊ မင်း ဘာဖြစ်လာတာလဲကွ ဟေ""ကျွန်တော့်ကို ရေကူးကန်ထဲက မောင်းထုတ်လိုက်လို့""ဘာအတွက်လဲ""ကျွန်တော် ရှူးရှူးပေါက်မိလို့""ဒါကိုများ သူတို့ ရေးကြီးခွင်ကျယ် လုပ်သတဲ့လား၊ ရေထဲမှာ ဒီလိုပဲ ပေါက်နေကြတာပဲ၊ ရေကူးကန်ဆိုတာ ဒါအတွက် ထားတာပဲ""ဒါပေမယ့် ကျွန်တော်က ဒိုင်ဗင်ထိုးတဲ့ စင်ပေါ်က ရှူးရှူးပေါက်လိုက်မိတာခင်ဗျ"
ထိတော့ထိတယ်
ဖြတ်ပြေးသွားသော သားကောင်ကို မုဆိုးကြီး ဦးဖြိုး နှစ်လုံးပြူးဖြင့် ပစ်ချလိုက်သည်။ ထို့နောက် မိမိ၏ တပည့်ကို ပြောသည်။"ဟေ့ကောင်၊ သွားကြည့်စမ်း၊ ငါ ပစ်ချလိုက်တဲ့အကောင် ဘာကောင်လဲဆိုတာ"မကြာမီ တပည့်ဖြစ်သူ ပြန်ရောက်လာပြီး ပြောသည်။"သူ့ရဲ့ မှတ်ပုံတင်အရ သူ့နာမည် မောင်မြလို့ ခေါ်တယ်"
နိုင်ငံခြားဘာသာ
မိတ်ဆွေများဖြစ်ကြသော ခွေးနှစ်ကောင် လမ်းမှာ ဆုံကြရာ အပြန်အလှန် နှုတ်ဆက်ကြသည်။
"၀ုတ်၊ ၀ုတ်၊ ၀ုတ်"
"အောက်အီအီးအွတ်"
"မင်းနှုတ်ဆက်တာ တစ်မျိုးကြီးပါလား"
"မင်း တော်တော်အတဲ့ အကောင်ပဲ၊ ငါ နိုင်ငံခြားဘာသာ သင်နေတာလေ"
တစ်ချောင်းပဲဆွဲပါ
ဈေးထဲတွင် လူတစ်ယောက် ကြက်တူရွေးတစ်ကောင်ကို အော်ရောင်းနေသည်။ ကြက်တူရွေး၏ ညာခြေထောက်တွင် အနီရောင်အပ်ချည်ကြိုး၊ ဘယ်ခြေထောက်တွင် အစိမ်းရောင် အပ်ချည်ကြိုး ချည်ထားသည်။ ဈေးလာဝယ်သောလူက စိတ်ဝင်စားသဖြင့် မေးသည်။
“ကြက်တူရွေးမှာ ဘာဖြစ်လို့ ကြိုးနှစ်ချောင်း ချည်ထားရတာလဲဗျ”
“သြော် ဒါလား၊ ဒီကြက်တူရွေးက စာတတ်ပုဂ္ဂိုလ်လေးခင်ဗျ။ ကြိုးနီကို ဆွဲလိုက်ရင် ဒီကောင်က ပြင်သစ်လို စကားပြောတယ်။ အဲ... ကြိုးစိမ်းကို ဆွဲလိုက်ရင်တော့ အင်္ဂလိပ်လို ပြောတယ်ဗျ”
“နှစ်ချောင်းစလုံးကို တစ်ပြိုင်နက် ဆွဲလိုက်ရင်ကော”
ပိုင်ရှင်မဖြေခင် ကြက်တူရွေးက စိတ်တိုစွာ ၀င်ပြောသည်။
“ဘာဖြစ်ရမလဲ၊ ဖင်ထိုင်လဲကျသွားမှာပေါ့”
ပိုဆိုးသွားပြီ
လူငယ်တစ်ယောက် ဆရာဝန်ထံ ရောက်လာပြီး မိမိခံစားနေရသော ဒုက္ခကို ပြောပြသည်။
“ဒေါက်တာ၊ ကျွန်တော့်ကို အကြံပေးပါဦး၊ ကျွန်တော့်မှာ အိပ်ပျော်တယ်ဆိုရင်ပဲ အိပ်ရာထဲ ဆီးသွားတဲ့အကျင့် ဖြစ်နေတယ်”
“ဆီးမသွားခင်မှာ ခင်ဗျား ဘယ်လိုခံစားရသလဲ၊ ဒါမှမဟုတ် အိပ်မက်တို့ ဘာတို့ မက်သလား”
“ဟုတ်ကဲ့၊ အိပ်မက် မက်လေ့ ရှိတယ်၊ မင်းညီမင်းသား အ၀တ်အစား ၀တ်ထားတဲ့ လူတစ်ယောက် ပေါ်လာပြီး “ရှူးရှူးပေါက်ရအောင်” လို့ ကျွန်တော့်ကို ပြောတယ်။ အိပ်ရာကနိုးလို့ ထကြည့်လိုက်တော့ အိပ်ရာရော၊ တစ်ကိုယ်လုံးပါ ရွှဲနေတော့တာပါပဲ ခင်ဗျာ”
“နောက်တစ်ခါဆိုရင် ဒီလိုလုပ်ပါ၊ အဲဒီမင်းသား ပေါ်လာပြီး “ရှူးရှူးပေါက်ရအောင်” လို့ ပြောရင် “ပေါက်ပြီးပြီ” လို့ ခင်ဗျား ပြန်ဖြေလိုက်ပါ”
“ဟုတ်ကဲ့ ဒေါက်တာ၊ ကျေးဇူးပါပဲ”
နောက်တစ်ပတ်ကြာသော် ဆရာဝန်ထံ လူငယ် ရောက်လာပြန်သည်။
“ဒေါက်တာ၊ အရင်ကထက် အခြေအနေ ပိုဆိုးသွားပြီခင်ဗျ”
“ဘယ်လို ဖြစ်လို့လဲ”
“မင်းသားပေါ်လာပြီး ထုံးစံအတိုင်း “ရှူးရှူးပေါက်ရအောင်” လို့ ကျွန်တော့်ကို ပြောတယ်၊ ကျွန်တော်က “ပေါက်ပြီးပြီ” လို့ ပြန်ပြောတယ်။ အဲဒီတော့ သူက “ဒီလိုဆိုရင် အီအီးပါရအောင်” တဲ့ ခင်ဗျ”
လွန်းပျံဒီပလိုမေစီ (Shuttle Diplomacy)
သတင်းထောက်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်းဂျားတို့ စကားပြောနေကြသည်။
"မစ္စတာကစ်ဆင်းဂျားခင်ဗျား...၊ လွန်းပျံဒီပလိုမေစီကို အစပျိုးသူအဖြစ်နဲ့ လူကြီးမင်းကို အများက သိထားကြပါတယ်၊ ဒီလွန်းပျံသံတမန်နည်းရဲ့ သဘောကို ဥပမာပေးပြီး ရှင်းပြစေချင်ပါတယ်ခင်ဗျ။"
"လွယ်လွယ်လေးပါ၊ ဆိုကြပါစို့၊ သန်းကြွယ်သူဌေးကြီး ရော့ခ်ဖဲလားဆီ ကျွန်တော်သွားပြီး "မစ္စတာ ရော့ခ်ဖဲလား၊ ခင်ဗျားရဲ့သမီးကို ရုရှားနိုင်ငံ၊ ဆိုက်ဘီးရီးယားဒေသက ရုရှားယောက်ျားကြီးနဲ့ မပေးစားချင်ဘူးလား" လို့ မေးလိုက်တယ်၊ သူက ပြန်ပြောတယ်"
"တောက်တီးတောက်တဲ့၊ ခင်ဗျားကလည်း ပြောရော့မယ်"
"အဲဒီ ဆိုက်ဘီးရီးယားသားဟာ ဆွစ်ဇာလန်ဘဏ်ရဲ့ ဖောက်သည်ဆိုရင်ကော"
"ဒါဆိုရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့"
"ဒီစကားကို ရထားပြီဆိုရင် နောက်လုပ်ရတာ လွယ်သွားပြီ၊ ကျွန်တော် ဆွစ်ဇာလန်ဘဏ်ကို သွားတယ်"
"ဆိုက်ဘီးရီးယားသားကို ခင်ဗျားတို့ဘဏ်ရဲ့ ဖောက်သည်အဖြစ်နဲ့ လက်ခံမလား" လို့ မေးလိုက်တယ်။
"ဒေါ်လာတစ်သန်း အနည်းဆုံး အပ်တဲ့လူကိုသာ ဖောက်သည်အဖြစ်နဲ့ ကျွန်တော်တို့ လက်ခံတာပဲ၊ မဖြစ်နိုင်ပါဘူး"
"သူဟာ ရော့ခ်ဖဲလားရဲ့ သားမက်ဆိုရင်ကော"
"ဟာ... ဒါဆို တစ်မျိုး စဉ်းစားရမှာပေါ့"
"အဲဒီနောက်မှာ ကျန်တာတွေအားလုံး အသေးအမွှား ဖြစ်သွားပြီ။ ကျွန်တော်ဆိုက်ဘီးရီးယားသား ကိုဗလဆီ သွားတယ်"
"သာမန် အမေရိကန်အမျိုးသမီးတစ်ယောက်ကို ဇနီးမယားအဖြစ်နဲ့ မယူချင်ဘူးလား" လို့ မေးလိုက်တယ်။
"ဖူး၊ ဘာလုပ်ဖို့လဲ"
"အဲဒီ အမျိုးသမီးရဲ့ အဖေဟာ ရော့ခ်ဖဲလားသူဌေးကြီး ဆိုရင်ကော"
"ဟာ...၊ ဒါဆို တစ်မျိုးစဉ်းစားရမှာပေါ့"
"အဲဒီနောက်မှာတော့ အလွယ်တကာ့အလွယ်ဆုံးပဲ ကျန်တော့တယ်။ ကျွန်တော် ရော့ခ်ဖဲလားရဲ့ သမီးဆီလာပြီး ဆွစ်ဇာလန်ဘဏ်ရဲ့ ဖောက်သည်တစ်ယောက်ကို လက်မထပ်ချင်ဘူးလား လို့ မေးလိုက်တယ်"
"ဖူး၊ ဘာလုပ်ဖို့လဲ"
"အဲဒီလူဟာ တုတ်ခိုင်ထွားကျိုင်းတဲ့ ဆိုက်ဘီးရီးယားသား ရုရှားယောက်ျားဖြစ်နေရင်ကော"
"ရပ်စ်ပူတင် တို့ အမျိုးပေါ့၊ အဲဒါဆို ကြိုက်ပြီ"
* * * * *
[ Rasputin G (1872-1916) - ဗေဒင်ဆရာ၊ ဆေးဆရာအဖြစ်နှင့် ရုရှားဇာဘုရင် ဒုတိယမြောက် နီကိုလိုင်အပေါ် အထူးသြဇာညောင်းခဲ့သူ၊ သာမန် ယောက်ျားထက် ထူး သောကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် သမိုင်းတွင် အမည်တွင်ရစ်သူ ]
တစ်မဲထဲရယ်နေမကောင်းဖြစ်၍ ဆေးရုံသို့ တက်ရောက်ကုသနေရသော ဟော်လန်ပါလီမန်အမတ်ထံ ကြေးနန်းတစ်စောင် ရောက်ရှိလာသည်။ ကြေးနန်းစာမှာ ဤသို့ဖြစ်သည်။
"လူကြီးမင်း အမြန်ဆုံး ကျန်းမာလာစေရန် ပါလီမန်မှ ဆုတောင်းလိုက်ပါသည်။ ထောက်ခံမဲ - ၁၇၀၊ ကန့်ကွက်မဲ - ၁၆၉"
အကောင်းမြင်၊ အဆိုးမြင်အကောင်းမြင်သမားနှင့် အဆိုးမြင်သမားတို့ အနာဂတ်နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ရှေ့အလားအလာ လုံးဝမကောင်းဟု နှစ်ယောက်စလုံး သဘောညီကြသည်။
အကောင်းမြင်သမားက ပြောသည်။
"ဒီလို ငွေဖောင်းပွမှုနှုန်းနဲ့ဆိုရင် မကြာခင် တောင်းစားကြရလိမ့်မယ်"
အဆိုးမြင်သမားက အံ့သြစွာ ပြန်မေးသည်။
"တောင်းစားရမယ် ဟုတ်လား၊ ဘယ်သူ့ဆီကတုန်း"
ကိုယ်နဲ့မဆိုင်ရင် ခေါင်းရှုပ်မခံဘူးဆိုဗီယက်သမ္မတ ဂေါ်ဘာချော့ဗ်၊ အမေရိကန်သမ္မတ ဘုရှ်နှင့် ပြင်သစ်သမ္မတ မီးထရောင်းတို့သုံးဦး မိမိတို့ သက်ဆိုင်ရာနိုင်ငံရှိ အလုပ်သမားလစာနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်နေကြသည်။
မီထရောင်းက ပြောသည်။
"ကျွန်တော်တို့ဆီက အလုပ်သမားဟာ တစ်လကို ဖရန့်ငွေ နှစ်ထောင် ရတယ်၊ တစ်ထောင်ကို အိမ်ခန်းခ၊ စားစရိတ်နဲ့ တခြား အသေးသုံးစရိတ်တွေအတွက်သုံးတယ်၊ ကျန်တစ်ထောင်ကို သူတို့ ဘယ်မှာသုံးသလဲ ကျွန်တော်မသိဘူး၊ ကျွန်တော်နဲ့လည်း မဆိုင်ဘူး"
ဘုရှ်က ပြောသည်။
"ကျွန်တော်တို့ အမေရိကန် အလုပ်သမားဟာ တစ်လကို ဒေါ်လာ နှစ်ထောင် ရတယ်။ အိမ်ခန်းခ၊ စားစရိတ်နဲ့ မော်တော်ကား ၀ယ်စီးတဲ့အတွက် ဒေါ်လာတစ်ထောင် ကုန်တယ်။ ကျန်တစ်ထောင် ဘယ်ရောက်သွားသလဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါ သူတို့ ပြဿနာပဲ"
ဂေါ်ဘာချော့ဗ်က ပြောသည်။
"ကျွန်တော်တို့ ဆိုဗီယက်အလုပ်သမားဟာ တစ်လကို ရူဘယ်လ် ငါးရာ ရတယ်။ နောက်ထပ် တစ်ထောင့်ငါးရာကို သူတို့ ဘယ်က ယူသလဲဆိုတာ ကျွန်တော် မသိဘူး၊ ဂရုလည်း မစိုက်ဘူး။ ဒါ သူတို့ ပြဿနာပဲ"
* * * * * * *
မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာထဲက ထုတ်နုတ်ပေးထားတာပါ။ အခုတလော နိုင်ငံရေးနဲ့ သက်ဆိုင်တာတွေပဲ အာရုံကျနေတဲ့အတွက် နိုင်ငံရေးနွယ်တဲ့ ဟာသလေးတွေကိုပဲ တင်ပေးလိုက်တာပါ။ စဉ်းစားရင်း တွေးရင်းဖြင့် ရယ်မောပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်။
အပြစ်တင်သင့်တာပေါ့
ဘောလုံးပွဲကြည့်စဉ် မိန်းမက ယောက်ျားကို မေးသည်။
"မောင်ရေ၊ ဟိုရှေ့က ပွဲကြည့်သူကို ဘာဖြစ်လို့ သူ့အနားကလူတွေ အပြစ်တင်ရသလဲ"
"ဒိုင်လူကြီးကို သူ ပုလင်းနဲ့ ပစ်လိုက်လို့လေ"
"ဒါပေမယ့် ဒိုင်လူကြီးကိုမှ မထိတာပဲ"
"အဲဒါကြောင့် သူ့ကို ၀ိုင်းဆဲကြတာပေါ့ကွာ"
- * - * - * - * - * - * - * - * - * - * - * -
ပေါ်တော့မယ်၊ ပြန်ခေါ်ပါ
နိုင်ငံတကာတင်းမာမှုလျော့ပါးရေး၊ ပြည်သူအချင်းချင်း ချစ်ကြည်ရေး၊ အပြန်အလှန် နားလည်မှုရရေးတို့ကို ရှေ့ရှုသောအားဖြင့် မိမိတို့၏ အတွင်းရေးမှူးမများကို အလဲအလှယ်လုပ်ရန် ဆိုဗီယက် ကွန်မြူနစ်ပါတီခေါင်းဆောင် အင်ဒရိုပေါ့နှင့် အမေရိကန်သမ္မတ ရေဂင်တို့ သဘောတူလိုက်ကြသည်။
တစ်ပတ်ကြာသော် အမေရိကန်မသည် သမ္မတရေဂင်ထံ ဖုန်းဆက်ကာ တိုင်ပြော ပြောသည်။
"သမ္မတကြီးရှင့်၊ ကျွန်မ ဒီမှာ အလုပ် မလုပ်နိုင်တော့ဘူး။ မီနီစကတ်အစား Midi စကတ် (ခြေဆစ်နားအထိ ရောက်သောစကတ်) ကိုပဲ ၀တ်ရမယ်၊ လည်ဟိုက်အင်္ကျီအစား လုံလုံခြုံခြုံ အင်္ကျီကို ၀တ်ရမယ်လို့ ကျွန်မကို တစ်ချိန်လုံး အမိန့်ပေးသလို၊ မေတာရပ်ခံသလို ပြောနေကြတယ်ရှင့်၊ ဒီအတိုင်းသာဆိုရင် မကြာခင် ကျွန်မရဲ့ အလှတွေကို ဘယ်သူမှ ဘာမှ မြင်ရတော့မှာ မဟုတ်ဘူးရှင့်"
ရုရှားအတွင်းရေးမှူးမကလည်း အင်ဒရိုပေါ့ထံ ဖုန်းဆက်ကာ စိုးရိမ်စကားပြောသည်။
"ရဲဘော် အင်ဒရိုပေါ့၊ ဒီမှာဆက်ပြီး အလုပ်လုပ်ဖို့ မလွယ်တော့ဘူး။ စကတ်ကို တိုသထက်တိုအောင် ၀တ်ပါ၊ လည်ဟိုက်အင်္ကျီကိုလည်း သည်ထက်ပိုပြီး ကျယ်ကျယ်လေး ချုပ်ဝတ်ပါလို့ သူတို့ တစ်ချိန်လုံး ပြောနေတယ်။ ဒီအတိုင်းသာဆို မကြာခင် ခြောက်လုံးပြူးကိုရော၊ ကျွန်မ အင်း... ကျွန်တော် ယောက်ျားဖြစ်တယ်ဆိုတာပါ သူတို့ မြင်သွားတော့မယ် ခင်ဗျ"
- * - * - * - * - * - * - * - * - * - * - * -
နံပါတ်ပြောင်းပြန်
အပျော်စီးလှေများ ငှားရမ်းသော စခန်းတွင်ဖြစ်သည်။ ကယ်ဆယ်ရေးလုပ်သားက မိုက်ကရိုဖုန်းမှတဆင့် အော်နေသည်။
"လှေနံပါတ် 99၊ ကမ်းဘက်ကို ပြန်လှော်ခဲ့ပါ၊ ခင်ဗျားရဲ့အချိန် ကုန်သွားပါပြီ"
အချိန်အနည်းငယ် ကြာသွားသည်။ လှေ ကမ်းဘက် ပြန်မကပ်လာချေ။
"လှေနံပါတ် 99၊ အမြန်ဆုံး ကမ်းပြန်ကပ်ပါ၊ ဒါမှ မဟုတ်ရင် ခင်ဗျားဆီက အချိန်ပိုခ ထပ်တောင်းရပါလိမ့်မယ်"
ကယ်ဆယ်ရေးသမား၏ အကူချာတိတ်က သူ့ဆရာကို ပြောသည်။
"ကျွန်တော်တို့စခန်းမှာ လှေ ၇၅ စီးပဲ ရှိတယ်၊ ဘယ်က နံပါတ် ကိုးဆယ့်ကိုး ရောက်လာတာလဲ"
ကယ်ဆယ်ရေးသမား ခေတမျှ မင်သက်မိသလို ဖြစ်သွားသည်။ ထို့နောက် ရေထဲ ပြေးဆင်းသည်။ ပါးစပ်မှလည်း အော်သည်။
"လှေနံပါတ် 66၊ ခင်ဗျား တစ်ခုခု ပြသနာပေါ်နေသလား"
* * * * * * * * *
မောင်ကောင်းထိုက် ရဲ့ ဟာသပဒေသာထဲက ဟာသအချို့ပါဗျာ။ ရယ်မောပျော်ရွှင်နိုင်ကြပါစေ။
အားကြီးချစ်တယ် – မောင်ကောင်းထိုက် (နှီးပဒေါ)
သမီးရည်းစားနှစ်ယောက် ချိန်းတွေ့ရင်း စကားပြောနေကြသည်။
“မောင်၊ မကို ချစ်ရဲ့လား”
“သိပ်ချစ်တာပေါ့”
“အာဒမ်က ဧ၀ကို ချစ်သလိုပဲလား”
“အဲဒီထက် ပိုတာပေါ့”
“ဟုတ်ရဲ့လား မောင်ရဲ့”
“သိပ်ဟုတ်တာပေါ့၊ အာဒမ်မှာ ရွေးစရာ မရှိခဲ့ဘူးလေ”
ငှက်တွေလို ပျံတတ်လို့လား - ဟာသဂျပိုး
သင်္ဘော ကပ္ပတိန်တစ်ယောက်သည် ၎င်းင်းတို့၏အသိုင်းအ၀ိုင်း၌ ရေးမကူးတတ်သူအဖြစ် လူသိများသူဖြစ်၏။
တစ်ရက်တွင် သတင်းထောက်တစ်ယောက်က ထိုသင်္ဘောကပ္ပတိန်ကို မေးလိုက်သည်။
ရေမကူးတတ်တဲ့ သင်္ဘောကပ္ပတိန်ဆိုတာ ခင်ဗျားလား”
ထိုကပ္ပတိန်က ပြန်ဖြေလိုက်၏။
ဟုတ်ပါတယ်၊ ကျုပ်ရေမကူးတတ်ပါဘူး။ ဒါပေမယ့်ဗျာ ငှက်တွေလို ပျံတတ်တဲ့ လေယာဉ်ပျံ ပိုင်းလော့ကိုရော ခင်ဗျားတို့ တွေ့ဖူးလို့လားဗျ”
အဓိပ္ပါယ်ရှိရှိပြောတတ်သူ – မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
ငါ့မိန်းမကကွာ၊ ငါနဲ့စကားများရန်ဖြစ်တိုင်း သူ့အမေအိမ်ပြန်မယ်ချည်းပဲ ပြောတယ်ကွ၊ အဲဒါ ငါ့ကို ခြိမ်းခြောက်တာလား၊ အကျပ်ကိုင်တာလား”
သူ့အမေအိမ် ပြန်သွားမယ်လို့ပြောရင် အဲဒါမင်းကို အကျပ်ကိုင်တာ၊ ဒါပေမယ့် သူ့အမေကို ခေါ်လာမယ်လို့ပြောရင်တော့ ဒါဟာ မင်းကို အကြီးအကျယ် ခြိမ်းခြောက်တာပဲ”
သင်ချင်တဲ့အပိုင်း - ကံချွန်
ပြင်သစ်စာသင်ရတာ ခက်သလား ဖေဖေ”
ပထမပိုင်းသာ ခက်တာပါ၊ နောက်ပိုင်းကျတော့ လွယ်သွားတာပါပဲ”
အဲဒါဆို နောက်ပိုင်းတစ်ဝက်ပဲ သင်ချင်တယ် ဖေဖေ”
သူ့မှတ်တမ်း - ခင်မောင်တိုး (မိုးမိတ်)
အမျိုးသားတစ်ဦး နေ့စဉ်မှတ်တမ်းရေးနေ၏။
ကျွန်တော်သည် စံပြယောက်ျားတစ်ဦး ဖြစ်၏။ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ညကလပ်များသို့လည်း မသွား၊ ကျွန်တော့် မိန်းမအပေါ်တွင်လည်း သစ္စာရှိသူဖြစ်သည်။ သူများသားသမီးအပေါ် စိတ်ဖြင့်ပင် မပြစ်မှားပါ။ ည ၈ နာရီဆိုလျှင် ပုံမှန် အိပ်ရာ ၀င်၍ မနက်စောစောထပါသည်။ အချိန်မှန် လေ့ကျင့်ခန်းလုပ်၍ အချိန်မှန်လည်း အလုပ်လုပ်ပါသည်။”
အင်း၊ ဒီအပြုအမူတွေအားလုံး ကျွန်တော်ထောင်က လွတ်တာနဲ့ ချက်ချင်းပြောင်းသွားတော့မှာ အမှန်ပါပဲ” ဟုလည်း မှတ်တမ်း ရေးအပြီးတွင် ညည်းညည်းညူညူ ရေရွတ်လိုက်ပါသေး၏။
* * * * * *
ဖတ်မိတဲ့ စာအုပ်အမျိုးမျိုးထဲက သဘောကျတာလေးတွေကို ရွေးထုတ်ဝေမျှလိုက်တာပါ။ ရယ်မောပျော်ရွှင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့သစ်တစ်ခု ဖြစ်ကြပါစေဗျာ။
မင်းပဲမေးကြည့်
တပည့် - "ဆရာ… ကျန်စစ်သားမင်းက နတ်ပြည်မှာ နတ်သားများ ဖြစ်နေမလားပဲ"
ဆရာ - "အဲဒါတော့ ငါ နတ်ပြည်ရောက်မှပဲ မေးကြည့်ခဲ့ပါမယ်ကွာ"
တပည့် - "တကယ်လို့ ငရဲခံနေရရင်ကော ဆရာ"
ဆရာ - "ဒါဆို မင်းပဲ မေးကြည့်ခဲ့ပေါ့ကွာ"
ကြက်မ သွားပြော
"ဟေ့..သူငယ်၊ မင်းတို့ဆိုင်က ရောင်းတဲ့ ကြက်ဥက သေးလှချည်လားကွ၊ မင်းတို့နှယ် ကြီးကြီးလေး ရောင်းပေးမှပေါ့"
"အဲဒါ ကျွန်တော်တို့ ဥတာမှ မဟုတ်ဘဲ အကြီးရဲ့၊ ကြက်မက ဥတာ၊ ကြက်မ သွားပြောပါ"
ငါလည်းသူလို သူလည်းငါလို
"လူပျိုကြီး ဘယ်လိုလဲ၊ ဒီတစ်သက် အိမ်ထောင်မပြုတော့ဘူးလား"
"စံပြဖြစ်လောက်တဲ့ မိန်းမမျိုးရမှပဲ အိမ်ထောင်ပြုတော့မယ်လို့ စိတ်ကူးထားတယ်ကွာ"
"ဒါဆို စံပြဖြစ်လောက်တဲ့မိန်းမ မတွေ့သေးဘူးပေါ့"
"တွေ့တော့ တွေ့ပါရဲ့"
"ဒါဖြင့်…."
"သူကလည်း စံပြဖြစ်လောက်တဲ့ ယောက်ျားမျိုး ရမှတဲ့ကွ"
ပထမဆုံးအမှု
အမေရိကန်ပြည်ထောင်စု၏ မြို့ကလေးတစ်မြို့မှ ရဲမှူးသည် လက်ထောက်တစ်ယောက် အလိုရှိကြောင်း ယင်းမြို့ထုတ်သတင်းစာတွင် ကြော်ငြာထည့်လိုက်သည်။ ကျပ်မပြည့်သူဟု အများက သတ်မှတ်သည့် လူငယ်တစ်ယောက် လုပ်လိုကြောင်း လျှောက်လွှာလာတင်သည်။ ရဲမှူးက လူငယ်ကို ရုံးခန်းထဲခေါ်ပြီး မေးသည်။
"မောင်ရင့်နာမည် ဟိုးမား၊ ဟုတ်တယ်နော်။ ကိုင်း၊ မစ္စတာဟိုးမား။ တစ်နဲ့တစ်ပေါင်းရင် ဘာဖြစ်မလဲ"
"ဆယ့်တစ်"
"ငါ ဆိုလိုတာ ဒါမဟုတ်ဘူး။ အင်း၊ ဒါပေမယ့် သူ့ဟာသူတော့လဲ မှန်နေသလိုပဲလေ" ဟု ရဲမှူး ကိုယ့်ဟာကိုယ်ပြောပြီး ဆက်မေးသည်။
"သီတင်းတစ်ပတ်မှာ T နဲ့စတဲ့ ရက်နှစ်ရက်ကို ပြောစမ်းပါ"
"The day before yesterday နဲ့ The day after tomorrow ဖြစ်ပါတယ်"
ရဲမှူး အံ့သြသွားပြန်သည်။ "သူ့နည်းသူ့ဟန်နဲ့ မှန်နေပြန်တာပဲလေ" ဟု တွေးပြီး ဆက်မေးသည်။
"ကောင်းပြီ။ နောက်မေးခွန်းတစ်ခု။ အေဗရာဟင်လင်ကွန်းကို ဘယ်သူသတ်သလဲ"
"ကျွန်တော် မသိဘူးခင်ဗျာ"
ရဲမှူး အားတက်သလို ဖြစ်သွားသည်။
"ဟော တွေ့တယ်မဟုတ်လား။ မေးခွန်းကို မောင်ရင် မဖြေနိုင်ဘူး။ ကိုင်း၊ ဒီလိုလုပ်။ အိမ်ပြန်ပြီး သေသေချာချာ စဉ်းစား။ ဟုတ်ပလား"
"ကိုပေါသွပ်" ရဲစခန်းမှ ထွက်လာသည်။ စောင့်နေကြသော သူငယ်ချင်းများက အခြေအနေကို ၀ိုင်းမေးကြရာ ၎င်းက ၀င့်ကြွားသံဖြင့် ဖြေလိုက်သည်။
"အားလုံး အိုကေပဲ။ အလုပ်ဝင်တဲ့ ပထမနေ့မှာပဲ လူသတ်မှုကို စုံစမ်းဖို့ တာဝန်ပေးလိုက်ပြီကွ"
- - - - - - - - - - - - - - - - - - - - ~ ! ~ - - - - - - - - - - - - - - - - - - - -
ရှက်စရာကြီး
စိတ်ရောဂါအထူးကုဆေးခန်းတွင် ဖြစ်သည်။
"ဒေါက်တာ၊ ကျွန်တော်လေ မနေ့က ခြေထောက်မှာ ၀တ်ထားတဲ့ ခြေအိတ်ကလွဲလို့ ကိုယ်ပေါ်မှာ အ၀တ်အစား ဘာမှမကပ်ဘဲ လမ်းပေါ်လျှောက်ပြေးမိတယ်။ ရှက်လိုက်တာ ဆရာရယ်"
"အရင်တုန်းက ဒီလိုပဲ ပြေးဖူးသလား"
"မကြာခဏပါပဲ"
"အဲဒီတုန်းကကော အခုလိုပဲ ရှက်စိတ်ဝင်မိသလား"
"ဟင့်အင်း။ အခုတစ်ခါပဲ"
"အဲဒါဆို ဘာဖြစ်လို့ အခုမှ ရှက်စိတ်ဝင်ရတာလဲ"
"ကျွန်တော့်ခြေအိတ်တစ်ဖက် အပေါက်နဲ့ဖြစ်နေလို့"
- - - - - - - - - - - - - - - - - - - - ~ ! ~ - - - - - - - - - - - - - - - - - - - -
၃၂ ချောင်းရှိလို့ တော်တော့တယ်
သွားကုဆရာဝန်က အားနာသံဖြင့်ပြောသည်။
"ဆောရီးပဲ။ ကောင်းတဲ့သွားကို ကျွန်တော်နှုတ်မိတယ်။ နာနေတဲ့ ခင်ဗျားသွားကို ထပ်နှုတ်ရလိမ့်မယ်ဗျာ"
ရှုံ့မဲ့နေရာက လူနာပြန်ပြောသည်။
"ဘယ်တတ်နိုင်မလဲ။ နှုတ်ပေါ့။ အင်း ဒေါက်တာသာ မျက်စိဆရာဝန်ဆိုရင် ဒုက္ခ"
တိုတိုထွာထွာ ဘာသာပြန်ဟာသများ (၁)
မိန်းကလေး >> အချစ်နဲ့ဆိုင်တဲ့ ပို့စကတ်လေးတွေ လိုချင်လို့ပါ။
ဈေးသည် >>> ဒီ ကတ်ကလေးဆိုရင်ရော၊ ဒီမှာ ရေးထားတာလေး အရမ်းမိုက်တယ်၊ "အမြဲတမ်းချစ်ရတဲ့ တစ်ယောက်တည်းသူအတွက်" တဲ့။
မိန်းကလေး >> ကျွန်မကို အဲဒီကတ် (၁၀)ခု ပေးပါ။
(၂)
အသက်(၆၀)အရွယ် ဇနီးမောင်နှံ(၂)ဦးသည် သူတို့၏ အနှစ်(၄၀)ပြည့် မင်္ဂလာအခမ်းအနားကို အိမ်မှာပင် တိတ်တဆိတ် ကျင်းပပြုလုပ်ကြသည်။ တစ်ဦးနှင့်တစ်ဦး ငယ်မူပြန်ကာ ချစ်စကားများပြောခြင်း၊ အပြန်အလှန် ယုယုယယနမ်းခြင်းများ ပြုလုပ်လျက်ရှိကြသည်။ သူတို့၏ အတိတ်ကာလများက ပျော်ရွှင်ဖွယ်ရာနေ့ရက်များအကြောင်းကို တစ်ဦးကိုတစ်ဦး ပြန်ပြောင်းပြောဆိုနေကြသည်။ သေချာသည်ကတော့ နှစ်ဦးစလုံး၏ မျက်လုံးများတွင် ကြည်နူးပျော်ရွှင်ရိပ်များနှင့် ပြည့်နှက်နေခြင်းပင်။
သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်ကြီးမားပုံကို သဘောကျလွန်းသည့်အတွက် အချစ်နတ်သမီးသည် ကိုယ်ထင်ပြလေသည်။ ထို့နောက် သူတို့နှစ်ဦးကို နှစ်သက်ရာ ဆုတစ်ခုစီတောင်းရန် ပြောဆိုလေသည်။
အဘွားအိုက စတင်ပြောသည်။
"ခင်ပွန်းဖြစ်သူနဲ့အတူ ကမ္ဘာတစ်ပတ် ခရီးထွက်ချင်ပါတယ်"
ချက်ချင်းဆိုသလိုပင် အဘွားအို၏ လက်အတွင်းသို့ ပင်လယ်ကမ်းခြေခရီးစဉ် လေယာဉ်လက်မှတ်များ ရောက်ရှိလာသည်။
အဘိုးအို၏ အလှည့်ဖြစ်သည်။
"ကျွန်တော့်ထက် အသက်(၃၀)လောက်ငယ်တဲ့ အမျိုးသမီးအဖော်တစ်ဦးကို လိုချင်ပါတယ်" ဟု ဆုတောင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် အဘိုးအိုသည် အသက်(၉၀)အရွယ် ဖြစ်သွားလေသည်။
(၃)
အရှင်ဘုရား၊
တပည့်တော်မရဲ့ ခင်ပွန်းဖြစ်သူကို နားလည်နိုင်ဖို့အတွက် အသိဉာဏ်ပညာများ ပေးသနားတော်မူပါ။
သူ့ကို နားလည်နိုင်ဖို့အတွက် တပည့်တော်မကို ချစ်ခြင်းမေတ္တာတွေ ပေးသနားတော်မူပါ။
သူ့ရဲ့ အကျင့်စရိုက်တွေအတွက် တပည့်တော်မကို သည်းခံခွင့်လွှတ်စိတ်တွေ ပေးသနားတော်မူပါ။
တပည့်တော်မကို ခွန်အားတွေ ပေးသနားတော်မူဖို့ ဆုမတောင်းလိုတော့ပါ။
ဘာကြောင့်လဲဆိုတော့ သူ့ကိုသေအောင် ရိုက်သတ်မိမှာစိုးလို့ပါဘုရား။
(၄)
"ကျွန်မခွေးကို မကြောက်ပါနဲ့ရှင်" ဟု အိမ်ရှင်မက ဈေးသည်ကို ပြောသည်။ တစ်ဆက်တည်းပင် "ဟောင်တဲ့ခွေးတွေဟာ မကိုက်တတ်ဘူးဆိုတဲ့ စကားပုံကို ရှင်မသိဘူးလား" ဟုလည်း မေးလိုက်သည်။
ဈေးသည်က ပြန်ဖြေသည်။
"အဲဒီစကားပုံကိုတော့ ကျွန်မသိတာပေါ့ရှင်၊ ဒါပေမယ့် ရှင့်ခွေးက အဲဒါကို သိ-မသိဆိုတာ ဘယ်လိုလုပ်သိနိုင်ပါ့မလဲ"
(၅)
ကျွန်တော်တို့ လူသားတွေရဲ့ ဘ၀ဟာ အဆင့်(၃)ဆင့်နဲ့ တည်ဆောက်ထားပါသတဲ့။
ဆယ်ကျော်သက်အရွယ်
(အချိန်ရှိတယ်) + (ခွန်အားရှိတယ်) ...... (ဒါပေမယ့် ပိုက်ဆံမရှိဘူး)
အလုပ်လုပ်တဲ့အရွယ်
(ပိုက်ဆံရှိတယ်) + (ခွန်အားရှိတယ်) ...... (ဒါပေမယ့် အချိန်မရှိဘူး)
လူကြီးပိုင်းအရွယ်
(ပိုက်ဆံရှိတယ်) + (အချိန်ရှိတယ်) ...... (ဒါပေမယ့် ခွန်အားမရှိတော့ဘူး)
(၆)
ကလေးငယ်တစ်ဦးသည် စတိုးဆိုင်ထဲမှထွက်လာမည့် မိခင်ဖြစ်သူကို လမ်းပေါ်၌ စောင့်ဆိုင်းနေလေသည်။
ထိုအချိန်တွင် လူတစ်ဦးရောက်လာပြီး ကလေးငယ်အား မေးမြန်းသည်။
"ဖိုးသားရေ၊ စာတိုက်ကို ဘယ်လိုသွားရမလဲဆိုတာ ဦးကိုပြောပြနိုင်မလားကွ"
"ဟုတ်ကဲ့၊ ဒီကနေ တည့်တည့်သွားပြီး လေးလမ်းကျော်ရောက်ရင် ညာဘက်ကို ချိုးလိုက်ပါ၊ စာတိုက်ကို ရောက်ပါလိမ့်မယ်" ဟု ကလေးငယ်က ပြန်ဖြေလေသည်။
မေးသည့်လူသည် အရမ်းကျေးဇူးတင်သွားပြီး ကလေးငယ်အား "ဦးက ဒီမြို့ကိုပြောင်းလာတဲ့ သင်းအုပ်ဆရာအသစ်ပါ။ ဒီအပတ် တနင်္ဂနွေနေ့ကျရင် ဦးရဲ့ဘုရားရှိခိုးကျောင်းကို လာခဲ့လေ။ ကောင်းကင်ဘုံကို ရောက်နိုင်တဲ့လမ်းကို ဦးက သားကို ပြောပြမယ်"
ကလေးငယ်သည် အံ့သြတကြီးဖြင့် ပြန်ကြည့်လျက် ထိုသူအား ပြန်မေးလေသည်။
"သေချာရဲ့လားဗျ၊ ဦးလေးက ဒီမြို့မှာရှိတဲ့ စာတိုက်ကိုတောင် ဘယ်လိုသွားရမှန်း မသိတဲ့ဟာပဲ"
******************
အင်တာနက်ပေါ်က ဖတ်မိသမျှလေးတွေကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ ရယ်ရတယ်ဆိုရင်တော့ မူရင်းဟာသတွေကိုက ကောင်းနေလို့ပါ။ ရယ်လည်းမရယ်ရဘူးဆိုရင်တော့ ကျွန်တော်ဘာသာပြန်ထားတာ ညံ့နေလို့ဖြစ်ပါတယ်..