ကြိုတင်ငွေဖြည့်ကဒ်နဲ့ ကင်ဆာ
ကြိုတင်ငွေဖြည့်ကဒ်နဲ့ ကင်ဆာ
အမေရိကန်နိုင်ငံမှ Dr. Brian Berry ဆိုသူက ကင်ဆာရောဂါအသစ် တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုပြီး အင်တာနက်မှာ သတင်းတစ်ခု ပျံ့နှံ့နေခဲ့ပါတယ်။ အဲဒီကင်ဆာကတော့ အရေပြားကင်ဆာတစ်မျိုးဖြစ်ပြီး Silver Nitro Oxide ကြောင့်ဖြစ်ရတယ်လို့ သူကဆိုပါတယ်။
Silver Nitro Oxide နဲ့ အလွယ်တကူထိတွေ့နိုင်တဲ့အရာကတော့ အခုခေတ်မှာလူတော်တော်များများ ထိတွေ့သုံးစွဲနေတဲ့ ဖုန်းကြိုတင်ငွေဖြည့်ကဒ်များ ဖြစ်တယ်လို့ Dr. Brian Berry က ဆိုပါတယ်။
ဖုန်းကြိုတင်ငွေဖြည့်ကဒ်များမှာပါရှိတဲ့ ခဲခြစ်များမှာ Silver Nitro Oxide တွေပါဝင်နေတာကြောင့် ကြိုတင်ငွေဖြည့်ကဒ်တွေကို ခဲခြစ်မယ်ဆိုရင် လက်သည်းနဲ့မခြစ်ပဲ အရာဝတ္တုတစ်ခုခုနဲ့ခြစ်ဖို့ Dr. Brian Berry ကတိုက်တွန်းထားပါတယ်။
လက်သည်းနဲ့ခြစ်တာများရင် လက်သည်းကတစ်ဆင့် Silver Nitro Oxide များ အရေပြားကို ထိတွေ့နိုင်ပြီး အရေပြားကင်ဆာ ဖြစ်နိုင်ချေ ပိုမိုများပြားလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီသတင်းဟာ သတင်းမှန်ဟုတ်၊မဟုတ် အတည်ပြုချက်မရရှိပေမယ့် ကြိုတင်ဆင်ခြင်နိုင်ရန် ဖော်ပြထားခြင်းဖြစ်ပါတယ်။
Posted From SeñorAye Thein
Thit Htoo Lwin blog

မြန်မာအမျိုးသမီးများ ။ သိစေချင်...
အ၀တ်လဲခန်းထဲမှာ Hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား........
ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့
အ၀တ်အစားလဲခန်း..... (အ၀တ်အထည်အသစ်တွေကိုစမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ
မသမာသူတွေက hidden camera (လျှို့ဝှက်... ကင်မရာ) တွေ
တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့်
ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို
ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone
နဲ့စမ်းသပ်တဲ့နည်းပါပဲ။
၁။ အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။
၂။ အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။
၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ Hidden
camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော
့Hidden camera ရဲ့ ဖိုင်ဘာကေဘယ်က Mobile phone လိုင်းကို
အနှောက်အယှက်ဖြစ်စေလို့ပါပဲ။
နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ...
ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊
စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ
မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ်
နှစ်ဘက်မြင်မှန် (two way mirror)တွေလားဆိုတာသင်သံသယ၀င်ဖူးပါသလား?
Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့
သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင်
သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ်
စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။
အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ
သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို
သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။
၁။ သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။
၂။ သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့
သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန်ကြေးမုံပြင်ပါ။
၃။ သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့
လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ် ၊
ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way
mirror) ပါပဲ။
ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့
မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့်
ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို
လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။ ဒီစာလေးကို သင့်ရဲ့
သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေဆီကို forward လုပ်ပေးပါ။
ဒီစာလေးကိုမျှဝေခြင်းအားဖြင့် အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့
သိက္ခာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
By: Win Paphyu

တိဗက်မှာ လူသေတွေကို မြေမြှပ်မသဂြိုဟ်ဘူးတဲ့ သူတို့နည်းကြီးက ကြောက်ဖို့ကောင်းတယ်
ကောင်းတဲ့ဘက်ကကြည့်ရင်တော့ သင်္ချိုင်းမြေမလိုတော့ဘူးပေါ့
မီးနဲ့လည်း မသဂြိုဟ်ရတော့ အကုန်လည်းသက်သာတယ် ငွေကုန်လူပန်း သက်သာတာပေါ့
ကုသိုလ်လည်းရတယ်၊ သတ္တ၀ါတွေအစာကျွေးရလို့လေ
ဒါပေမယ့် ဘယ်လိုပဲဖြည့်တွေးတွေး ကြက်သီးထစရာကြီး..။

လူသေကို ဒီလိုမျိုးလေး မှောက်ခုံချလိုက်တယ်။
ပြီးတော့ ဓါးလေးနဲ့ တစ်ကိုယ်လုံးကို ပါးပါးမွှန်းတယ်။
ပြီးတော့… ယခုလို ငှက်တွေကို ကျွေးလိုက်တယ်။ လဒတွေပေါ့ဗျာ။
လဒတွေကလည်း ပျော်တာပေါ့ဗျာ။ အလွတ်လာကျွေးတာကိုး။
အဲဒီလိုနဲ့ ၀ိုင်းကြိတ်လိုက်တဲ့ နောက်ပိုင်းမှာတော့…လူက အရိုးနဲ့ အသားစ အနည်းငယ်ပဲ ကျန်ပါတော့တယ်။

သုဘရာဇာကြီးကတော့ ထိုင်ကြည့်နေတာပေါ့ဗျာ။ အရိုးကျမှ သူ့အလုပ်ကို သူဆက်လုပ်ရမှာကိုးဗျ။
တွေ့တယ်ဟုတ်။ လဒတွေ ဘယ်လိုစားလိုက်လဲဆိုတာ။ အရိုးပဲ ကျန်တယ်။
အဲဒါကြောင့် လားရှိုးသိန်းအောင်က ဒီလိုဆိုသွားတာ…
“ဆင်သေကောင်နားနားမှာ တစ်ဝဲလည်လည်” ဆိုတာ ဒီကောင်တွေကို ပြောတာ ။
အဲဒီတိဘက်တောင်းတန်းတွေဘက်မှာက ဗိုက်ဆာနေတဲ့ လဒအုပ်နဲ့တိုးရင်
ဆင်တောင် မခံနိုင်ဘူးဗျို့ ။ အဟုတ်။

အရိုးပဲ ကျန်ပြီဆို။ သုဘရာဇာကရဲ့ အလုပ်က ပြန်စပြီ။ သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေကို အရိုးပြာအိုးလုပ်ဖို့ အတွတ်၊ အရိုးသီးသန့်ပေးရပြီလေ။
တစ်ချို့တွေက ရေမျောသင့်တန်မျောတယ်။ အိုးလေးထဲထည့်ပြီးတော့ပေါ့။ တစ်ချို့ကျတော့လည်း အရိုးတွေကို ထုထောင်းပြီး အိုးထဲထည့်ပြီး ကိုးကွယ်တယ်။
ပိုလျှံတဲ့ အသားစတွေကိုလည်း မြေမြုပ်သင့်တန် မြေမြုပ်ပေါ့ဗျာ။ ၀န်ပေါ့သွားတာပေါ့။

အဲဒီ တစ်ခုသော ဗုဒ္ဓဘာသာ တိဖက် အနွယ်ဖွားတွေက သစ်ပင်ရှားတဲ့ ကုန်းမြင့်ပိုင်းမှာနေကြပါတယ် ။
သူတို့ ဆီမှာ လူသေရင် အယူအရ မြေမြှုပ်တဲ့အလေ့မရှိဘူး မီးရှို့ဖို့က ကျတော့လည်း ထင်း က ရှားပါးလို့ ဒီလို ငှက်တွေ လင်းတတွေကို ကျွေးတဲ့ အလေ့ ဖြစ်လာတယ်လို့ ဆိုပါတယ် ။
မိမိ အိမ်မှာ လူသေပြီဆိုတာနဲ့ အဲဒီ လူသေရုပ်လောင်းကို အိပ်ယာခင်းစ အ၀တ်တွေနဲ့ ကျပ်ထုတ်နေအောင် ကြိုးနဲ့ အထပ်ထပ်စည်းရတယ် ။
အသုဘချမည့်နေ့ကြမှ အဲဒီ အလောင်းကို သား သမီးဖြစ်သူက ပလိုင်းများ လွယ်သလို ခေါင်းမှာ ကြိုးတစ်စ တင်ပြီး အလောင်းကို မြှုပ်မည့်နေရာ
သယ်သွားရတယ် ။ ငှက်တွေကတော့ အစာစား ရတော့မယ် ဆိုတာ သိလို့ အနားမှာ ရစ်သီရစ်သီ ဖြစ်နေကြပြီပေါ့ ။ အသုဘ အခန်းအနားမှာ
ဘုန်းကြီးတွေ တရားဆို ဘာညာ လုပ်ပြီးပြီဆိုမှ ဆွေမျိုးသားချင်းရော လာပို့သူ လူတွေရော အားလုံး မပြန်မနေရ ပြန်ကြတယ် ။ အဲဒီတော့မှ အဲဒီ
ရွာမှာ ရှိတဲ့ တစ်ဦးတည်းသော ဗုဒ္ဓဘာသာ ၀င် မဟုတ်သူက အဲဒီ အလောင်းကို ဖြည်ပြီး တစ်စစီ ခုတ်ထွင်ပြီး ငှက်တွေကို ကျွေးတယ် .. ငှက်တွေကလည်း အရိုးတောင် မကျန်အောင် စားကြပါတယ် ။
သူတို့ လူမျိုးတွေက အဲလို လူ့ကိုယ်ခန္ဒာကို ငှက်တွေ ကျွေးတာ ကမ္ဘာမြေကိုလည်း ကျေးဇူးဆပ်ရာ ကြတယ်လို့ ယုံကြည့်ကြပါတယ် တဲ့ ။
အဲဒါကို သူတို့က ကောင်းကင် သဂြုင်္ိလ်ခြင်း သို့မဟုတ် Sky Burial လို့ ခေါ်ကြပါတယ် တဲ့ ။

သေသူတို့ကို လမ်းလျှောက်စေခြင်း
ဒီပုံကို အင်ဒိုနီရှား ၀က်ဆိုဒ် တစ်ခုကနေ ရခဲ့ပါတယ်။
Facebook မှာလည်း ရှဲထားတာတွေ့ တယ် ခင်ဗျ။
ပေတ လောကမှာလည်း ဒီပုံကိုရှဲထားသေးပါတယ်။
အနော်တင်တဲ့ အချိန်မှာ တော်တော်လေးတော့ နောက်ကျနေပီ ထင်တယ်။
သေပြီးသား ခန္ဓာကိုယ်တစ်ခု လမ်းလျှောက်ခြင်းပါ။
အဲဒီဟာနဲ့ ပတ်သတ်ပြီး ကျွန်တော် လိုက်ရှာဖြစ်ခဲ့ တယ်။
သူရဲ့ မူရင်း ဖြစ်တဲ့ ၀က်ဆိုဒ်ကိုတောင် ရောက်သွားတယ်။
အဲဒီဝက်ဆိုဒ် ပိုင်ရှင်ကိုယ်တိုင်က အဲဒီလူသေတွေကို ထအောင်လုပ်နိုင်ပါတယ်ဆိုတဲ့ နယ်မြေရဲ့ ဒေသခံတစ်ယောက်ပါ။
သူကိုယ်တိုင် ရေးထားတယ်။ သူဒီလိုမျိုး လူသေကောင်တွေ လမ်းလျှောက်တာကိုလည်း ခဏခဏ တွေ့ဖူးတယ်လို့ ဆိုထားတယ်။
အတွေ့အကြုံရှိတယ်ပေါ့နော်။ အဲဒီအတွတ်သူက အဲဒီဟာတွေ တကယ်ရှိတယ်ဆိုပြီးတော့  ရေးထားတယ်။
လက်လှမ်းမှီသလောက် လိုက်ရှာကြည့်တော့ အဲဒီနယ်မြေက လူမျိုးစု နှစ်ခုရဲ့ တူမလိုလိုနဲ့ ကွဲလွဲတာတွေ အကြောင်းလည်း သိခဲ့ရတယ်။
အဲဒီလူသေကောင်ကို လမ်းလျှောက်စေတာဟာ Black Magic သူတို့ အခေါ်ပေါ့။
ကျွန်တော်တို့ကတော့  အောက်လမ်းခေါ်တာပေါ့နော်။ အဲဒီ ပညာကို သုံးထားတယ်။
အဲဒီပညာတွေကို Indonesian နိုင်ငံရဲ့ Tana Toraja ဆိုတဲ့ နေရာက လူတွေက ကျွမ်းကျင်ကြတယ်။ အဲဒီနယ်မြေက လူတစ်ချို့ ဟာ လူသေကောင်တစ်ကောင်ကို အသက်ဝင်ပြီး လမ်းလျှောက်လာနိုင်အောင် အမိန့်ပေးနိုင်တယ်လို့ ဆိုတယ်ခင်ဗျ။ အဲဒီလိုဟာတွေကို ဘယ်မှာလုပ်လဲဆိုတော့ …. ဥပမာ။
၇ွာတစ်ရွာမှာ လူတစ်ယောက်သေတယ်။ အဲဒီသေသူရဲ့ အသုဘ အခမ်းအနားမှာ မှော်ဆရာဟာ
လက်ဆောင် အဖြစ်နဲ့ သေသူကို နိုးထပေးတယ်။ အလကားနိုးတာတော့ မဖြစ်နိုင်ပါဝူး။ မန်းနီးတော့ ပေးရမှာပါ ဟီး ။
ဒီလိုနဲ့ သေသူနဲ့ ဆွေးမျိုးတော်သူတွေဟာ… အလောင်းကောင်ကြီးကို ၀န်းရံထားရတယ်ဗျ။
ပြီးတော့ ၀ိုင်းမေးကြတယ်။
“ဟဲ့…နင် အခုဘယ်လိုနေလဲ။ ငါတို့ ပေးလိုက်တာတွေ ရလား။ မရရင်လည်း ထပ်မပေးနိုင်တော့ဝူး။
ငါတို့ လည်း ပြောင်နေပြီ”
“နင် နောင်ဘ၀မှာ ဘာဖစ်နေလဲ။ မြွေလား၊ ကြက်လား၊ ခွေးလား၊ လူဘ၀ ပြန်ရောက်ရဲ့ လား?
ရောက်ရင်လည်း ငါ့ဗိုက်ထဲမ၀င်စားနဲ့ နော်။ နင့်ဆို “တစ်ခါခံ၊ ဆယ်ခါ ဆလံ” တတယ်” ။
ဟီး ။ နောက်တာ။ အဲဒီလို သွားမေးလို့ မရဘူးဗျ။
အဲဒီလို သွားမေးလိုက်ရင် အဲဒီအလောင်းကောင်က စိတ်ကောက်ပြီး ဘုတ်ခနဲ ဆိုပြီး နောက်တစ်ခါ
ပြန်သေသွားတယ် ဆိုဗြဲ ဟေးဟေး ။ (သောက်ပို၊ လိမ်ဆင်)
သူတို့ တွေ အဲဒီလူသေကောင်ကို တိုက်ရိုက် စကားပြောလို့မရဘူးဗျ။ လူသေကောင်က Silence Path ကို ရွေးချယ်ထားတယ်လို့ ဆိုတယ်။
အလောင်းကောင်ရဲ့ အမူအရာက လမ်းလျှောက်ရင့် တောင့်တောင့်ကြီးဖြစ်နေမယ်။ မျက်နှာမှာလည်း ဘာခံစားမှု အရိပ်အရောင်မှ မတွေ့ရတော့ဝူး။
သူတို့ ဒီလို အားအားယားယား သေသူကို ပြန်ခေါ်ရတဲ့ အကြောင်းရင်းက ဒီလိုဗျာ။
သူတိုတွေဟာ… ခရီးဝေး ထွက်ရမှာ ကြောက်တယ်လို့ ဆိုကြတယ်။
အဲဒီလို ခရီးဝေးထွက်ပြီး လမ်းမှာ သေခဲ့ရင် သေသူရဲ့ ဝိဥာဉ် အိမ်မပြန်လာနိုင်မှာဆိုးလို့ အဲဒီဝိဥာဉ်ကို ရွာကို ပြန်လာနိုင်အောင် ခေါ်ကြတာ။
ပြီးတော့ ၀ိဥာဉ်ပြန်လာရင် ဆွေမျိုးတွေနဲ့ တွေ့တယ်။ အဲဒီဆွေမျိုးတွေက ၀ိဥာဉ်ရဲ့  နောက်ဘ၀ကို ဂိုက် လိုင်းပေးတယ်လို့ ဆိုတယ်။
( စိတ်ညစ်တယ်။ ဘာဒွေမှန်းကို တိဝူး ) အမှန်တော့ မြေမြုပ်လိုက်တယ်ဆို ပြီးနေတာကို ။ လျှောက်ရှည်နေတယ်။ အင်္ဂလိပ်စာက ဟင့်နော်။
စိတ်ရှုပ်တယ်ဗျာ။ သူတို့ ရေးထားတာတွေက။ အနော် သိတာပဲ ပြောတော့မယ်။
ဟိုးအရင်တုန်းက Tana Toraja မှာ အုပ်စုနှစ်ခု ကွဲနေတယ်။ အနောက်ရယ်။ အရှေ့ ရယ်။
အနောက် နဲ့ အရှေ့ ဖိုက်တယ်။ အနောက်က ရှုံးတယ်။ ဘာလို့ ရှုံးလဲဆိုတော့… သေသူများလို့။
အရှေ့ ကလည်း သေတယ်။ နည်းတယ်။
အယ်…အဲဒီစစ်ပွဲမှာ အနောက်ဘက်က လူတွေက သူများထက်ထူးတယ်။
သေသွားတဲ့ အလောင်းကောင်တွေဟာ…. ထပြီးတော့… သူတို့ အနောက်ဘက်ရွာတွေဆီကို ပြန်ကြတယ်။
ဘာလို့ ပြန်ကြလဲဆိုတာတော့ အနော်လည်း သွားမမေးမိဝူး။ အမျိုးတွေရှိလို့ ပြန်ကြတယ်ပဲ ထင်တာပဲ။
Tana Toraja က လူတွေကလည်း… သေသူတွေရဲ့ ဝိဥာဉ်တွေဟာ…သူတို့ ဆွေမျိုးတွေဆီကို ပြန်လာကြတယ်လို့ မှတ်ယူကြတယ်။
သေသူရဲ့ ဝိဥာဉ်တွေ ပြန်လာတော့…ရွာကလူတွေက မြေမြုပ်သဂြိုလ် ပေးကြတယ်။
ဟုတ်တယ်လေ။ စစ်ပွဲမှာ သွားကောက်ပြီး ရွာပြန်သယ်ရင်… ဝေးကြီး ပင်ပန်းတယ်။
အဲဒီတော့ ပညာနဲ့ ခေါ်လိုက်တယ်။ အလောင်းက ထလာတယ်။ မြေမြုပ်လိုက်တယ်။ ပြီးယော ။
အခုလုပ်ပြထားတဲ့ ပုံကလည်း အဲဒီလိုမျိုး ဖစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ အလောင်းကို သေသေချာချာ ကြည့်ပါ။
ရွဲနေပြီ တွေ့လား။ ပုံလည်း ပျက်နေတယ်။ အပျိုလား? အအိုလား? တောင် ခွဲလို့မရတော့ဝူး။ ချက်ခြင်းသေတဲ့ သူကို အသက်ပြန်သွင်းရင် ဒီလောက်ပုံဘယ်ပျက်လိမ့်မလဲ? နော့။
သူတို့တွေ ဘယ်လို ဂိုက်လိုင်းပေးတာလဲတော့ မသိပါဘူး။ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးတွေ ရှိပါတယ်။
ဒါပေ့မယ် သူတို့တွေနဲ့ တော့ ကွာတယ်။ ဘာလို့လဲ ဆိုတော့…
ဒီမှာလည်း သေသူတွေရဲ့  ၀ိဥာဉ်တွေကို ခေါ်ပေးတယ်။ တစ်ယောက်ယောက်ကို ၀င်ပူး ပြီး မေးလို့ရတယ်။ မြန်းလို့ရတယ်။
ဟိုကလိုချည်းတော့…. အလောင်းကြီး ထလာအောင် မလုပ်ပေးဝူး။ လုပ်ပေးရင်လည်း စည်ပင်နဲ့ အဆင်ပြေမယ် မထင်ဝူး။ ဟီး နောက်တာ။
အလောင်းကြီး ငုတ်တုတ် ထလာအောင်က လုပ်လို့ရပါတယ်။ နေ့ခင်းဘက်ကြီး လုပ်တာတော့ အနော်မမြင်ဖူးဘူး။ ညဘက်လုပ်တာတွေပဲ စာထဲမှာ ဖတ်ဖူးတယ်။
ပြီးတော့ နောက်တစ်ချက်။ သူတို့က ရေးထားတယ်။ အဲဒီလိုမျိုး လူသေကောင်ကို ခေါ်နိုင်တဲ့ လက်တွေ့ စွမ်းရည်မျိုးကို တိ၇ိစ္ဆာန်တွေနဲ့ လည်း စမ်းသပ်လို့ရပါတယ်တဲ့။
သူတို့ကတော့ ကျွဲကို ယစ်ပူဇော်တာနဲ့ ပြထားတယ်။ ဆိုလိုရင်းက တိရိစ္ဆာန်တစ်ကောင်ကို ခေါင်းဖြတ်လိုက်တယ်။ ခေါင်းနဲ့ ကိုယ်နဲ့ အိုးစားကွဲသွားတယ်။
ဒါပေ့မယ်… ကျန်ခဲ့တဲ့ ကိုယ်ခန္ဓာတစ်စိတ်တစ်ပိုင်းက မတ်တပ်ရပ်ပြီး ဟိုရမ်း၊ ဒီ၇မ်းနဲ့ ဆယ် မိနစ်လောက် နေနိုင်တယ်။ သွေးရူး၊ သွေးတန်းဖြစ်နေတဲ့ အခါမျိုးပေါ့။
ဒီတော့… လူတွေမှာလည်း ဒီလိုမျိုးရှိတယ်။ ဆယ် မိနစ်ကို အသုံးချတယ်လို့ သူတို့ရေးထားတဲ့ စာမှာက သွယ်ဝှိုက်ပြီး ပြောထားတဲ့ သဘောရှိတယ်။
ကျွန်တော်ကတော့ … ဒီလိုထင်တယ်။ မှော်ဆရာပဲဗျာ။ မွှေးထားမှာပေါ့ သရဲတွေ။ အလောင်းက သေပြီးသားဟာကို ဘယ်လိုလုပ်… အသက်ပြန်သွင်းမလဲ? ။
အဲဒီတော့ သူ့တပည့်လက်သားတွေနဲ့ အလောင်းကို ပြန်ယူခိုင်းမယ်။ ဒီလိုပဲ ထင်တယ်။ ဘာလို့လဲဆိုတော့…သူတို့ ရေးထားတယ်။ အလောင်းကောင်ကို တိုက်ရိုက် စကားပြောလို့မရ၀ူးတဲ့။ ပြောလိုက်ရင် ဘုတ်ခနဲ ပြုတ်ကျသွားပါတယ်ဆိုမှ ။ မှော်ဆရာကပဲ အလောင်းနဲ့ ဆွေမျိုးကြား ကြိုးကိုင်တယ်ထင်တယ်။
မှားလား…မှန်လားတော့ တိဝူးနော်။ အနော်လည်း အင်္ဂလိပ်စာ အရမ်းကြီး မဂျွတ်ပါ။ သိသလောက်လေးနဲ့ အာဖျံကွီးလုပ်ကြည့်တာ။
အဲဒီတော့ ကျွန်တော် ပြောချင်တာကတော့ ဒီလောက်ပါပဲ။ ကျွန်တော် မှားရင်လည်း၊ မှားနေလိမ့်မယ်။ မူရင်းတွေ တင်ပေးလိုက်ပါတယ်။
ဖတ်ကြည့်ကြပါ။ မှားရင်လည်း ၀င်ထောက်ခဲ့ပါ။ ကျွန်တော်နဲ့ အတူ နောက်ဖတ်တဲ့ သူတွေလည်း ပညာရတာပေါ့ဗျာ။
ဒါက မူရင်းဆိုဒ်မှာ ရေးထားတာပါ။
“MO – The body of work, not just a story of Mamasa . Apparently in Toraja was there the same stories. Here’s a story of a blogger, his experience watching dead men walking.
As a native Toraja people, I am very often asked by teman2 about the unique culture of Tana Toraja in particular about the phenomenon of dead men walking.
I myself was born and grew up in Tana Toraja, so I know about the customs & culture in Tana Toraja, although no overall control of the origin and all sorts of custom stuff Toraja.
hundreds of years ago supposedly civil war in Tana Toraja the West Toraja Toraja people fought against the East. the war was defeated Western Toraja people because most of them were killed, but at the moment will come home to their villages throughout the West Toraja people walking corpse, while the East Toraja people, although only a few are killed but they carried the bodies of their dead relatives, because the incidence The battle is considered the series. on subsequent offspring Toraja people often bury his body in a way it runs its own corpse into the grave.
The phenomenon of “walking corpse” that I myself have witnessed it firsthand. The incident occurred around 1992 (I had class 3 SD). at that point in my village there is a named Pongbarrak whose mother died. such as the indigenous Toraja people do not immediately buried the bodies but still must go through the customary funeral procession (signs for solo ‘). that moment when they had washed the corpse of the mother laid in bed in a special chamber before being put into the coffin. I was sitting on the porch so the kids know like going back and forth. but after the meeting is complete (about 10 pm), there was a sudden commotion in the house where some mothers yelling. out of curiosity I tried to look into the home and the goodness of the dead men walking out of the room, cash only I and my teman2 screaming hysterically and ran down the stairs. I ran and got my dad said, hysterical with fear. after that I was immediately taken back home by my father and I do not know what happened next. The next day the incident was apparently quite excited discussed by the citizens and the information I have heard that Pongbarrak who do so. he allegedly wrote for fun to make jokes at the dinner.
In the days are now so rare Toraja people who practice it, although there are still many generations who have such knowledge. but they still often practiced on animals such as chicken or buffalo are pitted in a state of broken neck. Animals such as buffalo that have been beheaded and skinned habispun, could still be up and running fast, there raged here!”….
Refer to http://mamasa-online.blogspot.com/2009/11/mayat-berjalan-di-toraja.html
ဒါက နောက်ဆိုဒ်တစ်ခုက။ သူလည်း mamasa က ပိုစ်ကို ကူးထားတာပဲ။ ဒါပေ့မယ် သူဆီမှာ ပိုစုံတယ်။
“Only in Indonesia (especially Toraja), a corpse is usually being
carried up to the grave, but in Toraja, the corpse is woken up letting it
walk to its grave (is rarely performed anymore)
The corpse is woken up using black magic. This is done because in Toraja
the graves/cemetries is placed above limestones mountains.
The corpse walks by itself, and its guided by an expert in black magic behind it.
But there is one prohibition, the corpse shouldn’t be appointed, once pointed,
the corpse falls down and isn’t able to walk again”
“To Make a Dead Man Walk
In times past, when the villages of Tana Toraja were still extremely isolated and difficult to visit, it is said that certain people had the power to make a dead man walk to his village in order to be present at his own funeral. In this way, relatives of the deceased were spared the necessity of having to carry his corpse. One particular area, Mamasa ? West Toraja, was particularly well-known for this practice. The people of this area are not strictly speaking of the same ethnic group as the people of Tana Toraja. However, outsiders often refer to them as Toraja Mamasa. In many ways, the cultures of the two groups are similar, although they each have their own distingushing characteristics. In particular, the style of wood carving of the two groups is different.
According to the belief system of the people of Mamasa, the spirit of a dead person must return to his village of origin. It is essential that he meet with his relatives, so that they can guide him on his journey into the after-life after the ceremonies have been completed. In the past, people of this area were frightened to journey far, in case they died while they were away and were unable to return to their village. If someone died while on a journey, and unless he has a strong magic power, it would be necessary to procure the services of an expert, to guide the dead person back to the village.
This is not intended metaphorically-the dead person would be made to walk from wherever he had journeyed back home, no matter how far away that was. The corpse would walk stiffly, without any expression on his face, in the manner of a robot. If anyone addressed the dead man directly, he would fall down senseless, unable to continue his journey. Therefore, those accompanying the deceased on the macabre procession had to warn people they met on their path not to talk directly to the dead man. The attendants usually sought out quiet paths where the procession was less likely to meet with strangers. These days, the practice of walking the dead back to their place of origin has fallen out of currency.
Good roads now connect the villages of Tana Toraja, and people tend to rely on more conventional means of transportation for bringing bodies back home. The ability to bring the dead back to life has not been entirely forgotten, however. Sometimes, even now, the deceased is made to continue breathing and seems alive until all his relatives are gathered around him.More commonly, the skill is practiced on animals. At a funeral ceremony, when a buffalo has been sacrificed and its head separated from its body, the body is made to get up and walk for as long as ten minutes. A demonstration of this sort proves to the audience that the ability to bring the dead back to life has not entirely passed from the community. “
refer to http://www.abovetopsecret.com/forum/thread612235/pg1
မူရင်းဆိုဒ်တွေထဲကို ၀င်လေ့လာရင် ပိုကောင်းပါလိမ့်မယ် ခင်ဗျ။
အနော်လည်း အဲဒီအလောင်းပုံတွေ့ပီးကတည်းက ဟိုမွှေ၊ ဒီမွှေလိုက်လုပ်နေတာ။
အခုမှပဲ ရင်ထဲ အလုံးကျသွားတော့ တယ်။ သိသင့်သလောက် သိသွားပြီဆိုတော့ လေ…။
ဝူး……………မောထှာ…..
ငဇူးဆိုဒ်မှာ ကူယူဖော်ပြထားပါတယ်။