အောက်ပါ ပို့ စ်လေးတွေကတော့ တွေသမျှ ကြားဘူးသမျှ သရဲအကြောင်းလေးတွေစုစည်းပေးထားတာပါ။
ကိုယ်တွေသရဲဇာတ်လမ်းလေးပေါ့ဗျာ။
ရီးခဏခဏ ထွက်လို့ဘဲ ပြောရမလားဘဲ။ ဟိုတယ်တွေမှာ သရဲ ခြောက်တာ ခဏခဏ ကြုံဘူးပါတယ်။
ကိုရီးယား က ဟိုတယ် တခုမှာ ဟိုတယ်နာမည်တော့ မေ့သွားပြီး ခရီးထွက်တာ တညကို ဟိုတယ် တခု အိပ်တာ ဆိုတော့ ၂ရက်ဆက်တိုက် သရဲ ခြောက်တဲ့ ခံစားမှုကို ခံစားခဲ့ရတယ်။
ဟိုတယ်တွေကတော့ အကောင်းစားတွေကြီးဘဲ အခန်းတွေကလည်း ဖွဲ့စည်းပုံက တော်တော် ကျယ်တယ်။ လူနေတိုက်ခန်း တခုလောက်နီးပါးကျယ်ပါတယ်။ ဟိုတယ် ရဲ့ အောက်ဘက် မြေအောက်ထပ်မှာ စူပါမားကတ် တွေ ရှိတတ်ပါတယ်။ အခန်းထဲမှာ ကုတင် ၂ခု အပြင် ရိုးရာ ပုံစံ ခင်းအိပ်လို့ရအောင် အခန်းသီးသန့် တခန်းပါသေးတယ်။ သူ့လူမျိုးတွေ ဓလေ့ အကြိုက် လုပ်ထားလို့ တော့ ပြောတာဘဲ။ အခန်းထဲမှာ မီးဖိုနဲ့ အိုးခွက် အနည်းငယ်စီပါ ပါတယ်။ မိသားစု ခရီးထွက်ရင် ပျော်ပျော်ရွင်ရွင် ချက်ပြုတ်စားသောက်နိုင်အောင် စီမံ ပေးထားတာ ဖြစ်ပါတယ်။
ပထမ တရက်ကတော့ သတိမထားမိဘူး ဒီလိုဘဲ အိပ်ခါနီး အိပ်လိုက်တာဘဲ။ ည ၁၂နာရီ ၀န်းကျင်လောက်မှာတော့ ဟိုတယ် တခုလုံး ဆူညံပြီး နေပြီး နေလို့.. ဘေးအခန်းက လူတွေ အ၀င် အထွက် လုပ်နေတယ် ထင်မိတာပါဘဲ။ မနက်မိုးလင်တော့ ဘေးအခန်းကို ကြည့်တော့ ကိုယ့်လူတွေဘဲ ဘယ်က ကလေးမှ မရှိသလို ကပ်ရပ် အခန်းကလည်း သူလည်း အိပ်နေတာ သူကြားတဲ့ အသံက တခြားတဖက်က ဖြစ်နေတယ် တခြားတဖက်ကလည်း အခန်းနံပါတ်နဲ့ ကြည့်လိုက်တော့ အဖွဲ့ထဲက လူဖြစ်နေပြန်ကော.. ထို လူတွေကို သွားမေးတော့လည်း သူတို့လည်း အိပ်နေတာ ညက ဆူညံသံကြားလို့ ထကြည့်တာ ဘာမှ မတွေ့လို့ ပြန်အိပ်လိုက်တယ် စိတ်ထဲ ဘေးအခန်းက လူရောက်နေတယ် ထင်တယ်လို့ တွေးပြီး အိပ်လိုက်တာနဲ့.. အဲဒီတော့မှ သတိထားမိပြီး ရိတ်စားမိတော့တယ်။
နောက်တရက် နောက်ထပ် ဟိုတယ် တခုမှာ အခန်းသော့လက်ထဲ ရောက်တော့ အခန်းတံခါးဖွင့်ပြီး မီးဖွင့်တော့ မီးမလာဘူး ဒါနဲ့ မန်နေဂျာကို ခေါ်ပြီး ပြလိုက်တယ်။ အခန်းထဲမှာ နှစ်ရှည်လများ လူမနေဘဲ ပိတ်ထားလို့ ဖုန်တွေထူနေသလိုမျိုးနဲ့ အခန်းအတွင်းမှာ စီးဖို့ ပေးထားတဲ့ ဖိနပ်တွေကလည်း လမ်းလယ်ခေါင် ပိတ်လို့ ဟိုတိုးဒီတိုး လုပ်ထားတဲ့ ပုံစံမျိုးပါဘဲ။ မြင်ရတာတောင် စိတ်ခြောက်ခြားစရာ သရဲကား ထဲက အကွက်တွေလို ဖြစ်နေပါတယ်။ ဒီလိုနဲ့ မန်နေဂျာက လာပြီး ကြည့်တော့ သူလည်း လန့်သွားတယ်။ သူတို့ဆီက အခန်းတွေမှာ ဒီလို အခန်းတွေ ရှိလို့လား ပုံစံနဲ့ အခန်းလဲပေးလိုက်တယ်။ ည၁၂နာရီ ၀န်းကျင်လောက်မှာတော့ ကပ်ရပ် အခန်းတွေက အခန်းအတွင်းက ဆူညံသံတွေ ကြားနေရတော့တာပါဘဲ။ နောက် ပြည်တွင်းသွားတဲ့ ခရီးစဉ်မှာလည်း ပြည်မြို့မှာ ဟိုတယ် တခု ရှိတယ် မြို့ထဲက ဟိုတယ် အဲဒီ ဟိုတယ်မှာ အိပ်တော့ တညလုံး တကျိကျိနဲ့ ဆူညံနေတာ မနက်လင်းတော့ ကြည့်လိုက်တော့ အခန်းထဲမှာ ကြွက်က ရေချိုးခန်းထဲက ဆပ်ပြာယူပြီး ကိုက်နေတဲ့ အသံ ဖြစ်နေတယ်။
နောက်တခါ ပြည်မြို့ ရောက်တော့ ဟိုတယ် ပြောင်းတည်းတယ်။ အဲဒီတုန်းက အသစ် ဖွင့်ခါစဘဲ ရှိသေးတယ်။ အခန်းတွေ အများကြီးယူတော့ သူတို့ဆီမှာ အခန်းအကုန်ပြည့်နေပြီ တခန်းကတော့ ရေပူမရဘူး အဲဒါတော့ ရှိတယ် ယူမလားတဲ့။ ရတယ် ယူလိုက်မယ် အိပ်ယုံဘဲ ဆိုပြီး သော့ယူပြီး အခန်းထဲမှာ အထုတ်ချ အေးဆေး အိပ်နေတာ.. ည ၁၂နာရီ ၀န်းကျင်မှာ အခန်း တခန်းလုံး သိသိသာသာ ဆူညံနေပါတယ် တခန်းလုံး လိုက်ထု နေတာ.. ဒုံး ဒုံး ဒုံး ဒုံး ဆိုပြီး ထုနေတာ တခန်းလုံး နေရာ မလပ် ထုနေတာ အိပ်နေတာ နိုးသွားခဲ့တယ်။ အလှူရှိတော့ ပြင်ဆင်ဖို့ ၃နာရီ နိးစက်မြည်တော့ ထပြီး လှုပ်လှုပ်ရှားရှား လုပ်ကော အသံ မကြားတော့ဘူး။ တညလုံးတော့ အိပ်မရအောင် ထုပြီး လူတွေ ထတော့ မနေရဲလို့ ပြေးတာလား မသိဘူး။
နောက် တောင်ကြီး သွားတုန်းက ကလောက ဟိုတယ် တခုမှာပါ။ ကလောဟိုတယ်က ရှေးဟောင်းအိမ်ကြီးလိုမျိုး ဟိုးအရင်က ဆောက်ထားတဲ့ ဒီဇိုင်းမျိုး ပုံစံက သပ်သပ်ရပ်ရပ် ဆိုပေမဲ့ ထူးခြားပါတယ်။ အဲဒီ မှာ အဖွဲ့ထဲမှာ ပါတဲ့ လင်မယား နှစ်ယောက်က ညဘက် ဟိုတယ် အရှေ့မှာ လမ်းထွက်လျောက်တယ်။ အညောင်းပြေ လျောက်ရင်းနဲ့ ခရိယာန် သင်းအုပ် ဘုန်းတော် ကြီး တပါးကို တွေ့လိုက်တယ် သူတို့ ဘက်ကို လျောက်လာတာ မြင်တော့ စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်မိတော့ မျက်နှာ မပါတာနဲ့ ကြောက်ကြောက်နဲ့ ထွက်ပြေးလာကြတယ်။ သူတို့ နဲ့ အနီးအနားမှာ လူတွေ ရှိပေမဲ့ ကျန်တဲ့လူတွေ အဲဒီ ဘုန်းကြိး ကို မမြင်ဘူး။ သူတို့ နှစ်ယောက်ဘဲ မြင်လို့ ပိုပြီး ထိတ်လန့်ပြီး တံခါးတွေ အလုံပိတ် ဘီဒိုတွေ အတင်းတွန်းပိတ်ပြီး တံခါးကနေ ၀င်မလာအောင် လုပ်လို့ အနီးအနား အခန်းတွေ အကုန် လန့်နိုးကုန်တော့တာဘဲ။
ကြုံခဲ့သမျှ ဟိုတယ် သရဲကတော့ အခု လတ်တလော မှတ်မိတာ ဒါအကုန်ဘဲ။

ကျွန်တော်နဲ အပြေးအလွှား။
ဒီ Post ခေါင်းစဉ်ပေးလိုက်ရတာ စိတ်ထဲတစ်မျိုးပဲဗျ။ ကိုယ့် Role များ ပု သွားမလားမသိဘူး ဟီး။ တကယ်လည်း ပုလောက်ပါဗျာ။ မပြေးလို့လည်း မရတော့လို့ ဟီး။ အဲဒီတော့ “ပု” ချင်ရင်လည်း “ပု” ပါစေတော့ဗျာ။ ။ ဒါလေးတော့ ပြန်လည်မျှဝေလိုက်အုံးမယ်။
ကျွန်တော် ဘ၀မှာလည်း သေပြေးရှင်ပြေးက များပါတယ်။ ဒါပေ့မယ် ဒီလောက် ဇောချွေးထွက်ပြီး တစ်ခါမှ မပြေးဖူးဘူးခင်ဗျ။ ဖြစ်ပုံက ဒီလိုရယ်။ ကျွန်တော် ဟိုတစ်လောက ရာဘာခြံအတွေ့အကြုံများ ရေးပြီးတော့ပေါ့ဗျာ။ ရွှေကျင်ဘက်ကို တစ်ခေါက်ဆင်းရသေးတယ်။ ကျွန်တော် ဧက (20) တစ်ခုဝယ်ထားတာရှိတယ်။ အဲဒီမြေကြီးက ညိုပုပ်နေတာများဗျာ။ မက်လောက်စရာပဲ။ မြေဆီမြေနှစ် တော်တော်ကောင်းတယ်။ မြေဆီကောင်းမကောင်း သိချင်ရင် စမ်းတဲ့နည်းရှိတယ်ဗျ။ ဟုတ်မဟုတ်တော့ မသိဘူး။ မြေကြီးကို ပါးစပ်ထဲ နည်းနည်းထည့်လိုက်ရတယ်။ လျှာပေါ်တင်လိုက်တာပါ။ ခါးတဲ့ ဓါတ်ရှိနေတယ်ဆိုရင် အဲဒီမြေကြီးရဲ မြေဆီမှာ ဘာစိုက်စိုက်ဖြစ်သဗျို့ ။
ဟုတ်၊ မဟုတ် မသိဘူးနော်။ ကျွန်တော်တော့ မသိဘူး။ လူကြီးသူမတွေ ပြောတာ ကြားဖူးတာ ။ ထားပါတော့ အဲဒါ။
အဲဒီကျွန်တော်ဝယ်ထားတဲ့ ဧက (20)ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို နည်းနည်းပြောပြမယ်။ သူ့ အနားမှာ ခူလာတောင်ဆိုတာရှိတယ်။
စပ်လျှပ်တောင်ဆိုတာလည်းရှိတယ်။ ကျိုက်ထီးရိုးလေးတောင်ဆိုတာလည်းရှိတယ်ဗျာ။ နီးတယ်ပေါ့။ ခြံကတော့ ကျူတနောတောင်ကုန်းတွေပေါ်မှာ။ ကျွန်တော်ခြံထဲကလှမ်းကြည့်လိုက်ရင် ခူလာတောင်စေတီ၊ ကျိုက်ထီးရိုးလေးစေတီတော် စသည်ဖြင့်ပေါ့ဗျာ။ မြင်နေရတယ်။ ကျွန်တော်ကြိုက်တာက အဲဒါကို ကြီုက်တာ။ ရှုခင်းအရမ်းကောင်းတယ်။ မနက်များဆို၇င်
တောင်ခိုးတွေနဲ့ ဝေဆာနေတာ။ မသိရင် ရှမ်းပြည်ပြန်ရောက်သွားသလိုပဲဗျ။ ရေလည်လန်းတယ်။ ပြီးတော့ အဲဒီနားက ခြံတွေကလည်း
ကျွန်တော်တို့ မောင်နှမခြံတွေများတယ်။ ကျွန်တော်ခြံအပေါ်ဘက်မှာ အကိုခြံ၊ အောက်ဘက်မှာ အမခြံ၊ ဘေးမှာက ဦးလေးခြံ။ ဟိုဘက်တစ်ဖက်က ညီတစ်ယောက်ရဲ့ ခြံဗျာ။ ဒီတော့ ကျွန်တော်ခြံက အလယ်မှာ ။ ဒါကြောင့် ၀ယ်လိုက်တာ။
သို့ပေမယ့် အဲဒီကျူတနောတောင်ကုန်းနေရာကို အရင်က လူသတ်ကုန်းလို့ ခေါ်တယ်ဗျ။ ဒါကလည်း နောက်မှ တစ်ဆင့်ပြန်ကြားတာပါ။
သိရင် မ၀ယ်ပါဘူး။ L ။ ကိုယ်ညံလို့ခံရတာပါ။ မြေကြီးက ၀ယ်ပြီးပြီးဆိုတော့ နယ်အခြေအနေလေးလည်း ကြည့်ရင်းနဲ့ဆိုပြီး ကျွန်တော်
ရွှေကျင်ကိုတစ်ခေါက်ပြန်ဆင်းသွားတာ။
ဖြစ်ချင်တော့ ကျွန်တော်ညီ (ကျော်ကျော်အောင်) တစ်ယောက်ကလည်း သူခြံထဲမှာ တောခုတ်စရာရှိတယ်တဲ့။ အဲဒါ တူတူသွားမယ်တဲ့။
အမှန်တော့ သူက ကျွန်တော်ကို အားကိုးတာ။ သူ့အသက်က အများဆုံးရှိ (19) (18)ဗျာ။ ပြီးတော့ သူခြံထဲမှာရှင်းဖို့ ခေါ်သွားတဲ့ လူတွေကလည်း အရင်တစ်ခေါက်က ကျွန်တော့် ရွာထဲက ခြံကို ရှင်းထားတဲ့ လူတွေ။ ဒီတော့ ကျွန်တော်ဆိုရင် အလုပ်သမားတွေက အကြောင်းသိနေတော့ သိပ်ပြီး ဘုကန့်လန့်မလုပ်ဖူးပေါ့ဗျာ။ သူ့ဆိုရင် ခလေးဆိုပြီး လုပ်ချင်တာ လုပ်တာ။ အလုပ်သမားတွေကလည်း ဒိလိုမျိုးရှိတယ်ဗျ။ အဲဒါနဲ့ သူနဲ့ တူတူသွားဖို့ စီစဉ်လိုက်တယ်ပေါ့ဗျာ။ ညီလေးကတော့ ပြောနေတာ…။
သူခြံကို တောခုတ်ရင် ၃၊ ၄ ရက်လောက်ကြာမှာ။ ဟိုမှာပဲ အိပ်ရမှာတဲ့။ ကျွန်တော်ကလည်း တော၊ တောင် သိပ်မကြောက်တတ်တော့ OK ပေါ့ဗျာ။
ဒီလိုနဲ့ ရွှေကျင်ရောက်ပြီး နောက်တစ်နေ့ ညနေခင်းလောက်မှာ တောင်ပေါ်ခြံထဲက အလုပ်သမားတွေက အကုန်လုံး ပြန်ဆင်းလာကြတယ်။ သူတို့ လုပ်ထားတဲ့ နေ့စားခလေးတွေ ရှင်းပေးပါတဲ့။ တောင်ပေါ်မှာ စားနပ်ရိက္ခာပြတ်သွားလို့။ ပြန်လာတာပါတဲ့။
နောက်တနေ့ ပြန်ဝယ်ပြီး တတ်ပါ့မယ်တဲ့ဗျာ။ အဲဒီလို လာပြောတဲ့ အချိန်မှာ ကျွန်တော်လည်းရှိနေတယ်။ ညီလေးလည်းရှိနေတယ်။ အဖိုး ဦးပိုးပိုးလည်း ရှိနေတယ်ဗျ။ အဖိုးကတော့ သူတာဝန်ယူထားတဲ့ အလုပ်သမားတွေဆိုတော့ အာမခံတယ်ပေါ့နော်။ ဘာပြသနာမှ မရှာပါဘူးလို့ ပြောတယ်။ အဲဒီအလုပ်သမားတွေထဲမှာ ကျွန်တော်ခြံထဲမှာ လုပ်ဖူးတာတဲ့လူက သုံးယောက်လောက်ပဲ ပါတာရယ်။ ကျန်တဲ့သူတွေ ကျွန်တော် မသိဘူး။ ဒါပေ့မယ် နောင်ခါလာ၊ နောင်ခါဈေးဆိုပြီး ပိုက်ဆံရှင်းပေးလိုက်တယ်။ နောက်တစ်နေ့ပြန်တတ်ရင်
ဝယ်ဖို့၊ ခြမ်းဖို့ပါ ဈေးဖိုး ထပ်ပေးလိုက်တယ်ဗျာ။
ဒီလိုနဲ့ နောက်တစ်နေ့ မနက် ငါးနာရီလောက်ကတည်းက ကျွန်တော်ရယ်၊ ကျွန်တော်ညီရယ် ဆိုင်ကယ်တစ်စီးနဲ့ တောင်ပေါ်ခြံကို တတ်သွားလိုက်တယ်။ ခြံထဲရောက်တော့ မနက် ကိုးနာရီလောက်ရှိနေပြီ။ ခြံကို ပတ်ပတ်လည် လိုက်ကြည့်တာပေါ့ဗျာ။ ညီလေးကလည်း ကျွန်တော်ဆီက အကြံဥာဏ်ယူနေတယ်။ ခြံကို ဒီလူအုပ်နဲ့ ဘယ်လိုခုတ်သင့်တယ်။ ဘယ်လောက်ကြာမယ်၊ ဘာညာပေါ့ဗျာ။ သူ့ခြံက ပေါင်းက လူတစ်ရပ်မြင့်တယ်ဗျာ။ ပြီးတော့ ၀ါးရုံတော။ စိတ်သိပ်ညစ်ဖို့ကောင်းတာ။ အဲဒီဝါးရုံတွေက ခုတ်တဲ့လူလည်း ပင်ပန်းတယ်။ သူက ခုတ်ရင် အောက်ခြေကျကျ ဆင်းခုတ်ရတာ။ ပြီးရင် ဒီအတိုင်းထားခဲ့လို့ မရဘူး။ ၀ါးရုံတွေက အသစ်ပြန်ထွက်တယ်။ အဲဒီတော့ အမြစ်လှန်ပစ်ရတယ်ဗျ။ ရေလည် စိတ်ရှုပ်ဖို့ ကောင်းတယ်။ ကျွန်တော် ခြံလည်း တစ်ခြံလုံး ၀ါးရုံပင်တွေချည်းပဲ။ အဲဒါကို ဖေဖေါ်ဝါရီလလောက်မှ ကျွန်တော်က ခုတ်မယ် စိတ်ကူးတယ်။ ခုတ်ရင်လည်း ပိုက်ဆံက တော်တော်ကုန်မဲ့ အပေါက်ဗျာ။
ဝါးရုံတောကိုခုတ်ရင် စစခုတ်ခြင်းမှာ ဒူးကျိုး၊ ပေါင်ကျိုး ခုတ်ရတယ်ဗျာ။ ပြီး၇င် တစ်ခြံလုံးကို မီးတားလမ်းလုပ်။ ပြီးရင် မီးရှို့ ။
ပြီးရင် ကျွန်းခွေ။ ကျွန်းခွေတယ်ဆိုတာက မီးရှို့ လိုက်ရင် ၀ါးပင်တွေ ပြာဖစ်သွားပေ့မယ်။ ၀ါးမြစ်တွေနဲ့ ၀ါးဆုံတွေတွေ ကျန်ခဲ့ တယ်။
အဲဒါကို ပြန်ရှင်း။ သောက်လုပ်ကို ရှုပ်တာပါ။ အဟုတ်။ L
အဲဒါ ညီခြံကို ကြည့်လို့လည်းပြီးရော ကျွန်တော့်ခြံဘက်ကို ဆက်ကြည့်ကြတယ်ဗျာ။ အလုပ်သမားတွေကလည်း မလာသေးဘူး။ ကျွန်တော်ခြံကလည်း ဇွတ်ဝင်လို့ရတဲ့ အမျိုးမဟုတ်ဘူး။ တောထဲက ခြံဆိုတော့ မြွေအောင်း၊ တောဝက်အောင်းနဲ့ L ။ သတိထားပြီး သွားနေရတယ်။ အောက်ခြေရှင်းလို့သာ တော်သေးတယ်ပြောရမယ်။ ဒီလိုနဲ့ ခြံထဲမှာ တောတိုးရင်း၊ တိုးရင်းနဲ့ ကျွန်တော် အိမ်သာတတ်ချင်လာဗျ။ အဲဒီမှာ စတာပါ။ ပြသနာက။ ကျွန်တော်က မိုးလင်းရင် အိမ်သာ တတ်လိုက်ရမှ တစ်နေကုန် နေသာ၊ ထိုင်သာရှိတာရယ်။ ။ မဟုတ်ရင် ခေါင်းကိုက်သလိုလို၊ ဗိုက်အောင့် သလိုလို၊ ဘာလိုလို၊ စိတ်ညစ်ဗျာ။ အဟုတ် ။ အစကတော့
ဗိုက်ထဲက ရစ်နေတာ သိတယ်။ ဒါပေ့မယ် ဆက်တိုးနေတာ။ အလုပ်ပျက်မှာဆိုးလို့။ နောက်ဆုံးကျတော့ မနေနိုင်တော့ဘူးဗျာ။ အဲဒါ ညီလေးကို လှမ်းမေးရတယ်။
“ဝေး…အိမ်သာ ဘယ်နားမှာရှိလဲ” ဆိုတော့ ….။ ဒီကောင်က ကျွန်တော်ကို ကြည့်ပြီး ရီတယ်။ ပြီးတော့
“ရော့ … ဓါးယူသွား။ ၀ါးလုံးတစ်လုံးလောက် ခုတ်လိုက်၊ ဘယ့်နှယ်…ကိုဇူးက တောထဲလာပြီး အိမ်သာလာမေးနေတယ်။ ညီခြံနဲ့ ကိုဇူးခြံ အစပ်က စမ်းချောင်းလေးတွေ့လား။ အဲဒီမှာ သွားတတ်ချည်” တဲ့ဗျာ။
သေယော။ လူက။ ဟုတ်လည်း ဟုတ်ပါတယ်။ တောထဲသွားပြီး အိမ်သာမေးမိတာ။ ကျွန်တော် အမှားပါ။ L ။ ဘယ်လိုလုပ် အိမ်သာရှိမတုန်းဗျာ။ ခြံပုတ်တွေကြားထဲ ၀င်တိုးရတဲ့ ကိစ္စကို။ ဒီကောင် ဓါးပေးပြီး။ ၀ါးလုံးခုတ်ဆိုတာ အကြောင်းရှိတယ်။
ကန်တော့ပါရဲ့ ။ အီးကုံးဖို့ဗျ ဟိဟိ။ အနော် စက္ကူပဲ သုံးရဲတယ်ဗျာ။ မဟုတ်လည်း ဒီဖြင့် တုတ်ချောင်း တစ်ခုခုပေါ့။ ၀ါးလုံးကြီးတော့ မသုံးရဲပါဘူး။ ဘယ့်နှယ့်… ၀ါးကြောဆိုတာ ကြားဖူးတယ်မလား? ။ ဓါးထက် ထက်တယ်။ မတော်လို့… ဟင့် တွေးရဲ ၀ူး ။
ဒါပေ့မယ်ဗျာ။ ဒီတောက ၀ါးရုံတောဆိုတော့ ကျွန်တော်လည်း ပေါက်တဲ့ နဖူး မထူးပါဘူး ဆိုပြီး ၀ါးလုံး အနေတော်လေး တစ်ချောင်းကို
ပြေးခုတ်လိုက်ရတယ်။ ပြီးတော့ အဲဒီဝါးလုံးကို ယူပြီး ပြေးရတယ်ဗျာ။ စမ်းချောင်းကို။ စမ်းချောင်းကို ရောက်ဖို့ကလည်း လူတစ်ရက်လောက်မြင့်တဲ့ ပေါင်းပင်တွေကို တိုးသွားရသေးတယ်။ ဒီလိုနဲ့ စမ်းချောင်းဘေးက မြေလွတ်နေရာလေးတစ်ခုကို ကျွန်တော် ဓါးမလေးနဲ့ ခပ်သုတ်သုတ် ရှင်းလိုက်တယ်ဗျာ။ ပြီးတော့ ကိုယ့် ကိစ္စကို ကိုယ်လုပ်နေတာပေါ့ ဟိဟိ။ ကိုယ်ဝမ်းနာ ကိုယ်သာသိကိုးဗျ။
ဗိုက်လည်းဗျာ တစ် ဂွီဂွီနဲ့မြည်နေတာ။ အုန်း၊ ဒိုင်း ပေါ့ဗျာ ။ ငှက်တွေကလည်း အသံကြားပြီး ထပြေးပေါ့ဗျာ ဟိဟိ။ အဲဒီလို လုပ်နေရင်းနဲ့ ကျွန်တော် တစ်ခုတွေးမိသွားတယ်။
မြေကြီးပေါ်မှာဆိုတော့ ပြီးရင် တွင်းလေးတူးပြီး မြေဖို့ပေးရအုံးမယ်။ ဓါးမနဲ့ လေ။ အဲဒါဆို ဓါးမမှာ ချီးပေမယ်။ ရေပြန်ဆေးရမယ်၊ ဘာညာပေါ့ သိတယ်မလား။ အလုပ်မရှိဖူးဆိုတော့ လျှောက်တွေးနေတာ။ တောကလည်း တိတ်ဆိတ်နေတာကိုးဗျ။ စမ်းချောင်းက ရေလေးကလည်း တစ်သွင်သွင် စီးနေတာဗျာ။ ပြီးတော့ ဒူးတစ်ဝက်လောက်ပဲ ရေက ရှိတာ ဆိုတော့ အဲဒီစမ်းချောင်းထဲမှာသွားလိုက်ရင်
အ၀ှာလေးတွေကလည်း သူဟာသူ မျောသွားမယ်။ ဓါးမလည်း ဆေးစရာမလိုတော့ဘူး။ ၀ါးလည်း သုံးစရာမလိုတော့ဘူး။ ဟေးဟေး ငဇူးကွ! ဆိုပြီး ကျွန်တော်လည်း စမ်းချောင်ထဲကို ကုန်းကုန်ကွကွနဲ့ ပြေးသွားလိုက်တယ် ဟီး ။
စမ်းချောင်းထဲရောက်တော့  ကြိုတင်တွေးထားတဲ့ အတိုင်း ထိုင်ချလိုက်တယ်ပေါ့ဗျာ။ ဒါပေ့မယ် အောက်က ရေကအေးနေတာဆိုတော့ အဆင်မပြေဘူးဗျို့ ။ ရေအေးနဲ့ ထိတာနဲ့ လူက တုန်တတ်သွားတာ။ ဟီး။ အဲဒါနဲ့ ခုတ်လာတဲ့ ၀ါးလုံးကို လက်နဲ့ အားပြုထောက်၊ ပြီးတော့
ကုန်းကုန်းလေးပေါ့ဗျာ။ ဟီး။ ရေလည် လွှတ်လို့ ကောင်းတာနော်။ လေလေးကလည်း တစ်ဖြူးဖြူးဗျာ။ ရေစီးသံလေးကလည်း အငြိမ်။ ဇိမ်ပဲ။ ယူတာဗျာ ကျွန်တော် တစ်မုန်း။ မျက်လုံးလေးတောင် မှိတ်ထားသေးတယ်။ ဟိဟိ ။
ကျွန်တော် အခုရှိနေတဲ့ စမ်းချောင်းဘေး ပတ်ပတ်လည်က ပေါင်းပင်တွေချည်းပဲဗျ။ အဲဒီစမ်းချောင်းက ကျွန်တော် ညီခြံနဲ့ ကျွန်တော်ခြံရဲ့ စည်းရိုး။ ကျွန်တော်က အဲဒီပေါင်းပင်တွေကြားထဲမှာ။ ဒီလိုနဲ့ ကျွန်တော် ဇိမ်ယူနေတာတုန်း။ ကျွန်တော်ဘေးက ပေါင်းပင်တွေက လှုပ်လာတယ်ဗျ။ ကျွန်တော်က … ဘာဖြစ်တာလဲဆိုပြီး သေသေချာချာကြည့်နေတာ…။
သတ္တ၀ါ တစ်ကောင်ကောင်များ လာနေတာလား?
ဒါမှ မဟုတ် မြွေလား? တောဝက်လား? သမင်လား? ဘာညာပေါ့ဗျာ။ လူက တော်တော် လန့်သွားတယ်။ ဇိမ်ယူတာတောင် ပျက်သွားတယ်။ ပေါင်းပင်တွေက ရှည်လွန်းတော့ ဘာကောင်မှန်းလဲ မသိဘူး။ အဲဒီအချိန်မှာတင် ပေါင်းပင်ကို တိုးလာတဲ့ သတ္တ၀ါက အနော်နဲ့ တော်တော် နီးနေပြီ။ လှုပ်နေတာကို အပင်တွေက တစ်ဖြည်းဖြည်း ကိုယ့်အနားရောက်လာပြီ။ ကျွန်တော်လည်း ကုန်းကုန်း၊ ကွကွ စတိုင်နဲ့ ပဲ ဓါးမကို လှမ်းအကိုင်….။
“၀ုန်း” “အား…ဘာတုန်းဟ!”
“၀ုန်း”ဆိုတာက အဲဒီ သတ္တ၀ါ ကျွန်တော်ေ၇ှ့ ကို ခုန်ပြီး ရောက်လာတဲ့ အသံပါ။
“အား…ဘာတုန်းဟ” ဆိုပြီး တုတ်ထောက်ရင်းနဲ့ အာခြောက်ခြစ်အော်တာက ကျွန်တော် ဟီး ။
ကျွန်တော် ရှေ့ ရောက်လာတာ ဘာထင်လို့ တုန်း။ လူဗျ။ လူ။ ဒါပေ့မယ် လူကြီး မဟုတ်ဘူး။ ခလေးလေး။ ဟိဟိ။
သူလည်း လန့်သွားတယ်ဗျ။ ကျွန်တော် အော်လိုက်တဲ့ အသံက တော်တော်ကျယ်သွားတယ်။ ဟီး ။ သူတောင် နောက်ကို ပြန်လှန်လဲသွားတယ်။ ပြီးတော့ ပက်လက်လှန်လဲလို့ ရေတွေ စိုရွှဲနေရာကနေ ပြန်ထပြီး ကျွန်တော်ကို မျက်စိပြူး၊ မျက်ဆံပြူးနဲ့ ကြည့်နေတယ်။ ကျွန်တော်ကလည်း သူ့ရှေ့ မှာ အမြင်မတော် ကုန်ကုန်းကွကွ၊ တုတ်တစ်ဖက်ထောက်၊ ဓါးမတစ်ဖက်နဲ့ ဆိုတော့ ။ ဟိဟိ။
“ဒါဘာလုပ်နေတာလဲဗျ။ တောထဲ၊ တောင်ထဲ။ ခင်ဗျား လုပ်နေပုံက။ လန့်သေအောင် လုပ်နေသလိုပဲ” အဲဒါကို ခလေးလေးကပြောတာ။
ကျွန်တော်ကလည်း “ဟ! ဘယ်သိမတုန်း။ မင့်အသံလေး ဘာလေးပေးပါလား” လို့ ပြန်ပြောလိုက်တယ်။ ခလေးလေးက လွယ်ဖူးဗျ။
စကားတတ်တယ်။ ပြန်ပက်သွားတယ်။
“ဟ။ ခင်ဗျား ရှိနေတာ သိမှ မသိတာ။ သိရင် လာမလားဗျ” ဘာညာနဲ့ ။ ဒီမှာ လာပါမိတာပဲ။ ကျွန်တော် အပစ်လိုလို၊ ဘာလိုလိုနဲ့ ဟီး။
ခလေးလေးက အဲဒီလိုပြောပြီး ကျွန်တော်ခြံဘက်ကို လစ်သွားတယ်ဗျာ။
ကျွန်တော်က တစ်ယောက်တည်း ပြန်ထိုင်ရင်း တွေးနေမိတယ်။ အဲဒီခလေးက ဘယ်သူခလေးမှန်း မသိဘူး။ လူက ငါးနှစ်သားလောက်လေးဗျ။ အဟုတ်။ တုတ်တုတ်၊ တုတ်တုတ်နဲ့ လမ်းလျှောက်သွားတာ။ ချစ်စရာလေး။ အပေါ်အကျီမပါဘူး။ ၀ါးခမောက်ဆောင်းထားတယ်။ ထိပ်မှာ ပန်းဖွား အနီလေးက တွဲလောင်း၊ တွဲလောင်းနဲ့။ ဗမာလွယ်အိတ် အနီလေးတစ်ခုလည်း လွယ်ထားသေးတယ်။ သူ့ပုံစံနဲ့ ပုဆိုးကို ဘယ်လို ၀တ်ထားမှန်းကို မသိပါဘူးဗျာ ။ လွယ်အိတ်က ရှည်နေတော့ သူသွားရင်
သူ့နဲ့ အနော်တော်ဖြစ်အောင် ထုံးထားသေးတယ်ဗျာ။ အသားကတော့ ဖြူဖြူလေးရယ်။ ကရင် မျက်နှာပေါက်နဲ့ ။
ဒါပေ့မယ်ဗျာ ဒီတော၊ ဒီတောင်ထဲမှာ ဒီကောင် တစ်ယောက်တည်း လျှောက်သွားနေရင်တော့  ပြသနာတတ်မှာ။ ဘယ်နှယ့် ခလေးလေးကို။ ဒီအနီးအနားမှာလည်း တဲဆိုလို့ တောထဲ လာပြီး တရားကျင့်တဲ့ ဘုန်းကြီးတစ်ပါးရဲ့ တဲရယ်။ ကျွန်တော်တို့ တဲရယ်ပဲ ရှိတာ။ အဲဒါတောင် ဘုန်းကြီးတဲကို ကျွန်တော်တို့ ဆီက ဆိုရင် မိုင်ဝက်လောက် လမ်းလျှောက်ရသေးတယ်။ ကျွန်တော်လည်း ကိုယ့်ကိစ္စကို ကိုယ်အမြန်ရှင်းပြီး သူနောက်ကို ထလိုက်သွားလိုက်တယ်။ ဒီကောင်က သေးတော့ဗျာ။ ပေါင်းပင်တွေ ကြားမှာ တော်တော်နဲ့ ရှာမရဘူး။ သူကို အဲဒီ အပင်တွေကြားမှာ လိုက်ရှာရင်းနဲ့ လူလည်း တော်တော်လေး လန့်လာတယ်။ ခုနပဲ တွေ့သေးတယ်။ အခုကျတော့ မတွေ့တော့ဘူးပေါ့နော်။ တစ်ခုခုများ ဖြစ်နေလား မသိဘူးဆိုပြီး။ အနော်ကလည်း အဲဒီလို ငကြောင်။ L တစ်ခါတစ်လေပြောပါတယ်။ သူ့ဘာသာသူ ဘာဖြစ်ဖြစ်ပေါ့ဗျာ။ ဟုတ်ဘူးလား။ အလွတ်ကြီး စိုးရိမ်နေတယ်။ စိုးရိမ်တော့ လိုက်ရှာမိရော။
ကိုယ်ပင်ပန်းတာပေါ့ဗျာ L ။ ကိုယ့်အမျိုးမှ မဟုတ်တာချည်းကို။ L
ဒီကောင်လေးကလည်း လုံးဝ မတွေ့ဖူးဗျာ။ မတွေ့လေ စိတ်ပူလေ၊ မတွေ့လေ စိတ်ပူလေနဲ့။ အသေလိုက်ရှာမိနေတာ။ ထူးတော့ ထူးဆန်းတယ်။ ဒီလိုနဲ့ ကျွန်တော်ရဲ့ ဘေးနား တော်တော်ဝေးဝေးလေးမှာ ခမောက်လေးတစ်ခုသွားတွေ့လိုက်တယ်။ ခမောက်တွေ့တယ်ဆိုလူပေါ့နော်။ အဲဒီလူကို မေးရမယ် “ခလေးလေးတစ်ယောက်များ တွေ့မိလား” ဆိုပြီးလေ။ အဲဒီအတွေးနဲ့ ကျွန်တော် အဲဒီခမောက်ပိုင်ရှင် ဆီကို လှမ်းသွားလိုက်တယ်။ ခမောက်ပိုင်ရှင်ရဲ့ ခမောက်ပေါ်မှာ တင်ထားတဲ့ ပန်းဖွားကလည်း အနီပဲဗျ။
ဒါပေ့မယ် ခလေးလေးတော့ မဟုတ်ဘူး။ ပြောပြီးပြီယော။ ပေါင်းပင်တွေက လူတစ်ရပ်မြင့်ပါတယ်ဆိုမှ ခလေးလေးဆို မပေါ်ဘူး။ မြုပ်နေမှာ။ ဟိုလူကလည်း အရပ်မြင့်တဲ့ မြင့်ချက်ဗျာ။ ပေါင်ပင်တွေ ပေါ်မှာ သူ ခမောက်လေးက လှုပ်တုတ်၊ လှုပ်တုတ်နဲ့။
သူ့ခမောက်ကို ကြည့်ရင်း သူ့ နောက်လိုက်ရတာ။ သူကလည်း တော်တော်သွက်တယ် ခြေလှမ်းက မြန်တယ်သွားတာ။ ကျွန်တော်ခြံဘက်ကိုပဲ ဦးတည်နေတာပါ။
ဒီလိုနဲ့ ဟိုလူက ရှေ့ ကသွား။ ကျွန်တော်က နောက်ကလိုက်နဲ့ ပေါင်းပင် အစပ်ကိုေ၇ာက်နေပြီ။ ဟိုလူကလည်း ပေါင်းတောထဲက အထွက် ကျွန်တော်ကလည်း သူ့ကို လှမ်းခေါ်ပေါ့ဗျာ။ “ဟိတ်လူ၊ ဟိတ်လူ” ဆိုပြီး သူ့နောက်ကို ပြေးလိုက် သွားလိုက်တာ။ သူနဲ့ ကျွန်တော်နဲ့ လည်း ဆုံယော။ နှစ်ယောက်စလုံးက ပေါင်းတောထဲက အပြင်ရောက်နေပြီ။ အဲဒီတော့မှ သူ့နောက်ကို ပြေးလိုက်လာရလို့ မောနေတာကို ဒူးပေါ်လက်ထောက်ပြီး ဖြေနေရတယ်။ သူ့ကို မှီသွားပြီကိုး။ သူကလည်း ရပ်စောင့်နေတယ်။ ကျွန်တော် ခေါ်သံကြားတော့။ သူက အခု ကျွန်တော်ဘေးမှာ ကျွန်တော်က ဒူးပေါ်လက်ထောက်ပြီး မြေကြီးကို ကြည့်ပြီး အသက်ကို အ၀ရှုနေရတယ်။ ဒီလူကို မကြည့်မိသေးဘူး။ အမောလည်း ပြေရော….
“ခင်ဗျား..ခလေးလေးတစ်ယောက်…ယောက်…” ။ အဲဒီမှာတင် ကျွန်တော် အသံရပ်သွားတယ်။ ဆက်မထွက်တော့ဘူး။ ကြက်သီးတွေလည်း တစ်ဖြန်းဖြန်းထလာတာ ပြောမနေပါနဲ့တော့ဗျာ။ မြင်လိုက်ရတဲ့ မြင်ကွင်းက မယုံနိုင်စရာ။ ခင်ဗျားတို့တောင် ယုံမှာမဟုတ်ဘူး။ L ခုန ခမောက်လေး တစ်လွှင့်လွင့်နဲ့ ပေါင်းတောထဲ လစ်နေတဲ့ ငနဲက၊ ပေါင်းတော အပြင်လည်းရောက်ရော ခလေးလေးဖြစ်နေတယ်ဗျို့ ။ အဟုတ်ဗျာ။ အခုတောင် စာရေးနေရင်း ကြက်သီးထတုန်း။ :O ။
ကျွန်တော်က အဲဒီလိုကြီး စကားပြောရင်း တန်းလန်းနဲ့ ကြက်သေသေသွားတယ်။ ဟိုခလေးက သူ့ခမောက်ကို အပေါ်ကို လက်လေးနဲ့ ပင့်ပြီး ကျွန်တော်ကို မော့ကြည့်တယ်။ အကြည့်က ဘုကြည့်ကြည့်တာဗျ။ သူနောက်ကို လိုက်လာလို့ ပေါက်တဲ့ အထာနဲ့။
“ခင်ဗျားက ဘာလဲ။ ခေါ်လည်း ခေါ်သေးတယ်။ တွေ့တော့ စကားလည်း မပြောဘူး” တဲ့။ ဒီငတိက ကျွန်တော်ကို ဒီလိုပြောတယ်။
ကျွန်တော်လည်း စိတ်တော်တော် ညစ်သွားတယ်။ အဲဒါနဲ့ …ဒီလိုပြောချလိုက်တယ်
“မင်းကရော…ဘာလဲ၊ သောက်ကျိုးနည်း။ ပေါင်းတောထဲမှာကျတော့ လေပေါ် ပျံနေသလိုပဲ။ ဒီမှာ ကျတော့ ဒီလိုအထာနဲ့။ မင်းကရောဘာလဲ”။
အခု ကျွန်တော်ပြောလိုက်တဲ့ စကားက ကျိုးကြောင်း ညီညွှတ်ချင်မှ ညီညွှတ်မယ်နော်။ လူက လန့်ပြီး အသံတုန်နေတယ်။ ပြောချင်ရာတွေ ဇွတ်ပြောချလိုက်ရတာ။ ရင်ထဲမှာ ကြောက်စိတ် တစ်ဝက်နဲ့၊ ဒီကောင် ဘာကောင်လဲဆိုတာ သိချင်တဲ့ စိတ်က တစ်ဝက်ဖစ်နေတယ်။
“ဘာဖစ်ဖစ် ခင်ဗျား သောက်ပူ ပါလား?။ ရှုပ်ကို ရှုပ်တယ်။ လာမစိုးရိမ်နေနဲ့။ ဒါအနော်တော၊ အနော်တောင်။ ပေါက်လား။ သွားတော့ခင်ဗျား။ ဒုက္ခများကုန်မယ်” တဲ့။ ဒီခလေးက ကျွန်တော်ကို ဒီလိုပြောသွားတယ်ဗျာ။ ပြီးတော့ လစ်ခနဲ နေအောင် ကျွန်တော်ရှေ့ ကနေ လစ်သွားတယ်။ ကျွန်တော်က ငုတ်တုတ်ကြီး ကြက်သေသေပြီး ကျန်ခဲ့ တာ။ အံ့သြလွန်းတဲ့ စိတ်နဲ့ ဘာမှ ပြန်မပြောမိလိုက်ဖူး။
ခလေးလေးက ၀ါးရုံတောတွေထဲကို ၀င်ရောက် ပျောက်ကွယ်သွားတယ်။
ကျွန်တော် အဲဒီပေါင်းတောတွေကြားမှာ ကြာကြာမနေရဲတော့တာနဲ့ ချက်ခြင်းပဲ။ ကျွန်တော် ညီရှိတဲ့ နေရာကို တတ်သွားလိုက်တယ်။
ဟိုရောက်တော့ ကျွန်တော် ညီက ၀ါးရုံပင်တွေ အောက်မှာ အိပ်နေတယ်။ အဲဒါ သူ့ကို နိုးတော့ သူလည်း နိုးလာတယ်။ သူကပြောတယ်။
ဘုန်းကြီးတဲ သွားရအောင်တဲ့။ ကျွန်တော်ကတော့ စိတ်က ကိုယ်မှာ မရှိတော့ဘူး။ လိပ်ပြာက လွှင့်ချင်ချင်ရယ်။ အဲဒါနဲ့။
“အေး” ဆိုတဲ့ တစ်လုံးပဲ ထွက်လာနိုင်ပါတော့တယ်ဗျာ။ L
ဘုန်းကြီးတဲကို သွားတဲ့လမ်းတစ်လျှောက်လုံးမှာ ကျွန်တော် အတွေးလွန်နေတာက ပန်းဖွားအနီလေးနဲ့ ခလေးအကြောင်းပါပဲ။ သူကဘာလဲ? ။ ဘာညာပေါ့ဗျာ။ ဒီလိုနဲ့ ဘုန်းကြီးတဲကို ရောက်လာတယ်။ ဘုန်းကြီးတဲက ကျွန်တော်ခြံအစပ်၊ အမခြံအစပ်၊ ဦးလေးခြံအစပ် အဲဒီမှာနေရာယူထားတာ။ သုံးပွင့်ဆိုင် ဒေသပေါ့ဗျာ ဟီး။ ဘုန်းကြီးကလည်း ပေါင်းလို့၊ သင်းလို့ ကောင်းပါတယ်။
အငြိမ်ပဲ။ ကျွန်တော်တို့ နဲ့ ခင်တယ်။ ဒီလိုနဲ့ ကျွန်တော်ကလည်း မနေနိုင်တော့တာနဲ့ သူတို့ကို ပြောပြလိုက်ရတယ်။ ပန်းဖွားအနီလေးနဲ့ ခလေးအကြောင်းလေ။ ရင်ထဲမှာကဘယ်လိုမှ မြိုသိပ်ထားလို့ မရတော့လို့ပါ။ အ၇မ်းသိချင်နေတာနဲ့ ပြောချလိုက်တာ။
အဲဒီတော့မှ ဘုန်းကြီးနဲ့ ညီလေးဆီက သူ့အကြောင်းသိရတယ်။
ဒီငတိက ဒီတော၊ ဒီတောင်ရဲ့ အစောင့်လို့ ပြောသဗျှ။ ရှေးပဝေသဏီကတည်းက ရှိတယ်ပြောတယ်။ တွေ့တဲ့ သူတွေလည်း တွေ့တယ်။
မတွေ့တဲ့သူတွေလည်း မတွေ့ဖူးပေါ့ဗျာ။ အနော်နဲ့ကတော့ တိုက်ဆိုင်တာလည်း ဖစ်နိုင်တယ်။ ဘုန်းကြီးကတောင် ပြောနေသေးတယ်။
“ဒကာနှယ်၊ အဲဒီလို အပေါ့၊ အလေးသွားရလားဟ၊ ဟိုက ဘာမှ မလုပ်သွားတာ ကံကောင်းတယ်မှတ်။ ဒီတော၊ ဒီတောင်က အပေါ့သွားရင်တောင် ထိုင်သွားရတယ်။ မဆဲရဘူး။ နယ်ကြမ်းတယ်ဟ။ နောက်ဆို သတိထားပေါ့” တဲ့။
ကျွန်တော်ကတော့ ကိုယ်ဗိုက်နဲ့ အိမ်သာတတ်ချင်လာတာပဲဗျာ။ ဒီအတိုင်းမသွားတတ်လို့ အဆင်ပြေသလိုလုပ်တာပဲ။ အပြစ်ယူလည်း ယူလို့ပဲ ပြောရမှာပဲ။ ကိုယ်ဘာမှ သွားစော်ကားတာမှ မဟုတ်တာဗျာ။ ဟုတ်တယ်မလား? ။ အဲဒီတော့ ကျွန်တော်လည်း မတတ်နိုင်ဝူး။
ဘုန်းကြီးပြောတဲ့ စကားကိုပဲ နားထောင်ရတော့တာပေါ့။ ဘုန်းကြီးရှေ့ မှာဆိုတော့ ဟီး။ ဘုန်းကြီးတဲမှာပဲ နေ့လည်စာတွေဘာတွေစားတယ်ဗျာ။ ညနေသုံးနာရီလောက်မှာ ကိုယ်တဲ့ ကိုယ်ပြန်ကြတယ်။ ဘုန်းကြီးက ပြောနေတာ ညကျရင် သူဆီမှာလာအိပ်လှဲ့တဲ့။ ကျွန်တော်တို့ကလည်း “တင့်ပါ့ဖုရား” ပေါ့။ တဲကို ပြန်တဲ့လမ်းမှာကျတော့ ကျွန်တော်တို့ နှစ်ယောက် ကမြင်းပြီး ပြန်သွားကြတာ။ အနော်က ၀ါးဆစ်ပိတ် ရှည်ရှည်တစ်ချောင်းကို အနေတော်လောက် ခုတ်ပြီး။ လမ်းဘေးမှာ ရှိသမျှ ပေါင်းပင်တွေကို
ဂျပန်ဓါးသိုင်းဆော့သွားတယ်။ ညီကျတော့လည်း ဒီလိုပဲ ၀ါးလုံးတစ်ချောင်းနဲ့ တုတ်သိုင်းဆော့လာတယ် ဟီး။
အနော်တို့ သွားသမျှလမ်းဘေးက အပင်တွေကတော့ ဆင်အုပ်နင်းသလိုပါပဲ။ ဖေဖေကျွတ်၊ ဖွတ်ဖွတ်တွေ ကြေကုန်တာ။
ဒီကြားထဲ တောဝက်တစ်ကောင်ဗျာ။ ဘယ်အချိန်ကတည်းက ခြံပုတ်တွေကြား အောင်းနေလဲ မသိဘူး။ ကျွန်တော်တို့ရဲ့ တုတ်သိုင်းသံကိုလည်း ကြားရော… ဒဲ့ကို ပြေးချလိုက်တာ။ လူသွားလမ်းအတိုင်း။ အစက မမြင်ဘူး။ အနီးနားရောက်တော့မှဗျာ။
မီးရထားစက်ခေါင်းအတိုင်းပဲ တရှိန်ထိုးလာတာ။ ညီလေးက ကျွန်တော် အရှေ့ ကသွားနေတာဆိုတော့ ကြိုမြင်တယ်ဗျ။
သူက…. “ကိုဇူးရေ…. တောဝက်ဗျို့ ” ဆိုပြီး ဘေးကို ဂျွမ်းပစ်သွားသဗျှ။ ကျွန်တော်ကျတော့ သူဂျွမ်းပစ်ပြီးမှ မြင်တာဆိုတော့ ရှောင်ချိန်မရလိုက်ဝူးဗျ။ L ။ အဲဒီနေ့ တစ်နေကုန် ကံမကောင်းတာပါ။ အဲဒီတောဝက်က ကျွန်တော်ကို ပြေးအပက် ကျွန်တော်ကလည်း
တောဝက်ကို ကျော်ပြီး ရှေ့ ဂျွမ်းအထိုးဗျာ။ တောဝက်ဆိုတဲ့ မျိုးက သူ့ အစွယ်နဲ့ ကော်ထည့်လိုက်တာကိုး။ အနော်ကလည်း ဂျွမ်းထိုးလိုက်တာက ပုဆိုးဝတ်ပြီးထိုးတာဆိုတော့ အနော် ပုဆိုးနဲ့ တောဝက် အစွယ်နဲ့ ချိတ်သွားတယ်။ ။ ချိတ်သွားတော့ ဘာဖြစ်တုန်းဆိုတော့….. ဟီး။ အနော် တောဝက်ကို ကျော်ပြီး မြေပေါ်ကို သက်သက်သာသာ ဒူးတုပ်ပြီး ကျပါတယ်။
သို့ပေ့မယ်….သိုပေ့မယ်…ဟင့် L ။ ပုဆိုးက ပါမလာတော့ဘူးရယ်။ ကျွန်တော်လည်း “ဟိုက်” ဆိုပြီး တောဝက်ကို ပြန်လှည့်ကြည့်တော.
ပုဆိုးက ငတိမျက်နှာကို အုပ်ထားတယ်ဗျာ။ သူကိုယ်တိုင် ဖယ်ရအောင်ကလည်း လူမဟုတ်။ ပြီးတော့ တစ်ရှိန်တိုးပေးနေတဲ့ ကောင်ဆိုတော့ ဘရိတ်အုပ်မရပဲနဲ့…ရှေ့ တဲ့တဲ့က အပင်ကို ၀င်တီးပလိုက်တယ်။ “၀ုန်း” ခနဲ နေတာပဲဗျာ။ အသံကလည်း အကျယ်ကြီးထွက်သွားတယ်။ သူလည်း လဲသွားတယ်။ ဒါပေ့မယ် ပြန်ထလာတယ်။ ခြေလှမ်းကတော့ မမှန်ချင်တော့ဘူး ဟီး ။ ပြီးတော့ ပုဆိုး အုပ်လျက်ပဲ။ ရှေ့ တည့်တည့်ကို ပြေးအောင်းပြန်ယောဗျ။ ဒီတောဝက်က ဘာမှ မမြင်ဘဲ။ ဟိုအောင်း၊ ဒီပက်လုပ်နေတာတင် 15 မိနစ်လောက်ကြတာရယ်။ အနော်တို့ကလည်း တောဝက် ကိုယ့်ဘက်ကို ရမ်းသမ်းပြီး လှည့်လာမှာဆိုးလို့ လွတ်လွတ်လပ်လပ်နေရာလေးကို ပြေးသွားလိုက်၇တယ်။ တော်သေးတာပေါ့။ အနော်က အောက်မှာ ဘောင်းဘီတိုတစ်ထပ် အပိုပါလာလို့ ဟီး။ မဟုတ်ရင် မတွေးဝံ့ စရာရယ် L ။
ဒီလိုနဲ့ တောဝက်လည်း ပုဆိုးဂွင်းသိုင်းပြီး ဟိုတိုး၊ ဒီပက်လုပ်ရင်း အသက်ဆုံးရှုံးရှာသဗျ ဟီး။ ။ အနော်တို့ကတော့ အောင်သေ၊ အောင်သားလေး အလွတ်စားတာပေါ့ဗျာ။ ပုဆိုးကတော့ မြင်မကောင်းအောင် စုတ်ပြတ်သတ်သွားတယ်။ သွေးတွေလည်း စွန်းကုန်ပြီလေ။ ဘယ်လိုမှ သုံးစားလို့မရတော့ဘူး။ အဲဒါနဲ့ တောဝက်ကို ၀ါးလုံးတစ်လုံးလျိုပြီး ထမ်းကြတယ်။ ခြေလက်တွေ ချည်ဖို့ ကျွန်တော်ပုဆိုး သွေးပေနေတဲ့ဟာကို ဖြဲပြီးတော့ ချည်လိုက်ရတယ်ဗျာ။ ။ ကံကောင်းချင်တော့ မုတ်ဆိတ်ပျားစွဲတာရယ်။ အဲဒါ။
ပြီးတော့ တောဝက်မာန်ဆွယ်လည်းရလိုက်သေးတယ်။ ဟုတ်တယ်လေ။ သူက မာန်တတ်ပြီး မမြင်မစမ်းနဲ့ ၀က်သိုင်းက တာကိုး။ သေပေါ့။ ဟီး ဘယ်ခံနိုင်လိမ့်မလဲ သူ့အစွယ်တွေ။ ကျောက်တုံးတွေ ပြေးထိုးလို ထိုးဆိုတော့ ကျိုးကုန်တာပေါ့။ အဲဒါလေးလည်း အိတ်ထဲ ထည့်ပြီး ညီအကိုနစ်ယောက် ညနေစောင်းမှာ ပြန်ကြလေသတည်းပေါ့ဗျာ။ ဟီ ။
ဒီလိုနဲ့ ကျွန်တော်တို့ တဲကို ရောက်တော့ လေးနာရီလောက်ရှိနေပြီ။ အလုပ်သမားတွေလည်း ရောက်နေကြပြီ။ ကျွန်တော်တို့ တောဝက်ထမ်းလာတာမြင်တော့ အလုပ်သမားတွေက ရွှေရတဲ့ မျက်နှာကြနေတာပဲဗျာ။ ၀မ်းသာနေလိုက်ကြတာ။ တဲလည်းရောက်ရော
တောဝက်သေကို “ဗုန်း” ခနဲအောင် ပစ်ချလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့လည်း ရေလေး၊ ဘာလေးသောက်ပေါ့ဗျာ။ အမောဖြေတာပေါ့။ အဲဒိတော့မှ အလုပ်သမားတွေကို ကျွန်တော် သတိထားမိတာ။ အားလုံးပေါင်း (၁၁) ယောက်လာတယ်။
သူတို့က တဲရဲ့ ကွပ်ပျစ်မှာ အရက်ထိုင်သောက်နေကြတာ။ သူတို့ အားလုံးပေါ့။ အမှန်တော့ အဲဒီလို အလုပ်စစလုပ်တဲ့ နေ့မှာ အရက်သောက်တာ ကျွန်တော် မကြိုက်ဖူး။ ဒါပေ့ မယ် အလုပ်မှ မရှိတာဗျာ။ ဘာသွားပြောလို့ရမတုန်း။ လွတ်ထားလိုက်ရတယ်။
သူတို့က တော်တော်လေးတော့ မူးနေပြီ။ ဒါပေ့မယ် တောဝက်ကိုတွေ့တော့ ဘယ်လိုရလာတာတုန်း ဘာညာနဲ့ဗျာ။ မေးနေကြတယ်။
ပြီးတော့ တောဝက်ကို ၀ိုင်းကြည့်နေကြတယ်။ အကြီးကြီးနော်၊ ဘာညာနဲ့။ သူတို့က အရက်သောက်ဖို့ ကျွန်တော်တို့ကို ဆွယ်တယ်။
ကျွန်တော်ခြံထဲမှာ လုပ်ဖူးတဲ့ လူသုံးယောက်ကလည်း သောက်ပါ၊ ဘာညာနဲ့။ ကျွန်တော်က အပြတ်တစ်ခွန်းပဲ ပြောလိုက်တယ်။
“ကျွန်တော် အောင်ပွဲခံမှ သောက်တတ်တယ်။ စိတ်မရှိနဲ့။ အလွတ် မသောက်တတ်ဘူး” လို့လေ။ ကျွန်တော်ကို မရတော့ ကျွန်တော်ညီကို ဆွယ်ပြန်ယော။ ဟိုက ကျွန်တော်တောင် မသောက်တော့ လိုက်မသောက်ရဲဘူး။
တောဝက်ကိုက ကျွန်တော်တို့ နှစ်ယောက်တည်း ဘယ်လိုမှ အမဲဖျက်ဖို့ အဆင်မပြေဘူး။ အလုပ်သမားတွေကျတော့လည်း မူးရူးနေတာဆိုတော့ဗျာ။ လောလောဆယ် အဆင်မပြေသေးဘူး။ ဒီလိုနဲ့ အလုပ်သမားတွေက အရက်သောက် ကျွန်တော်တို့က ရေနွေးကြမ်းသောက်နဲ့။ ငါးနာရီလောက် ဖြစ်သွားတယ်ဗျ။ အဲဒီမှာ သေပြေး ရှင်းပြေး ဇာတ်လမ်းက စတာပဲဗျာ။ ကျွန်တော် ပြောပြီးပြီယော။ အရက်သောက်တာ မကြိုက်ပါဖူးဆို။ အထူးသဖြင့် ဒီလို တောထဲ၊ တောင်ထဲမှာ အရက်သောက်၇တာကို ပိုမကြိုက်သေးတယ်။ အကြောင်းရှိတယ်။ ဒီနယ်က ကြမ်းတယ်။ အရက်တွေဘာတွေ သောက်ပြီး သောက်ပြသနာတတ်ရင် လူသေတာများတယ်။ နဂိုကမှ လူသတ်ကုန်းပါဆိုမှ။ ပြီးတော့ အလုပ်သမားတွေအားလုံးက ကိုယ်ဓါးနဲ့ ကိုယ်အလုပ်လာလုပ်ကြတာ။
ခုတ်ကြ၊ ထစ်ကြဆို မကောင်းဘူး။ အဲဒီမှာ သူတို့က အရက်သောက်ရင်းနဲ့ အချင်းချင်း ထ စကားများကြတယ်ဗျာ။ သူတို့ များတာက အကြောင်းမဟုတ်ဘူးဗျ။ စကားနဲ့ ၇န်ဖြစ်ကြတယ်။ လူစုကွဲကြတယ်။ အဲဒီတော့ မတည့်တဲ့သူနဲ့ အတူတူမလုပ်နိုင်ဖူးတွေဖြစ်ပြီး ပြန်မယ်ဆိုတဲ့လူက ပြန်မယ်လုပ်၊ နေမယ်ဆိုတဲ့လူက နေမယ်လုပ်ဗျာ။ စိတ်သိပ်ညစ်ဖို့ကောင်းတယ်။ တစ်ယောက်က ပြန်မယ်ဆိုရင်လည်း ပါလာတဲ့ အဖွဲ့ထဲကသူတွေက ပြန်မဲ့လူက သူနဲ့ ဦးလေးတော်လို့၊ အဖေတော်လို့ စသဖြင့် လိုက်ပြန်ကြမယ်လုပ်တယ်။ အဲဒီတော့ သုံးစုကွဲလိုက်၊ ပြန်မယ်လုပ်လိုက်။ မပြန်ဘူးလုပ်လိုက်နဲ့ဗျာ။ ကျွန်တော်တို့လည်း တော်တော်စိတ်ညစ်သွားတယ်။
“ပြန်မဲ့ သူကိုလည်း၊ မပြန်ပါနဲ့ဗျာ။ ဦးကြီးတို့ ဒီအထိတောင်ေ၇ာက်လာပြီးမှ၊ ၂ရက်လောက်သည်းခံလိုက်ပါ” ဘာညာပေါ့။
မပြန်မဲ့သူကိုလည်း အေးဆေးနေပါဗျာ။ ဘာညာ။ ချော့ရတာဗျာ။ တစ်မုန်း။ ကိုယ့်ရည်းစားတောင် အဲဒီလောက် မချော့ဝူး။
သူတို့ကို တားနေတာ အကြောင်းရှိသေးတယ်။ အဲဒါက ညနေစောင်းနေပြီဗျ။ 5 နာရီခွဲ၊ 6 နာရီခွဲလောက်ရှိပြီ။ တောဆိုတာ၊ တောရိပ်တောင်ရိပ်နဲ့ အဲဒီအချိန်ဆို မှောင်ပြီဗျ။ သူတို့က ပြန်ရင် အုပ်စုတောင့်တယ်။ ဆယ်ယောက်။ ကျွန်တော်တို့က နှစ်ယောက်တည်း။ ပြီးတော့ ဆိုင်ကယ်ကလည်း သရဲခြောက်ပါတယ်ဆိုတဲ့ ၀ါးရုံပင်အောက်မှာ ထားခဲ့တာ။ ဘယ်နှယ့်ဗျာ။
ချီးထုတ်။ ပြီးတော့ ဒီတောဝက်အသေကိုလည်း ဒီအလုပ်သမားတွေ မူးနေပုံနဲ့ ဘယ်လိုမှ သယ်နိုင်မယ်မထင်ဝူး L ။ အဲဒါကြောင့်
လှိမ့်တားနေရတာ။
အလုပ်သမားတွေက နောက်ပိုင်း ပိုဆိုးလာသဗျှ။ အချင်းချင်း ငယ်ကျိုး၊ ငယ်နာတွေ ဖော်ကြပြီးတော့ ဓါးတွေ ၊ ဘာတွေ ကောက်ဆွဲလာကြတယ်။ မူးရင် အေးအေးဆေးဆေးနေကြပါဗျာ။ မရစ်ကြပါနဲ့။ စိတ်ပျက်လွန်းလို့ပါ။
အော်ဟစ်တောင်းပန်ရ ပေါင်းလည်းများပြီဗျာ။ ဘယ်လိုမှ ပြောလို့ကို မရတော့တာ။ သူတို့က ကိုယ့်မြင်းကိုယ်စိုင်းနေကြပြီလေ။
နောက်ဆုံး မဖြစ်တော့တာနဲ့… ကျွန်တော် အချိန်ကြည့်လိုက်တယ်။ ခြောက်နာရီ ခွဲနေပြီ။ ပြန်မယ်ဆိုရင် ဒီအချိန်တောင် တော်တော်နောက်ကျနေပြီလေ။ ဒီအလုပ်သမားတွေ ကြည့်ရတာ…ဒီလိုပဲ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် လုပ်ပြီး ကျွန်တော်တို့ကို ခေါင်းစားနေမဲ့ပုံ။ ဒီထက်နောက်ကျသွားရင် ကျွန်တော်တို့ မပြန်ရဲတော့ဘူး။ အဲဒီတော့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်။
အဲဒါဘာလဲဆိုတော့…. အလုပ်သမားတွေ အားလုံးကို ပြန်တော့လို့ ပြောလိုက်ရတာ။ ကျွန်တော်က….
“ခင်ဗျားတို့ ပြန်တော့ဗျာ။ ခေါင်းမစားနေနဲ့ အားလုံးပြန်” လို့ ပြောတော့ အလုပ်သမားတွေထဲက ခပ်စွာစွာတစ်ကောင်က မူးမူးနဲ့။
“ပြန်တော့လို့ ပြောရအောင် မင်းက ဘာကောင်လဲ” တဲ့ဗျ။
ကျွန်တော်က စိတ်တိုရင် လက်သွက်တယ်။ လက်ထဲက ၀ါးဆစ်ပိတ်နဲ့ ပြေးပြီး ဂုတ်ပိုးကို ဆော်ထဲ့ပေးလိုက်တယ်။ ရိုက်ပြီးတာနဲ့ ကျွန်တော်က တဲပြင်ကို ထွက်သွားပြီ စောင့်နေလိုက်တယ်။ သူ့ကို ဂုတ်ပိုးကို ရိုက်တာက ခေါင်းကို မလုပ်ချင်လို့ ။ ကွဲသွားပြီး သွေးထွက်သံယိုဆို ဇယားနောက်တယ်။ သေတတ်တယ်။ အဲဒါ ဂုတ်ပိုးကို နာအောင်ပဲ ဗျင်းပေးလိုက်တာ။ သူကလည်း အသားနာသွားတော့ ဘီလူးဆိုင်း တီးတာပေါ့ဗျာ။ သူ့ တောရှင်းနဲ့ ဓါးကောက်နဲ့ ထွက်လာတယ်။ ဆဲဆိုပြီးတော့ပေါ့ဗျာ။
အလုပ်သမားအဖွဲ့လည်း လန့်သွားတယ်။ ကျွန်တော်ကို ဒီလို လုပ်လိမ့်မယ်လို့ မထင်ဖူးလေ။ ငယ်တာကိုး။ သူတို့တွေက
30 ကျော်တွေ၊ အနော်က 20 ကျော်ဟာ။ သူတို့ကို ကြောက်မယ်များ ထင်နေလား မသိပါဘူးဗျာ။ တကယ်လည်း လုပ်ရော ရှိန်ကုန်တယ်။ အဲဒီ ဓါးကောက်နဲ့ လူကလည်း အပြင်ကို ထွက်လာပြီးမှ ရိုက်မလိုလို၊ မရိုက်မလိုလို လုပ်နေတယ်ဗျာ။
ပါးစပ်လည်း ချီးပေါက်တာ ပြောမနေပါနဲ့တော့။
“အလုပ်ရှင်တွေ ဘာတွေ သောက်ဂရုမစိုက်ဖူးကွ၊ မင်းက ဘာကောင်လဲ။ ငါက လူသတ်လာတာကွ၊” ဘာညာပေါ့ဗျာ။ အနော်က စိတ်မရှည်တော့တာနဲ့ သူစကားပြီးအောင် မစောင့်ဘူး။ ဓါးကိုင်ထားတဲ့ လက်ကို ၀ါးရင်းတုတ်နဲ့ချည်း တွယ်တာ။ ဓါးလွတ်ကျတော့မှ
မြေပေါ်မှာ လှိမ့်နေအောင် ရိုက်ပလိုက်တယ်။ သူက မူးနေတာပဲဗျာ။ ကျွန်တော် မူးနေတဲ့ ကောင်မှ မဟုတ်တာ။ ယှဉ်လို့ ရစတမ်းလား။
သောက်ရေးမပါတာ။ အဲဒီလို ရိုက်လိုက်မှ…..အား။ တော်ပါပြီ။ ကိုဇူး…ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ ပေါ့ဗျာ။ အဲဒီတော့မှ ကျွန်တော်လည်း ရိုက်တာ ရပ်လိုက်တယ်။ သူ့ကို ရိုက်တာ လက်နဲ့ ပေါင်နေရာတွေပဲ ရွေးရိုက်တာ။ နာအောင်။ နံရိုးကို ဆောင့်ထိုး ကျိုးရင်… လျှော်ရအုံးမယ်။ အမှူက ဖြစ်အုံးမယ်။ အဲဒါကြောင့်။
ကျွန်တော်လည်း သူအော်တော့မှ အရိုက်ရပ်ပြီး
“ခင်ဗျားတို့ထဲက အမျိုးတော်ပါတဲ့ ဆိုတဲ့ ကောင်။ သတ္တိရှိပါတယ်ဆိုတဲ့ ကောင် ထွက်လာခဲ့။ ဒါ ကျွန်တော်ညီခြံ။ ခင်ဗျားတို့ အလုပ်သမား။ ချီးလာမပေါက်နဲ့။ ဒီခြံမှာ ကျွန်တော် အလုပ်ရှင်ဆိုလည်း ဟုတ်တယ်။ ကျွန်တော် စကားတည်ရမယ်။ ခင်ဗျားတို့ အခု အကုန်ပြန် တစ်ယောက်မှ မနေခဲနဲ့။ ကိုယ့်ရိက္ခာ ကိုယ်သယ်ပြီး ပြန်ကြ အိုခေ။ မကျေနပ်ရင်။ ၇ွာထဲရောက်ရင် ရှင်းမယ်” ဆိုပြီး ပြောချလိုက်တယ်။
အဲဒိတော့မှ အလုပ်သမားတွေလည်း သူတို့ ဆန်အိတ်၊ သူတို့ ပြန်ထမ်းပြီး မူးမူး၊ ရူးရူးနဲ့ ဒိုးကုန်တယ်။ ဟို အရိုက်ခံရတဲ့သူလည်း သူတို့နဲ့ ရောပြီး လစ်သွားတယ်။ ကျွန်တော်က ညီကိုပါ ထပ်ဆဲနေတာ။ ဒေါသက အရမ်းထွက်နေတော့။
“မင့်ကို အလုပ်သမားတွေ ခေါ်ပြီး ခိုင်းပါဆိုတာကို ၊ အမူးသမားတွေ ခေါ်လာရလား” ဘာညာပေါ့ဗျာ။ လူက ဒေါသထွက်နေတော့
စကားတွေကလည်း ဘရိတ်မရှိတော့ဘူး။ အဲဒါနဲ့ ကျွန်တော်တို့လည်း ပြန်ဖို့ ပြင်ဆင်ရတယ်။ မိုးကတော်တော်ချုပ်နေပြီ။ ကျွန်တော်ညီလည်း ကြောက်နေတယ်။ ကျွန်တော်လည်း ဒေါသဖြစ်တုန်းကသာ ကြောက်စိတ်မရှိတာ… အခုလို မှောင်မှောင်မည်းမည်းကြီးထဲ ပြန်ရမှာဆိုတော့ လန့်နေတယ်။ ဒီလိုနဲ့ ပြန်မဲ့ အစီအစဉ်ကို ခပ်မြန်မြန် ဆွဲကြတယ်။ ကျွန်တော်တို့ အိပ်ယာအထုတ်အပိုးတွေကို ဘုန်းကြီးတဲမှာ သွားထားမယ်ပေါ့။ တောဝက်ကိုတော့ မထူးဘူးလေ။ ပစ်ထားရင်လည်း ပုပ်မယ်။
ဘုန်းကြီးကျောင်းသွားထားရင်လည်း ဘုန်းကြီးက ဆဲမယ်ဆိုတော့ သယ်သွားရတာပေါ့ဗျာ။ အဲဒါ ညီက အထုတ်တွေထမ်း။ ကျွန်တော်က တောဝက်သေကို ပုခုံးပေါ် ကောက်တင်ပြီး ၀ါးရုံပင်အောက်ကို သယ်လာရတယ်။ ၀ါးရုံပင်အောက်ရောက်တော့ အလင်းက သိပ်မရှိချင်တော့ဘူး။ မှောင်နေပီကိုး။ အဲဒါ တောဝက်သေကို အဲဒီမှာထားခဲ့တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းကို အထုတ်သွားပို့တာပေါ့ဗျာ။ ဘုန်းကြီးကတော့…
“ဟဲ့…ဒကာတို့ ဘယ်လိုဖြစ်ကြတုန်း” ဘာညာပေါ့ဗျာ။ ကျွန်တော်တို့ကလည်း ခပ်မြန်မြန်ပဲ အဖြစ်အပျက်တွေကို ရှင်းပြလိုက်တယ်။
လူက လောနေပြီလေ။ ဘုန်းကြီးကတော့ ဒီအချိန်ပြန်မယ်ဆိုတော့….ဒီစကားတစ်ခွန်းပဲ ပြောတယ်။
“အေးကွယ်။ တားမရလည်း ပြန်ပေါ့။ ခြေခင်း၊ လက်ခင်းလေးတော့ ကြည့်သွားကြနော်” တဲ့။
ခြေခင်း၊ လက်ခင်းဆိုတာ မြွေတွေဘာတွေကြည့်သွား……ဒါမှ မဟုတ် တစ်ခုခုပေါ့ဗျာ။ အနော်တော့ အဲဒီစကားကြားကတည်းက ငိုချင်နေပြီ။ အဲဒါ ဘုန်းကြီးကျောင်းက ပြန်ထွက်လာပြီးတော့ ၀ါးရုံပင်အောက်ကို ပြန်သွားရတယ်။ ကဲဗျာ..စဉ်းစားကြည့်ကြပါတော့ ကျွန်တော်တို့ ဘယ်လောက် တိုင်ပတ်သွားလဲဆိုတာ။ အလုပ်သမားတွေ မကောင်းလို့ပေါ့ဗျာ။
အလုပ်သမားတွေသာ ကောင်းမယ်ဆိုရင် ဒီအချိန်တောဝက်သားလေးနဲ့…နိပ်နေပြီ။ ။ ဒီလိုနဲ့ ၀ါးရုံပင်ကို ခပ်သုတ်သုတ်ပြန်ခဲ့ကြတယ်။
ဝါးရုံပင်နားရောက်တော့ ပြသနာတစ်ခုတတ်တယ်ဗျ။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ ၀ါးရုံပင်အောက်မှာ ထားခဲ့တဲ့ တောဝက်အသေကြီး မရှိတော့ဘူး။ ကျွန်တော်ညီလည်း လန့်သွားတယ်။ ကျွန်တော်လည်း တော်တော်လေး ကြောင်သွားတယ်။
တောဝက်ထားခဲ့တဲ့ နေရာကို ဓါတ်မီးထိုးကြည့်တော့ သွေးအိုင်ပဲ တွေ့ ရတယ်။ ဒီတောဝက်က သွေးလည်း သိပ်မပေပါဘူးဗျာ။
စိတ်ညစ်ပါတယ်။ ဘာတွေမှန်းတော့ မသိဘူး။ အဲဒီသွေးအိုင်ကနေပြီးတော့ ခြေရာခံလိုက်တော့ သွေးတွေက ၀ါးရုံပင်ဘက်ကို ၀င်သွားတာဗျ။ ကျွန်တော်အဲဒီကတည်းက သဘောပေါက်လိုက်တယ်။ ကျွန်တော် ဘယ်လိုခံစားနေရမလဲဆိုတာ စာဖတ်သူတွေးကြည့်ပါ။ ညကြီး အချိန်မတော် ခုနှစ်နာရီလောက်မှာနော်။ အလင်းလုံးဝပျောက်နေပြီ။ ဒီလိုအခြေအနေနဲ့ တောထဲမှာ လူနှစ်ယောက်တည်းရယ်။ အားရှိလိုက်တဲ့ ဖြစ်ခြင်းဗျာ။ L
အဲဒါ ကျွန်တော်ညီကို ဆိုင်ကယ်ကို မြန်မြန်ထုတ်ခိုင်းတယ်။ ဒီကောင်လည်း သွေးမရှိတော့ဘူး။ သူကလည်း ဆိုင်ကယ်ကို ၀ါးရုံပင်အောက်ကနေ လမ်းမပေါ်ကို ဘယ်လို ဆွဲထုတ်လာလဲ မမှတ်မိတော့ပါဘူးဗျာ။ သူက လမ်းကျွမ်းတဲ့ သူဆိုတော့ ဆိုင်ကယ်ကို ကျွန်တော်မောင်းမယ်ဆို ပြီး တတ်ခွပြီး စက်နှိုးလိုက်တယ်။ ကျွန်တော်ကလည်း… ဆိုင်ကယ်ကိုတတ်ခွလိုက်တယ်ဗျာ။ ဓါးမကိုလည်း ကောက်လွယ်လိုက်တယ်။ ဓါးက တောထဲ၊ တောင်ထဲမှာ သိပ်အသုံးဝင်တယ်လေ။ ညီလေးက ဆိုင်ကယ်ရှေ့ တည့်တည့်ကို မျက်နှာမူပြီး
“အိုး…ဗုဒွ…ဘေးမသီ၊ ရန်မခအောင် စောင့်ရှောက်တော်မူပါ” ဆိုပြီး လက်အုပ်ချီလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ၀ါးရုံပင်ကို လှည့်ကြည့်မိလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့… ၀ါးရုံပင်က လှုပ်လာလို့ပါ။ ပြီးတော့ ညီလေးကိုလည်း လက်တို့လိုက်ရတယ်။
မျက်စပစ်ပြလိုက်တယ်။ ၀ါးရုံပင်ကိုလေ။ နှစ်ယောက်လုံး ပြိုင်တူ ကြည့်နေတုန်းမှာ…၀ါးရုံပင်ထဲက ဘာထွက်လာတယ်ထင်တုန်း။
ဟိုတောဝက်အသေကောင်ဗျာ။ အခုကျတော့ လေးဘက်ကြီးထောက်ပြီး။ အနော်တို့ကို သေသေချာချာကြည့်နေတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးလည်း နထင်ထိအောင် သွေးတွေ တိုးသွားသလို ခံစားလိုက်ရတယ်။ ကြက်သီးတွေလည်း တစ်ဖြန်းဖြန်းပေါ့ဗျာ။ ညီလေးကလည်း အဲဒီအချိန်မှာ ဆိုင်ကယ်ကို “၀ူး” ခနဲ နေအောင် လှော်တာ။ L ။ တောဝက်ကလည်း ဆိုင်ကယ်ထွက်တာလည်း မြင်ယော။ ၀ုန်း ခနဲ ထိုးလိုက်တာ။ ဘယ်လို၊ ဘယ်လို ရွာလမ်းမကို ရောက်လာလဲဆိုတာ မပြောတတ်တော့ပါဘူးဗျာ။ ဆိုင်ကယ်ကလည်း တော်တော် ကောင်းတဲ့ ဆိုင်ကယ်မို့ပါ။ အဲဒီလမ်းက နေ့ခင်းကြီး သွားတာတောင် လူဆင်းရတဲ့ နေရာတွေရှိတယ်။
နှစ်ယောက်မောင်းမရတဲ့ နေရာတွေရှိတယ်။ အခုကျွန်တော်တို့ သေပြေး၊ ရှင်ပြေး၊ အသားကုန်ပြေးလာတော့… တစ်ခါမှ မဆင်းလိုက်၇ဖူးဗျ။ အဲဒီကနေ မောင်းတဲ့ အမောင်းဟာ… ရွာထဲထိဆိုပါတော့ဗျာ။ လမ်းမှာ တစ်ယောက်နဲ့ တစ်ယောက် စကားကိုမပြောနိုင်ဘူး။ ကြောက်လန့်ပြီးတော့လေ။ ကျွန်တော် တော်တော်လေး လန့်သွားပါတယ်။
ရွာထဲရောက်တော့မှ… အဖိုးအိမ်မှာ ၀င်ပြီး ရေတွေ၊ ဘာတွေ သောက်၊ ပြီးတော့ နှစ်ကောင်လုံး တော်တော်နဲ့ စကားမပြောနိင်ဘူးရယ်။
ရွာထဲဝင်တာ ညကိုးနာရီထိုးနေပြီဗျ။ ဆိုင်ကယ်ကို ဘယ်လိုမှောင်းလာလဲသာကြည့်တော့။ မီးထိုးထားတဲ့ လမ်းပဲ ကြည့်တယ်။ ကျန်တဲ့နေရာဆို လုံးဝ လှည့်ကို မကြည့်တာ။ သွေးလန့်မှာဆိုးလို့။ အဲဒါ အခန့်မသင့်ရင် လိပ်ပြာလွှင့်တတ်တယ်ဗျ။ အဲဒီလိုမျိုး သေ၇င် အဲဒီနယ်မြေမှာ အစောင့်ဖြစ်ယော။ ဘယ်နှယ့် ကြမ်းလိုက်တဲ့ နယ်ဗျာ။ အဲဒီလို နယ်မျိုးမှာ ကိုယ်သာ အစောင့်ဖြစ်ရင် လူတွေရှိမှာကိုး မဟုတ်တော့ဘူး။ သေချင်တယ်။ အဲဒီလို ခွေးပြေး၊ ၀က်ပြေး ပြေးလာရလို့ တောဝက်အသေက ဘယ်ထိလိုက်လဲတောင် မမှတ်မိပေါင်ဗျာ။ အဖိုးနဲ့ အဖွားကတော့ ကျွန်တော်တို့ ဖြစ်ပျက်လာပုံကို ကြည့်ပြီး ဘာဖြစ်တာလဲ၊ ဘာညာမေးတာပေါ့။ သို့ပေ့မယ်… ညကြီးမိုးချုပ်ကြတော့ ဒီအကြောင်းက ပြောလို့ မသင့်တော်ဘူးလေ။ အဲဒါနဲ့ နှစ်ကောင်သား ဘာမှ မပြောပဲနဲ့။ အမောပြေလောက်မှ အဖိုးအိမ်မှာထမင်းစားပြီး မြို့ထဲ ပြန်ကြတယ်။ မြို့ထဲပြန်တဲ့လမ်းကလည်း အလယ်မှာ သင်္ချိုင်းကုန်းဗျာ။ တစ်ခြာလမ်းကသွားရင်လည်း
တံတားတစ်ခုရှိတယ်။ သောက်ရမ်းခြောက်တယ်။ အဲဒါနဲ့…မထူးဖူးကွာ။ ဖြစ်မဲ့ဖြစ် များများရှိတဲ့နေရာမှာ ဖြစ်မယ်ဆိုပြီး သင်္ချိုင်းကုန်းလမ်းက ဖြတ်ပြန်ခဲ့ရတယ်။ ဘာမှတော့ မဖြစ်လိုက်ပါဘူး။ ရွှေကျင်မြို့ထဲရောက်တော့…နှစ်ယောက်လုံး ခြေ၊ လက်၊ မျက်နှာသစ်ပြီး အိပ်ယာထဲ တန်းဝင်တာ။ အဲဒီအထိ ကျွန်တော်ညီရဲ့ နှလုံးက ခုန်နေတုန်း။ စကားလည်း မပြောဘူး။ ဒီကောင်က။ ကျွန်တော်က သူ့ကို ဘုရားစင်ပေါ်က သောက်တော်ရေ တိုက်ချလိုက်ရတယ်။ သူအိပ်ပျော်မှ ကျွန်တော်လည်း အိပ်ပျော်သွားတာ။ တော်ကြာ ညဘက်ကြီး လည်ပင်းထညှစ်နေမှာလည်း ကြောက်ရသေးတယ် ဟီး ။
ဒီလိုနဲ့ မနက်မိုးလင်းတော့ ရွာထဲကို သွားရတယ်။ မနေ့က မူးတဲ့ အလုပ်သမားတွေဆီမှာ ငွေလွန်ထားတယ်လေ။ အဲဒါတွေ သွားပြန်သိမ်းရတယ်။ အလုပ်သမားတွေက ပြန်တောင်းပန်ပါတယ်။ အနော်ရိုက်လွှတ်လိုက်တဲ့ လူလည်းပါတယ်။ သူတို့ မူးနေလို့ပါ။
အလုပ်ရှိရင် ပြန်ခေါ်ပါ။ ဘာညာပေါ့ဗျာ။ ဘယ်နှယ့်…ခေါ်မယ်။ အားကြီးကြီး ခေါ်မယ်။ သူတို့ လုပ်ပုံက…ကံကောင်းလို့ ကျွန်တော်တို့
အသက်မပျောက်တယ်။ အဖိုးကလည်း မနေ့က နင်တို့ တောဝက်ရလာတယ်ဆိုတဲ့။ ဘယ်မှာတုန်းတဲ့။ အဲဒီလိုချည်း လာမေးပါတယ်ဆို။
ကျွန်တော်လည်း…သောက်ရမ်းပေါက်လာတာနဲ့…
“အဲဒီတောဝက်အသေက… အပမှီပြီး ပြန်လိုက်ထိုးတာ ကံကောင်းလို့ ကျွန်တော်တို့ နှစ်ယောက် မသာ မပေါ်တယ်” ဆိုပြီး ပြောချလိုက်တယ်။ အဲဒီတော့မှ အလုပ်သမားတွေက … ဟာ… ဘယ်လို ဖြစ်တာလဲ၊ ဘာညာပေါ့ဗျာ။ ကျွန်တော်တို့လည်း ပြောပြလိုက်ရတယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအကုန်လေ။ အဖိုးကလည်းက… အလုပ်သမားတွေကို ဆဲပေါ့ဗျာ။
“နင်တို့ သောက်သုံးမကျလို့.. ငါ့မြေးနှစ်ယောက် ဒီလို ဖြစ်ရတယ်” ဆိုပြီးလေ။
အဲဒီလိုနဲ့.. အလုပ်သမားတွေဆီက ငွေတွေလည်း ပြန်ရလိုက်ပါ့တယ်။ နေ့စားသမားတွေဆိုတော့ နှစ်ရက်လောက်စောင့်ရတယ်။
ညီလေးကိုလည်း ကျွန်တော် စိတ်ချရတဲ့ အလုပ်သမားတွေ ရှာပေးလိုက်တယ်။ တောင်ပေါ်ခြံမှာ တစ်ယောက်တည်း ဘယ်မှ မသွားဖို့လည်း မှာလိုက်တယ်။ သူ့ကိစ္စလည်း ပြီးရော..ကျွန်တော်လည်း ရန်ကုန်ပြန်ဖို့ ပြင်တယ်လေ။ မနက်အစောကြီး ရန်ကုန်ကားအမှီ
ကားဂိတ်ကို သွားရတယ်။ အဖိုးက လိုက်ပို့တယ်။
လမ်းမှာ….ဘာမေးတယ်ထင်တုန်း!
“နင် ဧက (20) အပင်ရော စိုက်မှာလား? ဒါမှ မဟုတ် ပြန်ရောင်းထုတ်လိုက်ပါလား? အဲဒီနယ်မြေက ခပ်ကြမ်းကြမ်းနဲ့” သူက စိုးရိမ်လို့ ပြောတာပါ။ အဲဒီစကားလည်း ကြားရော ကျွန်တော်က ရယ်ပြပြီး ဒီလို ပြန်ပြောလိုက်တယ်။
“အဖိုး၊ ငဇူးပါ။ အဲဒီမှာ ရာဘာခြံ ဖြစ်အောင်ကို လုပ်မယ်။ အပင်စိုက်ဖို့ ခြံစရှင်းတာနဲ့ အဲဒီဝါးရုံပင်ကို အရင်ရှင်းထုတ်ပစ်မယ်” ကျွန်တော်က အဲဒါကို မာန်ပါပါနဲ့ ပြောလိုက်တာ။ အဘိုးကတော့…သဘောတွေကျလို့….
“ဒါမှ ငါ့မြေးကွ၊ အာဂကောင်” ဆိုပြီးလေ။
ကျွန်တော်ကတော့…စိတ်ထဲမှာ ဒီလိုတွေးတယ်။
အဲဒီခြံကို စလုပ်ပြီဆိုတာနဲ့ ဆိုင်ကယ်လမ်းကို အရင်ရှင်းမလားလို့?
ဘာရယ် မဟုတ်ပါဘူး။ ပြေးလမ်းလေး…အဆင်ပြေအောင်လို့ ပါ။ ဟီး
ပြီး၏။

ကျွန်တော်နဲ ရာဘာခြံ အတွေ့ကြုံ။ (ဇာတ်သိမ်းပိုင်း)။
ဒီလိုနဲ့ ကျွန်တော် ရွှေကျင်ကို ပြန်သွားတယ်ဆိုပါတော့ဗျာ။ ရွှေကျင်မြို့ကို ရောက်တာနဲ့…မြို့ထဲမှာ ပျိုးပင်အတွတ် ပိုက်ဆံသွားပေး၊ ဘာညာနဲ့ ရွာဘက်ကို ခြေဦးမလှည့်ဖစ်ဘူး။ နောက်တစ်နေ့မနက်မှ ရွာဘက်ကို သွားရတယ်။ ကျွန်တော်က ရန်ကုန်မပြန်ကတည်းက အဖိုးကို ခြံအတွတ် လုပ်ရမဲ့ အလုပ်ကို အစီအစဉ်ဆွဲပေးခဲ့တယ်။ ဘယ်နေ့မှာ ဘာအပြီး၊ ဘယ်နေ့မှာ ဘာအပြီးပေါ့နော်။ ကျွန်တော်ပြန်လာတဲ့နေ့ကြရင် အပင်စစိုက်နေရပြီ။ ဒီလိုမျိုးလုပ်ထားပေးခဲ့တာ။
ရွာကို ရောက်တာနဲ့ ကျွန်တော် ခြံထဲတန်းသွားတော့တာပဲ။ ဖြစ်ချင်တော့… ကျွန်တော်က ကိုးနာရီလောက်မှ သွားတာ။ အလုပ်သမားတွေက ခြောက်နာရီ စပြီးအလုပ်လုပ်နေပြီလေ။ ကျွန်တော် ရောက်သွားတော့ သူတို့ အပင်တွေစိုက်နေပြီ။
သီဟိုဋ်ပင်ဘက်ကို လှည့်ကြည့်လိုက်တော့လည်း… အဘိုးက မခုတ်ထားဘူး။ ကျွန်တော်လည်း နောက်မှ ပြောတော့မယ်ဆိုပြီး
အလုပ်သမားတွေ အပင်စိုက်တာကို သေသေချာချာလိုက်ကြည့်နေတယ်။ အဖိုးကတော့ ခြံကာဖို့အတွတ် ၀ါးလုံးတွေမှာထားတာ သွားယူတယ်။ ဒီလိုနဲ့ စိုက်ထားတဲ့ အပင်တွေကို တစ်ဖြည်းဖြည်း စစ်လာတုန်း…မှာ အပင်စိုက်နေတဲ့ ကောင်မလေးဆီရောက်လာတယ်။
အဲဒီကောင်မလေးကေ၇ှ့က အပင်စိုက်သွားတယ်။ အနောက်က သူ့အဖေက လိုက်ပြီးတော့… မြေဖို့တယ်။ အဲဒီမှာဗျာ.. ဒေါသထွက်စရာသွားတွေ့တယ်။
ရာဘာပင်စိုက်တယ်က ဒီလိုဗျ။ (ရာဘာပင်မှာ ကိုင်းကူးရယ်၊ အ၇ိုင်းရယ် ရှိတယ်။ အရိုင်းက နှစ်တရာ သက်တမ်းရှိတယ်။ ကိုင်းကူးက အများဆုံး နှစ်သုံးဆယ်လို့ ပြောကြတယ်။ အရိုင်းက ဆယ်နှစ်နေမှ အစည်းခြစ်ရတယ်ဆိုရင်၊ ကိုင်းကူးက ငါးနှစ်၊ ခြောက်နှစ်မှာ အစည်းခြစ်လို့ရတယ်ခင်ဗျ။ ပြီးတော့ ကိုင်းကူးရဲ့ အစည်းထွက်နှုန်းထားကလည်း အရိုင်းထက်စာရင် ပိုတယ်။ ဒါပေ့မယ် အစည်းကျဲတယ်။ ဒီလိုလေးတွေပေါ့ဗျာ။ ဒါက ဗဟုသုတပါ။)
ကိုင်းကူးထားတဲ့ ပျိုးပင်လေးတွေကို ပလစ်စတစ်အိတ်အမည်း(ပိုလီဘက်အိတ်) လေးတွေနဲ့ ထုတ်ထားတယ်။ ရာဘာပျိုးပင်ကို ပလစ်စတစ်အိတ်အမည်းလေးတွေနဲ့ ထုပ်ထားတယ်။ အဲဒီပလစ်စတစ်အိတ်မည်းလေးထဲမှာ မြေကြီးအပြည့်ရှိတယ်။ အဲဒီမြေကြီးထဲမှာ ရာဘာပင်ရဲ့ အမြစ်က တွယ်နေတာ။ ကိုင်းကူးပင်က အပေါ်မှာပေါ့ဗျာ။ ပျိုးပင်လေးတွေကို တယုတယ သယ်ရတယ်။ အပင်မနာအောင်၊ မြေလုံးမကွဲအောင်။ သူများတွေကတော့ သယ်ချင်သလို၊ သယ်မှာပါ။ ဒါပေ့မယ် ကျွန်တော်ကတော့ မြေလုံးမကွဲအောင် သေသေချာချာလေး ဂရုစိုက်သယ်စေချင်တယ်။ ကိုယ့်ပစ္စည်းကိုး ဟုတ်တယ်မလား။ ပြီးတော့ စိုက်တဲ့ နေရာမှာ.. ဒီလိုလေးရှိတယ်။
စိုက်တော့မဲ့ ရာဘာပင်ရဲ့ ပိုလီဘက်အိတ်ကို အောက်ခြေကနေ အင်္ဂလိပ်အက္ခရာ(T) ပုံစံလေးခွဲရတယ်။ အရင်ဆုံးဗျာ အိတ်ရဲ့ အောက်ခြေကနေ အလျားလိုက် ပတ်ပတ်လည် ခဲတံချွန်တဲ့ ဓါးလေးနဲ့ ၀ှိုက်လိုက်ရတယ်။ ပြီးရင် အဲဒီဟာလေးကို ဆွဲလှန်လိုက်ရင်
မြေလုံးထွက်လာတယ်။ အဲဒီမြေလုံးကို လက်နဲ့စမ်းရတယ်ခင်ဗျ။ အဲဒီမှာ ကိုင်းကူးပင်ရဲ့ အမြစ်လေးရှိတယ်။ ဇီယစ်ထုံးလို့လည်း ခေါ်တယ်။ အဲဒီကောင်က ရေသောက်မြစ်။ အဲဒီရေသောက်မြစ်ကို စမ်းပြီး အမြစ်ဖြတ် ကတ်ကြေးနဲ့  တစောင်းအနေအထားအတိုင်းဖြတ်ချရတယ်။ ပြီးတော့… ပိုလီဘက်အိတ်အမည်းရဲ့ အပင်ဘက်ကို ထွက်နေတဲ့ အမြစ်တွေကိုလည်း ဖြတ်ရတယ်။ ပြီးရင် အပေါ်ကနေ ဒေါင်လိုက် ဓါးလေးနဲ့ ပိုလီဘက်အိတ်ကို ခွဲလိုက်။ ပြီးရင် ပိုလီဘက်အိတ်ကို မြေလုံးမနာအောင် ဆွဲခွာရတယ်။ အဲဒါဆို အပင်က မြေလုံးပေါ်သွားရော။ အဲဒီတော့မှ ကျွင်းထဲကို ထည့်ရတယ်ခင်ဗျ။ ဒါက ကျွန်တော်ခြံထဲမှာ စိုက်တဲ့နည်းပါ။
နောက်တစ်ခုက ဇီယစ်ထုံးကို အမြစ်အဖြတ်ပဲ ဒီအတိုင်းစိုက်တဲ့နည်း။ အဲဒီတော့ ကျွန်တော်ခြံထဲမှာ စိုက်တဲ့ ကောင်မလေးက အမြစ်မဖြတ်ပဲ စိုက်နေတာ။ သူစိုက်တာ ၂၉ ပင်လောက် ပြီးသွားပြီ။ အဲဒါနဲ့ ကျွန်တော်က…
“ဟာ..အမ ဇီယစ်ထုံးကို မဖြတ်ဘူးလား” ဆိုတော့ သူက ဘာပြောတယ်ထင်တုန်း။
“စက်မှု (၁)ထဲမှာ ဒီလိုပဲ စိုက်တာ” တဲ့။ သူအဖေကလည်း ၀င်ထောက်ခံတယ်။ ဟုတ်တယ်တဲ့…သူက စက်မှု (၁)ထဲမှာ အပင်စိုက်နေတာတဲ့။ သူကျွမ်းတယ်တဲ့။ အဲဒီမှာ ကျွန်တော်လည်း တော်တော်ပေါက်ကွဲသွားတယ်။
အပင်စိုက်တယ်ဆိုတာ နည်းစနစ်ကွာပါတယ်။ အပင်ကို အဲဒီရေသောက်မြစ်ကို ဖြတ်စိုက်တယ်ဆိုရင်…ဖြတ်ထားတဲ့ အမြစ်က မြေကြီးထဲကို တစ်ခါတည်း ခြေကုပ်ယူသွားတယ်ခင်ဗျ။ သူဘာသာသူ ရေရှာသောက်ရမှာဖြစ်တဲ့ အတွတ် အပင်က မြေကြီးထဲကို
နက်နက်လေးဝင်သွားတယ်။ အဲဒီတော့ အခြေခိုင်သွားတာပေါ့ဗျာ။ တကယ်လို လေတွေ၊ ဘာတွေ တိုက်တဲ့ အခါမှာလည်း ဒီကောင်က
အောက်က အခြေခိုင်တဲ့ အတွတ်တော်ရုံ၊ တန်ရုံ မပြိုလဲနိုင်ဘူးပေါ့။ ရာဘာစိုက်တာကလည်း အနောက်တောင်ဘက်ကို အပင်ကို လှည့်စိုက်ရတယ်ခင်ဗျ။ ကျွန်တော်ခြံထဲမှာက အနောက်တောင်ဘက်က လေလာလို့ အဲဒီဘက်လှည့်စိုက်တာပါ။ သူများခြံတွေ မပြောတတ်။ လေလာတဲ့ဘက်ကို ဦးလှည့်ထားတော့ ဒီကောင်က အမြဲတမ်း လေတိုက်တဲ့ဘက်ကို ဦးထိုးပြီး ယိမ်းနေတယ်။ အဲဒီတော့ လေကို ထိုးခွဲသလိုလုပ်ထားပြီး ကြံကြံခိုင်နေတဲ့ သဘောပေါ့ဗျာ။ လေလာတဲ့ အရပ်နဲ့ ဆန်ကျင်ဘက်ကို လှည့်နေရင် လေက တိုးပြီး အပင်တွေ ကျိုးကုန်ယော။
ဇီယစ်ထုံးကို အမြစ်မဖြတ်ပဲစိုက်တဲ့အခါကျတော့… ဇီယစ်ထုံးဆိုတာက ခွေခွေကြီး၊ အမြစ်ကလည်း ခွေခွေကြီး….ဒီတော့ ဒီကောင်က အဲဒီအခွေအတိုင်းပဲ မြေကြီးထဲတော့ ၀င်ပါရဲ့ ။ အမြစ်တွေတော့ ဖြာထွက်ပါရဲ့ ။ အောက်ကို သိပ်မဆင်းတော့ဘူး။ နွေအခါ ရေပြတ်ရင် သေတာများတယ်။ ပြီးတော့ လေဒဏ်၊ မိုးဒဏ်နဲ့ တွေ့ရင် ကျိုးတာများတယ်ဗျာ။ စိတ်မချရဘူး။ သူများတွေလည်း ဇီယစ်ထုံးမဖြတ်ပဲစိုက်ကြတယ်။ ကျွန်တော်ကတော့… ကိုယ်ခြံထဲမှာ ကိုယ်နည်းစနစ်နဲ့ စိုက်ချင်တာ။ အဲဒါကို ဒီကောင်မလေးက ဒီလိုလုပ်ထားတာ။ အဲဒါနဲ့ မဖြစ်တော့ပါဘူး ဆိုပြီး…
“အမ..ပေးဗျာ..ကျွန်တောတို့ စိုက်မယ်။ အမ နွားချေးတွေ..သယ်ပြီး…တွင်းထဲလိုက်ထည့်” ဆိုပြီး ခိုင်းလိုက်ရတယ်။ ကျော်ကျော်အောင်ကလည်း ကျွန်တော်ကို ၀င်ကူတယ်။ အပင်ဝိုင်းစိုက်ပေးတယ်။ ဒီလိုနဲ့ နှစ်ယောက်သား စိုက်ကြတာပေါ့။ အမှန်တော့ ကျွန်တော် စိတ်တော်တော်တိုတယ်။ ကျွန်တော် အပင်က ရာဂဏန်းပဲရှိတာ။ ဆယ်ပင်လောက် ပျက်စီးတာဟာ… ကျွန်တော် အဖို့ အများကြီး ထိခိုက်တယ်။ စက်မှု (၁)က ထောင်ဂဏန်း၊ သောင်းဂဏန်းစိုက်တာ။ သူတို့ အပင် တစ်ထောင်ကျော်လောက် ပျက်စီးတာ ဘာမှ မဖြစ်ဘူး။ ဒါပေ့မယ်လည်းဗျာ… ဘာမှပြောမနေတော့ပါဘူး။ စိတ်တိုတာကို မြိုသိပ်ပြီး… ကိုယ့်အပင်ကိုယ်စိုက်နေလိုက်တယ်။
အဲဒီမှာ ပြသနာက စတော့တာပဲဗျို့။ အပင်စိုက်တဲ့ကောင်မလေးရဲ့ အဖေက မကျေနပ်ဘူး။ သူသမီးကို အပင်မစိုက်ခိုင်းပဲ နွားချေးသယ်ခိုင်းလို့တဲ့လေ။ အဲဒါကို ပါးစပ်က ဗြစ်တောက်၊ ဗြစ်တောက် လုပ်နေတယ်။ အဲဒီလူနဲ့ ကောင်မလေးက တကယ်ဆို ကျွန်တော်တို့နဲ့ အမျိုးတော်တယ်။ တစ်ရွာလုံးက အမျိုးဗျာ။ ခြံထဲမှာ ခိုင်းထားတဲ့ လူတွေကလည်း အမျိုးနီးစပ်တွေပဲ။ ပြီးတော့
အဲဒိကောင်မလေးရဲ့ အဖေက ကုလားဘုန်းကြီး(ပူချာရီ ခေါ်သည်) လုပ်ပြီး ဘုရားကျောင်းမှာနေတယ်။ ဒီတော့ တစ်ရွာလုံးက ဘုန်းကြီးဆိုတော့ လေးစားတာပေါ့ဗျာ။ ဘုန်းကြီးက ဘုရားကျောင်းက ပိုက်ဆံနဲ့ ၀မ်းရေးအဆင်မပြေတော့…ဒီလိုလူငှား၊ နေ့စားလိုက်တယ်။ ဒါပေ့မယ်… ဘုန်ကြီးဆိုတော့ နည်းနည်းတော့ ပါဝါပြချင်တာကိုးဗျ။ ကျွန်တော်က လူငယ်ပဲ။ သူက လူကြီးပဲ။
ဒီဘုန်းကြီးက ဘာပြောလဲဆိုတော့… “အပင်စိုက်တာ ဘယ်လိုပဲ စိုက်စိုက်၊ မင့်အပင်တွေ မသေဘူး” ဘာညာပေါ့ဗျာ။ ကျွန်တော်ကတော့… “ဟုတ်ကဲ့။ ကျွန်တော်ကတော့ ဒီလိုပဲ စိုက်တတ်တယ်” ဆိုပြီး ကိုယ့်အလုပ်၊ ကိုယ်ဆက်လုပ်နေတာ။
ဒီလိုနဲ့ အပင်တော်တော်လေး စိုက်ပြီးတဲ့ အခါမှာ… ကျွန်တော် အဖိုးရောက်လာတယ်။ အဖိုးကို ဘုန်းကြီးက ကပ်ပြီး ပွားတော့တာပါပဲဗျာ။ ကျွန်တော်က လူငယ်ဖြစ်ပြီး…ဘုန်းကြီးကို ခံပြောတယ်ပေါ့။ ပြီးတော့ အပင်က ဒီလိုစိုက်လည်း ဘာမှ မဖြစ်ပါဘူးပေါ့။ အဲဒီမှာ အဖိုးက ဒေါသတကြီးနဲ့… ကျွန်တော်နဲ့ ၀ိုင်းကူ စိုက်ပေးနေတဲ့ ကျွန်တော်ညီ ကျော်ကျော်အောင်ကို လာပြောတယ်။
“အပင်ကို အမြစ်ဖြတ်စိုက်တာနဲ့… အမြစ်ဖြတ်မစိုက်တာ ဘာကွာလဲ” တဲ့။ မေးပုံက။ အဲဒီစကားကို သူကို ကျွန်တော် အပင်မစိုက်ခင်ကတည်းက ပြောထားပြီးသား။ အမြစ်ဖြတ်စိုက်ရင် ဒီလိုရှိတယ်။ အမြစ်ဖြတ်မစိုက်ရင် ဒီလိုရှိတယ်ဆိုပြီးလေ။
အခု သူက ဘုန်းကြီးစကား နားယောင်ပြီး ကျွန်တော်ကို လာကူညီနေတဲ့ ညီလေးကို ဒီလို စကားလာပြောတယ်။ ကျွန်တော်ကိုတော့
လာမမေးဘူး။ မေးရင်လည်း ကျွန်တော်က ပြောလိုက်မှာ…ဒါကျွန်တော်ခြံ ကျွန်တော် စိုက်ချင်သလို၊ စိုက်မယ်ဆိုပြီးလေ။ ညီလေးကလည်း မိုးလင်းကတည်းက ကျွန်တော်ခြံကို သောက်တစ်လွှဲတွေ လုပ်နေတာမြင်တော့ တင်းနေပြီ။ ဒီကောင်ကလည်း စိတ်က ခပ်ဆတ်ဆတ်၊ စကားကတော့ တော်တော်နည်းတယ်။ သွေးအေးသမားဗျ။ ဒီတော့… အဲဒီလိုလည်း လာမေးရော … ဒီကောင်ထပြီး ဒီလိုပြောလိုက်တယ်။
“အပင်ကို အမြစ်ဖြတ်မစိုက်ရင် သေကုန်တယ်” ဆိုပြီး ဘုတောတော ချပလိုက်ပါရောလား။
အဲဒီမှာ အဖိုးက လက်သီးလက်မောင်းတန်းပြီးတော့…
“အေး…အခု အမြစ်ဖြတ် မစိုက်တဲ့ အပင်တွေ သေကုန်ရင် အကုန်လုံး ငါပြန်လျော်ပေးမယ်” တဲ့။ သူကလည်း အဲဒီလို ပြောရော…
အနောက်က ဘုန်းကြီးကပါ မြေဖို့နေတဲ့ ပေါက်တူးကြီး… မြောက်ပြီး …
“အေး… အဲဒီအပင်သေကုန်ရင် ငါလည်း လျော်ပေးမယ်” တဲ့။ ကျန်တဲ့ အလုပ်သမားတွေကလည်း အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ကို ၀ိုင်းကြည့်နေတယ်။
ကျွန်တော် သည်းခံစိတ်တော်တော်ကုန်သွားတယ်။ ရှင်းရှင်းပြောရရင် အဖိုးကို တင်းသွားတာ။ အမေက အဖိုးကို ယုံကြည်ပြီး ဒီအလုပ်ကို လုပ်ခိုင်းထားတာဗျာ။ ကျွန်တော်ကလည်း ယုံကြည်လို့ သူကို လွှဲထားတာ။ ကိုယ်တိုင်လည်း ၀င်လုပ်နေတယ်။ ပျိုးပင်တစ်ပင်မှ (500) ပဲရှိတာ။ အလုပ်သမားခတွေ၊ ပန္ဒိုက်ရိုက်ခတွေ၊ တွင်းတူးခတွေနဲ့ဆို တစ်ထောင်ဆိုလည်း မမှားဘူးဗျ။ ဒီလိုလုပ်ဖို့ကို တောကြမ်းကြီးကို
ခုတ်ထွင်ရှင်းလင်းပြီး။ ငုတ်တွေက အစ၊ အလုပ်သမားတွေ မခုတ်လို့ ကျွန်တော်ညီနှစ်ယောက်ရယ်၊ ကျွန်တော်ရယ် ခုတ်ထားရတာ။
အခုကျတော့ အမေယုံကြည်စိတ်ချရပါတယ်ဆိုတဲ့… ကျွန်တော်အဖိုးက အလုပ်သမားဘုန်းကြီးနဲ့ ပေါင်းပြီး ကျွန်တော်ကို ပြန်လှန်နေပါလားလို့ တွေးမိလိုက်တယ်။ ဟုတ်တယ်လေ။ သူ ဒီအချိုးချိုးလိုက်တာ။ သူက အဲဒီလို ကျွန်တော်ကို ပြန်လှန်တော့… သူ့နောက်က ဘုန်းကြီးကလည်း ကျွန်တော်ကို ပေါက်တူးမြှောက်ပြီး အော်ပြောရဲတာ စမ်းလားဗျာ။
ကျွန်တော်ဆိုတာလေ ပြောမနေပါနဲ့တော့။ ဒေါသထွက်တာ အသားတွေပါ တစ်ဆတ်ဆတ်တုန်တယ်။ ပြီးတော့ အဲဒီဘုန်းကြီး ပေါက်တူးမြှောက်ပြီး ပြောတဲ့ အသံနဲ့… အမူအယာကို ဒီနေ့ထိ မျက်လုံးထဲက မထွက်ဘူး။
““အေး… အဲဒီအပင်သေကုန်ရင် ငါလည်း လျော်ပေးမယ်” ဆိုတဲ့ စကားကိုပေါ့။
လူက ဒေါသထွက်လွန်းအားကြီးတော့… အသိစိတ်က လွတ်သွားတယ်။ ကျွန်တော် အဖိုးဆီကို တစ်လှမ်းခြင်းသွားနေတာ…
ပါးစပ်ကလည်း… “လျော်ပေးမယ်…ဟုတ်လား” “လျော်ပေးမယ်… ဟုတ်လား” ဆိုပြီးလေ။ ကျွန်တော်လက်ထဲမှာက အမြစ်ဖြတ်တဲ့ ကတ်ကြေးကိုင်ထားတယ်။ အဖိုးဆီကိုတော့ သွားနေတာပဲ။ ဘာလုပ်မိမယ်ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်တော့ဘူး။ ဒေါသက ငယ်ထိပ်ရောက်နေတာကိုး။ အဲဒီအချိန်မှာ ကျွန်တော်ညီက ကျွန်တော် ပခုံးကို လှမ်းဆွဲတယ်။
“ကိုဇူး…စိတ်ထိမ်း” ဆိုပြီးလေ။ အဲဒီလို သူဆွဲလိုက်မှ ကျွန်တော် အသိဝင်သွားတာ။ မဟုတ်ရင်တော့…ဘာဖြစ်မလဲ ကျွန်တော်လည်း မပြောတတ်။ အဖိုးကိုပဲ တစ်ခုခုလုပ်မိမလား? ၊ ဘုန်းကြီးကိုပဲ အရိုးတွေ ရိုက်ချိုးမိမလား? ဆိုတာလေ။
အသိစိတ်ဝင်လာတော့…ချက်ခြင်းပဲ ကျွန်တော် အဖိုးကို ကျောခိုင်းလိုက်တယ်။ ဒါပေ့မယ် ဒေါသစိတ်က မပြေသေးတာနဲ့…ဘေးမှာ ရှိနေတဲ့ ငုတ်တစ်ခုပါ။ လူကြီးလက်မောင်းလုံးလောက်ရှိတယ်။ အဲဒီငုတ်က ကျွန်တော် ခါးလောက်ရှိတယ်ဗျာ။ ငုတ်တွေကလည်း အပြတ်ရှင်းဆိုတာ ရှင်းမှ မရှင်းတာပဲဗျာ။ ဒေါသထွက်ထွက်နဲ့… အဲဒီငုတ်ကို ကျွန်တော် ဆဲပြီး ပြေးကျုံးထည့်လိုက်တယ်။
“ငါ –ိုးမကွာ”……
“၀ုန်း” ခနဲ ဆိုပြီးဗျာ။ ကျွန်တော် ကန်ချက်ထိတဲ့ နေရာလောက်နေ ငုတ်က ပြတ်ထွက်သွားတာများ မြင်တောင်မကောင်းဘူး။ ဘေးက အလုပ်သမားတွေရော…ကျွန်တော်ညီ၊ အဖိုး၊ ဘုန်းကြီး ၀ိုင်းကြည့်နေတဲ့သူတွေ အားလုံး လန့်ကုန်တယ်။ ကျွန်တော်တောင်လန့်သွားတယ်။ ဘယ်နှယ့်..ဓါးမနဲ့ လွှဲခုတ်လိုက်သလို ဖြစ်သွားတာကိုးဗျ။ ကျွန်တော် ညို့သကျဉ်းနဲ့ ပစ်ကန်တာပါ။
အဲဒီတော့ ငုတ်လိုပဲ ကျွန်တော် ညို့သကျဉ်းလည်း တော်တော်လေးနာသွားတယ်ထင်တယ်။ “ရှိန်း” ခနဲ ဖြစ်ပြီး အဲဒီနေရာက ကျဉ်တတ်လာတယ်။ ပြီးတာနဲ့ ကျွန်တော်လည်း ခြံထဲကနေ ထွက်လာခဲ့ တယ်။ စိတ်တအားညစ်တာကြောင့် အဒေါ်မုန့်ဆိုင်လေးမှာ သွားထိုင်နေလိုက်တာပါ။ ဘာလုပ်လုပ် အဆင်မှ မပြေတာ။ ကျွန်တော် အဖွားတွေကလည်း ကျွန်တော် မျက်နှာမသာမယာနဲ့ ဆင်းလာတယ်ဆိုတော့… ၀ိုင်းမေးကြတယ်။ ကျွန်တော်က ဘာမှ မဖြစ်ဘူးချည်းပဲ ပြောနေတဲ့ အတွတ် သူတို့ ခြံထဲကို သွားမေးမယ်ဆိုပြီး တတ်သွားကြတယ်။ အကြောင်း သိသွားတော့ အဖိုးကို ၀ိုင်းဆဲတောပေါ့ဗျာ။
ခဏနေတော့ …အဖိုးက ပြန်လာပြီးတော့ ချော့တယ်။ နားလည်မှု လွှဲတာပါ။ ဘာညာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော်က ဒီစကားကို အကုန်ပြောချလိုက်ရတယ်။
“အဖိုးက ပြသနာမရှိဘူး။ ဘုန်းကြီးကို ကျွန်တော် တော်တော်တင်းတယ်။ အမျိုးပဲဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ်။ အပြင်မှာတွေ့ရင်…အဖိုးဆိုလည်း အဖိုးလို့ ခေါ်ပြီး ကျွန်တော် ဂါဝရတရားနဲ့ ကန်တော့မှာပဲ။ ဘုန်းကြီးဆိုလည်း ကန်တော့မှာပဲ။
ဒါပေ့မယ်… ကိုယ်ခြံထဲရောက်လာရင်…ကိုယ့်အလုပ်သမားပဲ။ ကျွန်တော်က ဒါဆို ဒါပဲလိုချင်တယ်။ ဟိုဟာ၊ ဒီဟာ လာမလုပ်နဲ့။
လုပ်မယ်ဆိုရင်လည်း အလုပ်လာမဆင်းနဲ့။ အဲဒါ ဒဲ့ပြောတာ။ ဘယ်အလုပ်ရှင်မှ ကျွန်တော်လို ၀င်မလုပ်နေဘူး။ မိန့်မိန့်ကြီးနဲ့ ခိုင်းသွားတာ။ အခု ကျွန်တော် ပျိုးပင်ကို ကျွန်တော်ကိုယ်တိုင်စိုက်ရတယ်ဆိုကတည်းက အလုပ်သမား သောက်သုံးကျလား၊ မကျဘူးလား အဖိုးစဉ်းစား?။ ကျွန်တော် အမြစ်ဖြတ်စိုက်ဆိုစိုက်၊ အေး… မစိုက်နိုင်ဘူးလား။ မစိုက်နိုင်ရင် လစ်။ အလုပ်သမားပေါတယ်။
ကျွန်တော်ကို သူက ပေါက်တူးမြောက်ပြီး အလျော်ပေးမယ် ပြောရအောင် သူက ဘာကောင်လဲ။ ကျွန်တော် အလျော်ရခြင်လို့… ဒီခြံကို လာစိုက်နေတာမဟုတ်ဘူး။ အပင်တွေ ရှင်သန်တာမြင်ချင်လို့ လာတာ။ ကျွန်တော် တောင်ပေါ်မှာနေတုန်းကလည်း ဒီထက်ကြမ်းပါတယ်ဆိုတဲ့ မြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး…အပင်စိုက်လာတာ။ ဘယ်သူမှ အားမကိုးဘူး။ ရှင်းတယ်နော်။
ကျွန်တော်ပန်းခြံထဲက အလုပ်သမား ဒီလိုစကား လာပြောကြည့်ပါလား။ သွားတွေ တန်းစီပြီး ကျွတ်ကုန်မယ်” စသဖြင့်ပေါ့ဗျာ။ ကျွန်တော် မိုက်ရိုင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ စကားတွေက လွန်ကုန်တယ်။ ပြောရင်းပြော၇င်းနဲ့ အသက်ကြီးတာတွေ ဘာတွေ မသိတော့ဘူးလေ။ ဒေါသက ထွက်နေတာကိုး။ အဖိုးက အခုကျတော့ သူမဟုတ်တော့ သလိုပဲဗျို့။ ကျွန်တော်ကို နားလည်မှုလွှဲကုန်တာပါဆိုပြီး အတင်းတောင်းပန်တယ်။ အဘွားတွေကတည်း ၀ိုင်းပြန်ချော့တာနဲ့… ကျွန်တော် စိတ်လျှော့ပြီး ခြံထဲပြန်သွားလိုက်တယ်။
အဲဒီကတည်းက အလုပ်သမာတွေအကုန်လုံးက ကျွန်တော်ကိုဆို မလှန်ရဲတော့ဘူး။ ဘုန်းကြီးကလည်း အဲဒီနေ့ကတော့ အလုပ်ဆင်းပါရဲ့ ။ နောက်နေ့တွေကျတော့ မလာတော့ဘူး။ သူသမီးပါ မလွှတ်တော့ဘူး။ သူသမီးက အလုပ်လုပ်တာ သွက်တယ်။ အဲဒါကို မလွှတ်တော့လည်း ကျွန်တော်တို့ဘာသာ ချရတာပေါ့။ အဖိုးကလည်း ၀ိုင်းကူပါတယ်။ နောက်ဆုံး သူလည်း အမြင်မှန်ရသွားတယ်။
ကျွန်တော် စိတ်ဓါတ်ကို သိသွားတာကိုး။ ကျွန်တော်တို့က အလုပ်လုပ်ရင် နားတဲ့အမျိုးမှ မဟုတ်တာ။ မပြီးမချင်းက လုပ်နေတာ။ အလုပ်သမားတွေ ထမင်းစားဆင်းချိန် အတူတူဆင်းတယ်။ ညနေဆိုလည်း အလုပ်သမားတွေ ပြန်တဲ့ အချိန်မှ ပြန်တာ။
ကျွန်တော်တိုနဲ့ တွဲလုပ်နေတဲ့ အလုပ်သမားတွေက ကျွန်တော်ကို တော်တော်လေး လေးစားသွားတယ်။ အလုပ်လုပ်နိုင်တယ်ဆိုပြီးလေ။
ပြီးတော့ ကျွန်တော်က သူတို့ အပေါ်ကောင်းတဲ့ အပိုင်းလေးတွေရှိတယ်။ ခြံကို ကာဖို့ ၀ါးခြမ်းခွဲနေတဲ့ လူတွေ၊ ၀ါးရှသွားတယ်။ ကျွန်တော် ပလာစတာ ၀ယ်ပေးတယ်။ အလုပ်လုပ်နေချိန်ဆိုလည်း သူတို့ ကွမ်းတွေ၊ ဘာတွေ စားချင်ရင် ကျွန်တော်ဆီက ယူစားတာပဲ။ ဆေးလိပ်လည်း ဒီလိုပဲ။ အဲဒီလိုဆိုတော့…. အလုပ်သမားတွေက ကျွန်တော်ကို ခန့်မှန်းရခက်နေတယ်။
သဘောကောင်းတဲ့လူလား၊ သဘောမကောင်းတဲ့ လူလားဆိုပြီးလေ။ ကျွန်တော်ပြောသမျှတော့ တစ်ခွန်းမှ ပြန်မပြောတော့ဘူး။
ခိုင်းသမျှကို သေသေချာချာနဲ့ မြန်မြန်ဆန်ဆန်လိုက်လုပ်တတ်သွားတယ်။ သူတို့မမြန်လို့လည်း မရဘူးလေ။ ကျွန်တော်တို့က စက်တွေလို သွားနေတာ။ အပင်စိုက်တာကအစ “၀ုန်း” “ဒိုင်း” ၊ “၀ုန်း” “ဒိုင်း” ပဲ။ ဒါပေ့မယ် သေသပ်တယ်။ တိကျတယ်။ သူတို့လည်း အလုပ်ရှင်ကိုယ်တိုင်က ဒီလိုလုပ်နေမှတော့ ဘယ်ခိုရဲတော့မလဲဗျာ။ လိုက်လုပ်ရတာပေါ့။ ရွာထဲမှာတော့ အသံတွေ ထွက်သွားတယ်။
“မရှိရင် အငတ်နေမယ်။ ငဇူး ခြံမှာတော့ အလုပ်သွားမလုပ်နိုင်ဘူးဟေ့….နွားလိုခိုင်းတာ” ဆိုပြီးလေ။
သူတို့လည်း တစ်နေ့ကို ထမင်းသုံးနပ်စားတယ်ဗျာ။ ကျွန်တော်လည်း သုံးနပ်စားတယ်။ အဲဒါတောင် ကျွန်တော်လုပ်သလို လိုက်မလုပ်နိုင်ရင် သေပေါ့ဗျာ။ သူတို့ကိုပဲ နွားလို ခိုင်းတာမှ မဟုတ်တာ။ ကျွန်တော်လည်း…. နွားလို လုပ်နေတဲ့ဟာကိုဗျာ။ စိတ်ညစ်ပါတယ်။ လူတွေဟာလေ…ဗိုက်သာ မပါရင်၊ မေထုန်ချည်းပဲ လှိမ့်လုပ်နေမလား မသိဘူး ။
ဒီလိုနဲ့ ခြံထဲမှာ အပင်တွေအကုန်စိုက်ပြီးသွားတဲ့ နေ့မှာ… ကျွန်တော် အလုပ်သမားတွေ အားလုံးကို ခြံထဲမှာ ပါတီပေးလိုက်တယ်။
အဲဒါက တောင်ပေါ်ခြံတွေမှာလည်း ကျွန်တော်လုပ်နေကြပါ။ အဲဒီဟာကို ဘာလို့ အမြဲလုပ်ရလဲဆိုတော့ဗျာ။
ကိုယ်ခြံကို လုပ်ခဲ့စဉ်အတွင်းမှာ အလုပ်သမားတွေက ကိုယ့်အပေါ် ကျေနပ်တာလည်း ရှိမယ်၊ မကျေနပ်တာလည်း ရှိမယ်။
လူဆိုတာက အရက်သောက်ပြီးရင် ရင်ထဲက အရာတွေက ပွင့်ထွက်လာစမြဲမဟုတ်လား။ ဒီတော့ အဲဒီအရက်ဝိုင်းနဲ့ သူတို့ရင်ထဲက မကျေနပ်ချက်တွေကို နှစ်သိမ့်ပေးလိုက်တာပါ။ သူတို့ကိုလည်း တိုက်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း တန်းတူ ၀င်ထိုင်ပြီး သောက်တာ။ အလုပ်သမားနဲ့ အလုပ်ရှင် ရင်းရင်းနီးနီးပေါ့ဗျာ။ ကျွန်တော်ခြံထဲက ကြည့်ရင် အနောက်ဘက်မှာ တောင်တန်းတွေ မြင်နေရတယ်။ အဲဒီတောင်တန်းတွေကို ကြည့်ရင်း မြေကြီးမှာ ဖင်ချထိုင်လို့၊ မိုးတွေ ဖွဲဖွဲအောက်မှာ တောအရက်ဝိုင်းနဲ့ ချဉ်ပေါက်ရွက်ကြော်နဲ့ ကြက်ဥကြော်နဲ့ ချတာဗျာ။ အငြိမ်။ ကျွန်တော်ကတော့ ခမောက်ကြီးဆောင်းလို့ ပေါ့ဗျာ။ ဟောတစ်ခွက်၊ ဟောတစ်ခွက်နဲ့ ကစ်တာ ဟိဟိ ။
အလုပ်သမားတွေက အဲဒီမှာ ကျွန်တော်ကို ရင်ဖွင့်ကြတယ်။
“အကိုခြံက အလုပ်လုပ်ရတာ မသက်သာဘူး။ လူကြီးတွေများတယ်။ စကားများတယ်။ ဟိုလူက ဆရာလာလုပ်လိုက်၊ ဒီလူက ဆရာလာလုပ်လိုက်နဲ့။ အလုပ်သမားက ဘာလုပ်ရမှန်းကို မသိဘူး။ ဒါပေ့မယ် နောက်ပိုင်း အကို ပွဲကြမ်းလိုက်တော့မှ..ကျွန်တော်တို့လည်း…အလုပ်လုပ်ရတာ အဆင်ပြေသွားတာ။ အလုပ်ရှင်ကိုယ်တိုင် ၀င်လုပ်နေတော့…ကျွန်တော်တို့ အားရှိတယ်ဗျာ။ ပင်ပန်းလို့ ပင်ပန်းမှန်း မသိဘူး။ အကို တောင်ပေါ်က ဧက (၂၀) ခုတ်ရင်လိုက်မယ်ဗျာ။
အကိုနဲ့ဆို… ငရဲပဲ လိုက်ရ၊ လိုက်ရ…လိုက်မယ်” တွေဘာတွေ ဖြစ်ကုန်တယ်ဗျ။ ;D ။
ကျွန်တော်ကလည်း ပြန်တောင်းပန်ရပါတယ်။ အဲဒါက ဒီလိုရှိလို့ပါ။ ဟိုဟာက ဟိုလိုရှိလို့ပါ။ ဘာညာပေါ့ဗျာ။ နောက်တော့ …အားလုံး အငြိုးတွေ မရှိကြတော့ပဲနဲ့ ….ပျော်ပျော်ရွှင်ရွှင်နဲ့ ခြံသိမ်းပွဲကြီးကို လုပ်လိုက်ကြတယ်။ အဖိုးကလည်း သောက်တာ ဟောတစ်လုံး၊ ဟောတစ်လုံးဗျာ။ လူ ရှစ်ယောက်လောက် ၀ိုင်းသောက်တာ တောအရက် (15) ပုလင်းလောက်ကုန်သွားတယ်။
ကျွန်တော်လည်း လှိမ့်ပိတ်သောက်ပလိုက်ပါတယ် ဟီး ။
ဒီလိုနဲ့…ညနေ ငါးနာရီလောက်လည်းရောက်ေ၇ာ…အလုပ်သမားတွေရဲ့ မိန်းမတွေကလိုက်လာကြတယ်။ အိမ်မှာ ဆန်မရှိလို့ နေ့စားခပေးပါဦး။ ဘာညာနဲ့ဆိုတော့ အရက်ဝိုင်းလေးလည်း သိမ်းလိုက်ရတယ်။ အလုပ်သမားတွေကလည်း..ပြန်ကုန်ကြတယ်။
ကျွန်တော်ကတော့…ကျွန်တော်ညီနှစ်ယောက်ကို ဆိုင်ကယ်နောက်မှာတင်ပြီး..မူးမူးနဲ့ ရွှေကျင်မြို့ကို ပတ်ပါလေရောလား ။
အိမ်တန်းမပြန်သေးဘူး။ မိုးတွေကလည်း လှိမ့်ရွှာတာဗျာ။ ဖြစ်ချင်တော့ ညီအငယ်ဆုံး မိုက်ကယ်စတီးက ရှစ်တန်းပဲ ရှိသေးတယ်။
အဲဒါကို မသာက အသေသောက်ထားတော့…. မျက်လုံးတွေက ရဲတွတ်နေတာပဲ။ အိမ်ခေါ်သွားရင် ပြသနာတတ်မှာ။ အဲဒါကြောင့်
ဆိုင်ကယ်ပတ်စီးနေတာ ဟီး ။ ခုနှစ်နာရီ ကျော်ကျော်လောက်ကျမှာပဲ…..အိမ်ထဲကို ပြန်ဝင်ကြတယ်။ အဲဒီညကတော့ဗျာ..
အလုပ်တွေလည်း ပြီးပြီး ဆိုတော့ လူက လွတ်လပ်ပေါ့ပါးနေတာများ ဟေးဟေး ။ အိပ်လို့ကလည်း ကောင်းမှ ကောင်း။
တစ်ရေးတည်းပဲဗျို့ ။
ဒီလိုနဲ့ နောက်တနေ့မိုးလင်းတော့… ခြံထဲကို သွားတယ်။ အပင်တွေ စိုက်ပြီးပြီ ဆိုပေ့မယ်… ခြံထဲမှာက ငုတ်တွေက ရှိနေတုန်းလေ။
အခုဟာက တောကြမ်းကြီးကို တွင်းတူးပြီး အပင်စိုက်သလိုဖစ်နေတော့ လက်စသတ်လုပ်စရာလေးတွေ ရှိသေးတယ်။ ဒါကြောင့် အလုပ်သမားနှစ်ယောက်လောက် ခေါ်ပြီး ကျွန်တော် တတ်သွားလိုက်တယ်။ ကျွန်တော် ညီလည်း ပါတယ်။ အဖိုးလည်း လိုက်လာတယ်။
အလုပ်သမားတွေကို ငုတ်တွေ ခုတ်ခိုင်းထားပြီးတော့… ကျွန်တော် သီဟိုဋ်ပင်အောက်ကို သွားပြီး အပင်ကို မော့ကြည့်နေတယ်။
ဘယ်လိုသတ်ရင် ကောင်းမလဲပေါ့နော်။ ခြံက ကာပြီးနေပြီဆိုတော့….သူ့ကို ခုတ်လို့ ခြံစည်းရိုးကို ထိမှာလည်း ကြောက်ရသေးတယ်။
လှဲရင် ခြံစည်းပေါ်ကျမှာ။ အဲဒါကြောင့် စစ်နေတာပါ။ အဖိုးကလည်း… ကျွန်တော်ဘေးမှာ ရပ်နေတယ်။ ကျွန်တော် ညီက အလုပ်သမားတွေနဲ့ ငုတ်လိုက်ရှင်းနေတယ်။ ကျွန်တော်က အဖိုးကို…“ဒီအပင် ဘယ်လို လှဲရင် ကောင်းမလဲ” လို့ မေးလိုက်တယ်။
အဖိုးကလည်း အပင်လှဲဖို့ စဉ်းစားနေတုန်း…ရှီသေးတယ်။ အလုပ်သမားတွေ ငုတ်ခုတ်တဲ့ ဘက်က အော်ကြီးဟစ်ကျယ်နဲ့ အသံတွေထွက်လာတယ်။
“ဟ! …ဟ! လုပ်ကြပါဦး…ဦးပိုးပိုး…ဒီမှာ ကျော်ကျော်အောင် ဘာဖြစ်နေလဲ မသိဘူး” ဆိုပြီး အလုပ်သမားနှစ်ယောက် ကျွန်တော်တို့နား ပြေးချလာတယ်။ ကျွန်တော်ကလည်းက ရုတ်တရပ်ဆိုတော့…ဘာဖြစ်တာလဲ ဆိုပြီး သူတို့ လက်ညိုးထိုးတဲ့ဘက်ကို လှမ်းကြည့်လိုက်တယ်။ အဲဒီမှာ ကျွန်တော်ညီက ဓါးမကြီးကို မြှောက်ပြီး တစ်ကိုယ်လုံး တုန်တုန်တတ်နေတယ်။ ဒီကောင်ပုံစံက အဝေးကနေကြည့်ရင် ဓါတ်လိုက်နေသလိုရယ်။ အဖိုးကလည်း… “ဟ.. ဒီကောင် ဘာနောက်နေတာလဲဟ” တဲ့။ သူက ဘရိတ်ဒန့်ဆွဲတယ်ထင်နေတယ်လေ။ ဟီး ။ ကျွန်တော်တို့ကလည်း အဲဒီလိုပဲ ထင်နေတာ။ အလုပ်သမားတွေက
“အဲဒါ ဘရိတ်ဒန့်ဆွဲနေတာမဟုတ်ဘူးနော် ကိုဇူး။ ဖြစ်နေတာကြာပီ။ အဲဒီအတိုင်း အကိုတို့ဘက်ကို ကြည့်ပြီး လုပ်နေတာကြာပြီ” တဲ့။
ဟုတ်တော့ ဟုတ်တယ်ဗျ။ ဒီကောင်က ကျွန်တော်တို့ရှိတဲ့ဘက်ကို လှည်ပြီး လုပ်နေတာ။ ဓါးမကြီး မြှောက်ပြီး တွန့်လိမ်၊ တွန့်လိမ်နဲ့လေ။
အဲဒါနဲ့… ကျွန်တော်က “ဟ..ဒီကောင် ဘာဖြစ်နေတာလဲ မသိဘူး” ဆိုပြီး…. သူဆီသွားလိုက်တယ်။ အလုပ်သမားတွေက ဟာ…ကိုဇူး၊ မသွားနဲ့၊ ဓါးမကြီးနဲ့ ဘာညာပေါ့ဗျာ။ ၀ိုင်းတားကြတယ်။ ကျွန်တော်က ဇွတ်အတင်းသွားလိုက်တာ။ ဟိုလည်းရောက်ရော… လဒကဗျာ။
မတ်တပ်ရပ်ကြီးနဲ့ မျက်လုံးကြီးပြူးပြီး…ကျွန်တော်ကို ကြည့်နေတယ်။ အဲဒါနဲ့ ကျွန်တော်က…အနားတိုးသွားပြီး…
“ဟရောင်…မင်းဘာလုပ်နေတာလဲ၊ တောမရှင်းပဲနဲ့” လို့…ပြောလိုက်တယ်။
သူက ဘာပြန်ပြောတယ်ထင်တုန်း…အသံသြသြကြီးနဲ့ ဒီကောင် အသံမဟုတ်ဘူး။
“အဲဒီအပင် မခုတ်နဲ့” တဲ့ ။ ပြီးတော့ သီဟိုဋ်ပင်ကို ဓါးနဲ့ လှမ်းညွှန်ပြတယ်။
ကျွန်တော်ကလည်း… “မင်း…ဘာသောက်ရူးထနေတာလဲ” ဘာညာပေါ့ဗျာ။ ဇွတ်ပြီး ဆဲတာပေါ့။ သူ့ကလည်း အဲဒီအပင်မခုတ်နဲ့ ဆိုတာချည်းပဲ လှိမ့်ပြောနေတာ။ ဘေးကလူတွေကလည်း ဘယ်သူမှ အနားမလာရဲဘူး။ ဒီကောင် အနားမှာက ကျွန်တော်တစ်ယောက်တည်းရှိတယ်လေ။ ဘေးက လူတွေက သူ့ကို သရဲပူးတယ်၊ ဘာညာဗျာ လျှောက်ပြောတာ။ ကျွန်တော်က မခံချင်ဝူးရယ်။ အဟုတ်။ ဘယ်နှယ့် နံနက် (၁၀) နာရီလောက်ကြီး နေပူကျဲတဲ သရဲပူးရတယ်လို့ ကျော်မကောင်း၊ ကြားမကောင်းဗျာ။
ဒီကောင်ပုံစံကလည်း အဟုတ်၊ အဲဒီလိုဖြစ်နေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း စိတ်မရှည်တော့တာနဲ့…ဒီကောင်ဆီ ပြေးဝင်သွားပြီး။
နဘန်တွေ လှိမ့်ကျင်းပစ်တာ။ ပါးစပ်ကလည်း အသားကုန် ဆဲတော့တာပေါ့ဗျာ။ ကြောင်တောင်တောင်လုပ်နေတာကိုး။
“ -ီး သရဲပူးပါလား…ငါ ထပ်လုပ်လိုက်ရသေတော့မယ်။ သွား တောသွားရှင်းချေ” ဆိုပြီး တီးလွှတ်လိုက်တာ။ အဲဒီတော့မှာ သူက ဘရိတ်ဒန့်ကတာကို ရပ်ပြီးတော့…. တောသွားရှင်းတော်မူတယ်။ ဒါပေ့မယ်…ဒီကောင် တောရှင်းတဲ့ ပုံစံက တစ်မျိုးနော်။ အရင်ကလူကြီးပေါင်လုံးလောက်ရှိတဲ့ ငုတ်တွေ ကျန်သေးတယ်။ အဲဒါကို လူတစ်ယောက်ခုတ်ရင်တောင် တော်တော်လေးခုတ်ယူရတယ်။ တော်တော်ကြီးရင် လွှနဲ့ တိုက်ရတယ်။ အဲဒါကိုဗျာ…ဒီကောင် ဓါးမနဲ့ ပိုင်းတာ၊ တစ်ချက်ထဲပဲ၊ ၀ုန်းခနဲ၊ ၀ုန်းခနဲ နေတာ။ လူပုံစံလည်း…သိတယ်မလား။ တုန်တုန်ယင်ယင်နဲ့ ချနေတာ။ သူအဲဒီ အပင်တွေကို ခုတ်တာ မြန်တဲ့၊ မြန်ချက်နော်။
တော်တော်မြန်တယ်။ ပြီးတာနဲ့… သူလည်း ပစ်လှဲသွားတယ်။ အဲဒါနဲ့ ချက်ခြင်း ကျွန်တော်တို့တွေ…သူ့အနားကို ရောက်သွားကြတာပေါ့။
ဘာများဖြစ်လဲဆိုပြီး….။ သူက အဲဒီတော့မှ…. အိပ်ယာက နိုးလာသလိုလို၊ ဘာလိုလိုနဲ့.. “ကျွန်တော် ဘာဖြစ်သွားတာလဲ” တဲ့လေ။
အားလုံးမျက်လုံးပြူးကုန်တယ်။ ကျွန်တော်တောင်…ကြောင်သွားတယ်။ ဒါပေ့မယ် နေ့ခင်းဘက်ကြီး သရဲပူးတာတော့ ဖစ်နိုင်မယ်မထင်ပါဘူး။ သူ နေမကောင်းလို့ တစ်ခုခုဖြစ်တာပါဆိုပြီး…မနည်းတွေးယူလိုက်ရတယ်။ အဟုတ်။
နောက်တော့ ဒီကောင်က ပြောပြတယ်။ သူအလုပ်လုပ်နေရင်း..အိပ်ချင်သလို ဖြစ်သွားတာတဲ့။ ပြီးတော့… သူနိုးလာတော့ မြေကြီးမှာ အိပ်နေတယ်တဲ့။ ကိုဇူးတို့ ပြေးလာတာ မြင်တာပဲ။ ဒါပဲ သိတယ်လို့ပြောတယ်ခင်ဗျ။ ဒါဆိုရင်… ဓါးမမြောက်ပြီး အပင်မခုတ်နဲ့ ပြောတာ ဘယ်သူလဲ? သရဲလား? ဖုတ်လား? ဘာလဲမသိတော့ဘူးဗျ။ ကျွန်တော် တော်တော်လေးတော့ တင်းသွားတယ်။ အဲဒါနဲ့ အဖိုးကို လှည့်ပြောရော။
“အဲဒီအပင်ကို ခုတ်ပါပြောနေတာကို အခုထိမခုတ်သေးဘူးလား…အဖိုးရယ်။ ကျွန်တော် အာပေါက်တော့မယ်” ဆိုတော့..အဖိုးက အလုပ်သမားတွေကို ခုတ်ခိုင်းတယ်။ ဘယ်အလုပ်သမားမှ မတတ်ရဲဘူး။ စိတ်ကမရှည်တော့တာနဲ့ ကျွန်တော်ကိုယ်တိုင် တတ်ခုတ်တယ်ဆိုပါတော့။ ကျွန်တော် ပုဆိုးကို ချွတ်ချလိုက်ပြီး…အောက်က ဘောင်းဘီအတိုနဲ့…ဓါးမကို လွယ်ပြီးတတ်သွားလိုက်တယ်။ ဟုတ်တယ်…ကျွန်တော် စိတ်သိပ်ရှုပ်တာ ခံချင်တာမဟုတ်ဘူး။ ရှုပ်လာရင်လည်း ရှင်းထုတ်လိုက်ရမှ ကျေနပ်တာရယ်။ နောင်ခါလာ၊ နောင်ခါဈေးပေါ့ဗျာ။ ဒီအပင်က အခုမခုတ်လည်း…နောင် ပြသနာရှာနေအုံးမဲ့ အပင်။ အဲဒီလိုနဲ့ ကျွန်တော် တတ်သွားတာ…အပင်တစ်ဝက်လောက်ရောက်လာပါလေရောလား။ အဖိုးတို့က အောက်မှ ကျန်ခဲ့ပြီ။ အပင်က နည်းနည်းမြင့်တယ်။
ကျွန်တော် ဆက်တတ်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော် အာရုံထဲမှာ…ထူးခြားတဲ့ ခံစားမှုလေးတွေ ခံစားလာရတယ်ဗျ။ မြင်တွေ့လာရတယ်။ အဲဒါဘာလဲဆိုတော့ အပင်တစ်ဝက်လောက်ကတည်းက….ငိုသံတွေ ကြားနေရတာ။ အပေါ်ရောက်လေလေ၊ တစ်ဖြည်းဖြည်းပိုကျယ်လာလေလေပဲ။ နောက်ဆုံးနတ်နေကိုင်းရှိတဲ့ နေရာကို ရောက်တော့…. ကျွန်တော် ဓါးမထုတ်ပြီး…ခုတ်ဖို့ အားယူလိုက်တယ်။ လက်တစ်ဖက်ကလည်း ပင်စည်ကို သေသေချာချာ ဖက်ထားရသေးတယ်။ ပြုတ်ကျမှာဆိုးလို့လေ။ အဲဒီအချိန်မှာ…နားထဲကို အသံတစ်ခုဝင်လာတယ်။
“ခြံရှင်ရယ်…ချမ်းသာပေးပါ၊ ငါတို့ သားအမိမှာ…ဒီနေရာလေးပဲ နားခိုစရာရှိလို့ပါ”
“ငါမင်းခြံထဲမှာလည်း အလုပ်လုပ်ပေးပြီးပြီးလေ။ မကျေနပ်သေးဘူးလား။ အမျှအတန်းလေးပဲ ဝေပေးပါ”
“ကျွန်တော်တို့လည်း ကျွတ်ချင်ပါပြီ။ မကျွတ်ခင်လေးတော့ မလုပ်ပါနဲ့အုံးနော်”
စသဖြင့်ပေါ့ဗျာ။ အဲဒီလို အသံတွေက လုံးထွေးပြီးလာတာဗျ။ ပီပီပြင်ပြင်တွေလည်း ရှိသလို…၀ိုးတိုးဝါးတားတွေလည်းရှိတယ်။
အများစုအသံတွေကတော့.. သနားစရာတွေဗျ။ အော်ဟစ်ငိုကြွေးနေကြတဲ့ အသံတွေ။
အဲဒီနောက်မှာတော့… ကျွန်တော်.. ဓါးမကို ခါးကြားထဲ ပြန်ထိုးထည့်လိုက်ပါတယ်။ ပြီးတော့… သစ်ပင်အောက်ကို ပြန်ဆင်းလာခဲ့တယ်။
အဖိုးနဲ့ အလုပ်သမားတွေက ကျွန်တော်ကို အံ့သြတကြီးနဲ့ ကြည့်နေကြတယ်။ ကျွန်တော် အောက်ကိုအေးအေးဆေးဆေးပဲ ဆင်းလာပြီးတော့ အဖိုးကို ပြောလိုက်တယ်။
“တစ်ဘက်ခါ…ခြံထဲမှာ…ဘုန်းကြီး ခေါ်ပီး။ အမျှဝေပေးလိုက်ဗျာ” ဆိုပြီးလေ။
ထို့နောက်မှာတော့ ကျွန်တော် ရန်ကုန်ပြန်လာပါတယ်။ ခြံထဲမှာ ဘုန်းကြီးတွေ အမျှဝေတဲ့နေ့က ကျွန်တော်က ရန်ကုန်ကို လာနေတဲ့ ကားပေါ်မှာပေါ့။ သူတို့တွေ ကျွတ်ကြပါစေလို့ပဲ…စိတ်ထဲမှာ ဆုတောင်းရင်းနဲ့ပေါ့။
ခြံ၏ နောက်ကြောင်း ရာဇ၀င်
ဒီခြံက ကျွန်တော်အဘွားလက်ထက်ကတည်းက ရှိခဲ့တာ။ အဲဒီတုန်းကတော့… ဘာအပင်မှာ မစိုက်ထားဘူး။ မြေလွတ်မြေရိုင်း အသွင်ပေါ့။ အဲဒီခြံထဲမှာ ရွှေကျင်ရင် ရွှေတစ်အားရတာကြောင့်… လူတွေက ခဏ၊ ခဏ ရွှေလာကျင်ကြတယ်။ အရင်ခေတ်က ရွှေကျင်တဲ့အခါမှာ တွင်းတူးပြီး ကျင်ကြတယ်။ အောက်က လူက မြေကြီးတွေကို ယက်ပြီး အပေါ်ကလူကို ပေးတယ်။ အပေါ်ကလူက
အဲဒီမြေကြီးကို ကျင်ခွက်ထဲမှာထည့်ကျင်တယ်။ ဒီလိုနဲ့ လုပ်ပါများလာတဲ့အခါမှာ တွင်းက နက်သွားတယ်။ ပြီးတော့ တွင်းနက်ရဲ့ ဘေးသားကို ဂလှိုဏ်ဖေါက်ပြီး ဆက်သွားတဲ့ အခါမှာ မြေပြိုပြီး…အထဲက လူဟာ အသက်ဆုံးရှုံးရတယ်။ ဒီလိုမျိုးတွေနဲ့ ရွှေကျင်သမားတွေ သေခဲဖူးတယ်။ စုစုပေါင်း သုံးယောက်သေဖူးတယ်။
နောက်ကျွန်တော်အဖိုးလက်ထက်မှာတုန်းက အဲဒီခြံနေရာမှာ… လူနေအိမ်တွေ ရှိတယ်။ ကျွန်တော်ခြံထဲမှာပဲ အိမ်ဆယ်လုံးလောက်ရှိခဲ့ဖူးတယ်။ အဲဒီအိမ်တွေထဲကတစ်အိမ်မှာ ဗိုက်ကြီးသည်ကောင်မလေးတစ်ယောက်နေတယ်။ အသက်က (24) နာမည်တော့ ချန်လှပ်ထားလိုက်ပါတယ်။ တောအိမ်ဆိုတော့ ခြေတံရှည်တွေဆောက်ကြတာများတယ်လေ။ ညရေး၊ ညတာ အပေါ့အလေးတွေကိုလည်း အိမ်ပေါ်ကနေပြီး စွှန့်ကြရတယ်။ အဲဒီအတွတ် အိမ်နောက်ဖေးမှာကွပ်ပျစ်မှာ အိမ်သာလေးတွေလုပ်ထားကြတယ်။ တစ်နေ့ ဗိုက်ကြီးသည်ဟာ ညဘက်ကြီး အိမ်သာ အသွားမှာ…အိမ်သာခြေနင်းခုံကို ခြေချော်ပြီး
အိမ်သာပေါက်ဝကို ခြေကျွံသွားတယ်။ ထို့ကြောင့် ကိုယ်ဝန်ပျက်ကျပြီး သေဆုံးခဲ့ပါတယ်။ ထို့နောက်မှာတော့ ဗိုက်ကြီးသည်သရဲမဟာ အရမ်းခြောက်ပါတယ်။ နေ၀င်ရီတရောဆို အပင်တွေကို လှုပ်ပြတာတို့၊ သူအိမ်မှာလည်း သူယောင်္ကျားဘေးမှာ လာအိပ်တာတို့ လုပ်တဲ့အခါမှာ…ယောင်္ကျားနှင့်တစ်ကွ၊ အနီးအနားပတ်ဝန်းကျင်အိမ်တွေကပါ…ရွာလမ်းမနဲ့နီးတဲ့ ဘက်ကို ရွှေ့ပြောင်းလာကြပါတယ်။
အဲဒီကတည်းက အဲဒီမှာ လူမရှိတောပဲ။ ခြံကြီးပဲ ကျန်ခဲ့တာပါ။ အခုကျွန်တော်ခြံတည်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာတောင်… အဲဒီခြံထဲကို ညရေး၊ ညတာ ဘယ်သူမှ သွားသွားလာလာမရှိကြပါဘူး။ အစွဲတွေကတော့ ထင်ကျန်ရစ်တုန်းပဲ ထင်ပါတယ်။
နောက်တစ်ခုက ပါးစပ်ရာဇ၀င်ပါ။ အမျိုးတွေ စောင့်ထိမ်းလာတဲ့ ရာဇ၀င်ပေါ့။ ဖြစ်နိုင်၏။ မဖြစ်နိုင်၏ ဆိုတာကတော့…စာဖတ်သူများ၏ ဦးနှောက်နှင့် ဆုံးဖြတ်ပါရန်။ အဲဒီခြံက လူစောင့်လဲချင်တယ်လို့ ပြောကြတယ်။ အနီးအနား ဆွေမျိုးအသိုင်းအ၀ိုင်းကနေကြားခဲတာ။
ကျွန်တော်ခုတ်မယ်ဆိုတဲ့ သီဟိုဋ်ပင်အောက်မှာ… ရွှေသိုက်ရှိတယ်။ အဲဒီအပင်မှာ အစောင့်တွေရှိကြတယ်။ အဲဒီအပင်အောက်က ရွှေအိုးပေးမယ်။ ရွှေအိုးနဲ့ လူခေါင်းနဲ့ လဲရမယ်တဲ့။ အဘွားလက်ထက်ကတည်းက ယနေ့ထက်ထိပိုင်ဆိုင်တဲ့ ခြံပိုင်ရှင်တော်တော်များများကို အိမ်မက်ပေးတယ်လို့ သိရပါတယ်။ အဘွားပြီးတော့ အဖိုး။ ပြီးတော့ အမေနှင့် ကျွန်တော်ပေါ့။
အထက်က သုံးယောက်တော့ မသိပါ။ ကျွန်တော်တော့…အိမ်မက်မက်သေးပါ ။ ခြံထဲက ရွှေထွက်တယ်ဆိုတာတော့ သေချာပါတယ်။
ယနေ့ထိ လစ်ရင် အမျိုးတွေက မြေကြီးတွေ လာလာသယ်တုန်း။ အိမ်ယူသွားပြီး ကျင်နေကြတုန်း။ တစ်နေ့ စာလောက်တော့ရတယ်ပြောကြတယ်။ ကျွန်တော်ကတော့ အပင်တွေပဲ စိတ်ဝင်စားပါတယ်။
ခြံ၏ သမိုင်းကြောင်း ဒီမှာပြီး၏။
ဘာပဲပြောပြော…. သူတို့တွေ ကျွတ်ကြပါစေလို့ပဲ…စိတ်ထဲမှာ ဆုတောင်းရင်းနဲ့…………..
လေးစားစွာဖြင့်