_
ပီတာက သူငယ်ချင်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ် က သူသွားခဲ့တဲ့ စားသောက်ဆိုင်မှာ သူစားခဲ့တဲ့အမဲသားစတိတ်က တော်တော်များပြီး အရသာလည်းကောင်းတယ်လို့ ညွှန်းပြီး အဲဒီဆိုင်ကိုခေါ်သွားပါတယ်။ ဆိုင်ရောက်တော့ထောင့်ကျကျစားပွဲမှာ ထိုင်လိုက်ပြီး အမဲသားစတိတ်တွေ မှာလိုက် ပါတယ်။ စားပွဲထိုးက စားစရာတွေလာချတဲ့ အချိန်မှာ တကယ့်ကိုစိတ်ပျက်စရာ ကောင်းလောက် အောင် ဟင်းတွေက နည်းနေပါတယ်။ဒါနဲ့ပီတာလည်း "ဟိုနေ့ကလေးတင် မင်းတို့ဆိုင်မှာ ငါစားခဲ့တာ။ အမဲသား စတိတ်ဆို များလွန်းလို့ ကုန်တောင် မကုန်ဘူး။ အခုဘယ်လိုဖြစ်ရ တာတုန်း"လို့ မေးလိုက်တော့ စားပွဲထိုးပြန်ဖြေတာက "ဒါက ဒီလိုရှိ ပါတယ်။ လူကြီးမင်းက အဲဒီနေ့တုန်း က ပြတင်းပေါက်နားက ခုံမှာထိုင်ခဲ့ တာလေ"တဲ့။
0 Comments
Leave a Reply. |
ADMIN
နေမင်းသူ Archivesရေးခဲ့ပြီးသည့်ဟာသများ
All
|