_
Truth ရှေ့နေကြီးစမစ်က ဘွဲ့ရပြီးစ သားဖြစ်သူဂျွန်ကို ၎င်း၏ရှေ့နေရုံးခန်းတွင် စာရေးအဖြစ်ခန့်လိုက်၏။ အလုပ်ဝင်ပြီးသုံးရက်အတွင်း ၎င်း၏ဖခင်အနေနှင့် လာသမျှအမှုသည်တိုင်းကို ဆိုင်မှုအမှုအခင်းများနှင့် ပတ်သတ်၍ လုံးဝစိတ်မပူရန် အာမခံစကာပြော၍ ပြန်လွှတ်နေသည်ကို ဂျွန်သတိထားမိသည်။ လေးရက်မြောက်နေ့တွင် ဂျွန်မနေနိုင်တော့ စမစ်ကိုမေးသည်။ ဂျွန်။ ။ဒက်ဒီ၊ဒက်ဒီ့ဆီ လာတဲ့အမှုသည်တွေကို ဘာဖြစ်လို့ စိတ်မပူဖို့ချည်းပဲပြောနေတာလဲ။ ဒက်ဒီကိုင်တဲ့တချို့အမှုတွေက အခြေအနေမှ သိပ်မကောင်းတာပဲဟာ။အမှန်အတိုင်းပြောလိုက်တာမဟုတ်ဘူး။ စမစ်။ ။ဟာ...ဒီကောင် နားမလည်ပါးမလည် နဲ့ ပြောပြန်ပြီ။ဂျွန်၊မင်းဘာမှမသိသေးပါဘူးကွာ။တချို့အမှုတွေနဲ့ပတ်သတ်ပြီးအခြေအနေအမှန်အတိုင်းပြောတာမျိုးလုပ်လိုက်ရင် သူတ်ု့စိတ်ဆင်းရဲနေရမှာပေါ့။ပြီးတော့ဒက်ဒီကလည်း အမှန်အတိုင်းမပြောတတ်တာအကျင့်ပါနေပြီ လေ။ ဂျွန်။ ။ဒါဆိုဒက်ဒီက မာမီ့ကိုလည်း အမှန်ပြောတာမရှိဘူးပေါ့။ စမစ်။ ။မင်းမာမီကလည်း အမှန်အတိုင်းပြောရင် စိတ်ဆိုးတယ်ကွ။ ဂျွန်။ ။ဒက်ဒီကတော့ပြဿနာပဲ။ စမစ်။ ။မင်းငါ့ကိုမဝေဖန်နဲ့ဂျွန်။အခုမင်းကိုပြောပြနေတာကိုလည်း အမှန်လို့ ထင်မနေနဲ့။ source:The voice Journal
0 Comments
|
ADMIN
နေမင်းသူ Archivesရေးခဲ့ပြီးသည့်ဟာသများ
All
|