_တစ်ခါက (ရှေးရှးတုံးကလို့ ပြောရင် ပိုမှန်မလား) ညမိုးချုပ်တော့ မြို့ တံခါးကြီးပိတ် ထားတယ်တဲ့။
မြို့ ပြင်ထွက်အလုပ်လုပ်တဲ့လူတွေလည်း အချိန်မှီပြန်မလာရင် တံခါးအပြင်မှာပဲ တစ်ညတာကုန်ဆုံးရတယ်။ တစ်ရက်တော့ အရက်သမားတစ်ယောက်ရယ် ဘိန်းသမားတစ်ယောက်ရယ် ဆေးသမားတစ်ယောက် ရယ် မြို့ ထဲ ပြန်ဝင်တာ နောက်ကျလို့ တံခါး ပိတ်ထားတာနဲ့ တိုးပါတော့တယ်။ အရက်သမားက မူးမူးနဲ့ စိတ်ဆိုးပြီး မြို့ တံခါးကို ရိုက်ချိုးမယ်လုပ်ပါလေရော။ ဘိန်းသမားကတော့ ဘိန်းမှိန်းမှိန်းပြီး အရက်သမားကို စိတ်ထိန်းပါ မင်းမလုပ်နိုင်ပါဘူး လာပါ ငါတို့ ဒီနေရာလေးမှာ အိပ်ပြီး မနက်ကိုစောင့်တာပေါ့လို့ ပြောလိုက်တယ်။ ဆေးသမားကတော့ မြို့ ရိုး တံခါးကို ဟိုကြည့်ဒီကြည့်လိုက်ကြည့်ပြီး ဘိန်းသမားနဲ့ အရက်သမားကို လှမ်းပြောတယ်။ ငါတို့ မြို့ ထဲဝင်လို့ ရမဲ့ နည်းလမ်းတွေ့ ပြီဟေ့။ အရက်သမားနဲ့ ဘိန်းသမားလည်း အားရ၀မ်းသာစွာနဲ့ ဘယ်မှာလဲဆိုပြီး ဆေးသမားနား ကပ်သွားတယ်။ ဒီမှာလေ အပေါက်တွေ့ လား ငါတို့ ကိုယ်ကို ကျုံ့ ပြီး ဒီအပေါက်ထဲကနေ တိုးဝင်သွား ရင် မြို့ ထဲ ရောက်ပြီဟ ဟု လက်သန်းလောက်ရှိသော အပေါက်လေးကို ညွှန်ပြလိုက်သည်။
0 Comments
_အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။
" ဒါ ဘာလုပ်တာလဲ" "ယောက်ျားအပြန်ကို စောင့်နေတာလေ" "ဘာမှ မ၀တ်ဘဲ စောင့်နေရသလား" "ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်" "လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ" "ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။ တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ "ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက " ဟာ မင်းည၀တ်အင်္ကျီကလည်း မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။ |
ADMIN
နေမင်းသူ Archivesရေးခဲ့ပြီးသည့်ဟာသများ
All
|