“ပုရစ်ဖူးဝေစီ နွေဦးရောက်ပြန်ပြီ”
…………………………………………. ဝါကြင်ကြင်ရွက်ဟောင်းတို့ရဲ့စီးချင်းရိုက်သံ စိမ်းစိုစိုနုနုရွရွ ရွက်သစ်တို့ရဲ့ဝီရိယအင်အား အတက်အဆင်းလှေခါးထိပ်မှာကအဘွားအိုနှင့်သူငယ် ယှဉ်ပြိုင်မှုအားအင်တွေကလှိုင်းလုံးပမာ မြင့်တက်လေမလား နိမ့်ကျလေမလား သန်ခေါင်ယံဖားအော်သံကဇာတိပြပုံရိပ်လို မျက်နှာသစ်ချိန်ပြောင်းလဲနေပါပြန်ပြီကော အိပ်ယာထနောက်ကျခဲ့ခြင်းမဟုတ်တန်ရာ သူ့ထက်ငါ အလုယက်တွေနဲ့ ထ ထပြေးနေရ နောက်ကျ ကျန်ခဲ့ရလို့ပြန်မထနိုင်တဲရက်တွေ ပြန်လှည့်ကြည့်ရင်တောင်စိတ်တွေမောလို့ ခန္ဓာကိုယ်မှာလည်းချွေးသံရွဲရွဲနဲ့ ကြွက်ကြွက်ညံနေတဲ့လက်ပံပင်ထိပ်ကဆက်ရက်အုပ်စု အမောပြေသောက်ဖို့ကြံရွယ်ပြီးရေအိုးကိုလှန်လှောကြည့် အော်………………………… သူ့အချိန်…သူ့နေရာ…သူ့ဇာတိကပြသနေရော့ပါလား ဟူး……………………….. နွေဦးရောက်နေပါပြီလေ….။ ။ ဇွဲမာန်(အင်းဝ) ချစ်သူအိမ်ကလေး www.chitthueainkalay.weebly.com
0 Comments
Leave a Reply. |
ကဗျာကဏ္ဍ
မင်္ဂလာပါခင်ဗျာ.. စာရေးသားသူအမည်များ
All
facebook page of chitthueeainkalay! |