ရနံသင်းမြိုင် ထုံမွေးကြိုင်လေ
ရွှေဝါရောင်လန်း ခိုင်လုံးလန်း၏ ပိတောက်ရွှေဝါ ပွင့်ချီသာသည် လေယူရာယိမ်း ယိမ်းနှမလေးနွယ်...... ရွှက်ဟောင်းလဲကြွေ ရွှက်သစ်ဝေလို့  ယိမ်းသမ အက ဆန်းလှပါပြီး ဧပရယ်မေလေး နွဲ့ ဟန်ပြင် အတာကြူသည့် တန်ခူး လ ဆိုဘဲ...... ဥသြငှက်လေး တွန်ကြူးချိန်ခါ အသံသာသာ လွမ်းစရာလေးမို့  အော် ဒီအချိန်က.... ပိတောက်တွေလဲ စုံနေပြီးလေ...... ပိတောက်ပန်းခိုင် ပင်စည်တိုင်မှာ ဆွဲကာရစ်ပတ် ပန်ဆင်အပ်သည့် ရွှေဝါရောင်သား သနပ်ခါးလေးနှင့် လုံမပျို လေး ဆံတုံးစံ....... နေမင်းသူ(သထုံသားလေး) ချစ်သူအိမ်ကလေး www.chitthueainkalay.weebly.com
1 Comment
9 lyin
6/10/2014 03:20:22 am
ကြိုက်ပါတယ်အားလုံးပေါ့
Reply
Leave a Reply. |
ကဗျာကဏ္ဍ
မင်္ဂလာပါခင်ဗျာ.. စာရေးသားသူအမည်များ
All
facebook page of chitthueeainkalay! |