မွေးမြေ ဒေသလေးမှ အစပြု၍
ဤဒေသလေးဝယ်... သူမြေတွင်စိုက် ၊ သူ့ အားအသုံးခံ ထိုပင်ပွင့်ဖူး ၊ မြူထူး၇ွှင်ပျော် သူမြေသီးစား ၊ သူအားဆက်နွယ် သူေ၇ကိုသောက် ၊ ခါသီသွယ် ငါသည်ကြီးပြင်းလာပါတကား....။ ဤဒေသလေးဝယ်... မိဘအသွင် ၊ ချမ်းအေးမြမြ ဒီမြေမျိုးမှ ၊ ငါမွေးရပ်မြေ ရန်သူ ဟုသည် ၊ ၊ ဘယ်ဟာမသိ ကောင်းမှု ကိုသာပြုသည်မြေ မို့ ၊ တရားရိပ်တွင်မွေ့ (လျော်)..။ ဤဒေသလေးဝယ်... ကားရယ်မ၇ှိ ၊ ရထားမဲ့မြေ ထိုသည်အရာ မ၇ှိပါလဲ ခရီးရယ်ဆက် မြန်။ ဤဒေသလေးဝယ်... စိမ်းလှဲ့ မြမြ ၊ တောတောင်ငယ် တောဖျားခေါင်စပ် ၊ ချောင်ကျအရပ်မို့  အသံကြယ်ကြယ် ၊ ငှက်ငယ်ငယ် ပုစဉ်ရင်ကွဲသံက ဆူဆူညံလှပါဘိ။ ဤဒေသလေးဝယ်... တောရိပ်ဝါးရိပ် ၊ အုပ်ဆိုင်းအငွေ့ မြူ ချူံနွယ်ပိတ်ပေါင်း ၊ ထူထက်ခက်လို့  နေမင်းကြီးရယ် ဘယ်မှာတုန်း အော်ခေါ်နိုးလိုက်ပါစမ်း ၊ စော်အောသံ။ ဤဒေသလေးဝယ်... အလှူအတန်း ၊ သဒ္ဒါ ထက်သံ မေတ္တာပေါပေါ ၊ ထိုအရပ်မြေ အကူညီရယ် ယူစမ်း ၊ အနောင်တော်။ ဤဒေသလေးတွင်သာ.. ငါမွေးဖေဖေ ၊ မွေး မေမေက မွေးဖွားပေးသည် ၊ ငါ မွေးရပ်မြေ ငါအတွက် တန်ဖိုး ၊မဖျက်နိင်ခြေမို့  အေးချမ်းလှ ၊ အေးလှပါဘိလေး။
0 Comments
Leave a Reply. |
ကဗျာကဏ္ဍ
မင်္ဂလာပါခင်ဗျာ.. စာရေးသားသူအမည်များ
All
facebook page of chitthueeainkalay! |