_မေမေ
နေကောင်းလား မေမေ လွမ်းနေလား မေမေ သားအတွက်ပူပန်နေလား မေမေ။ မေမေ သားအတွက်ဘာမဆိုပေးဆပ်ခဲ့တဲ့ မေမေ သားအတွက်အရာရာပြီးပြည့်စုံခဲ့တဲ့ မေမေ သားအတွက်ခွန်အားတွေပေးခဲ့တဲ့ မေမေ။ မေမေ မေမေ့ကို ထားခဲ့ရပြီလေ မေမေ့ကိုအလွမ်းတွေပေးခဲ့ရပြီနော် မေမေ့ကို ပူပန်စေခဲ့ရပြီမေမေ။ မေမေ စိတ်ချနေပါ မေမေ မေမေ သိအောင်ပြောပြရအုံးမယ် မေမေ တိုးတက်တဲ့ဒီနေ့ခေတ်ကြီးထဲမှာလေ မော်ဒယ်လ်ဆန်တဲ့အလှပတွေ ရေပန်းစားနေပြီ မေမေ ဒါတွေလဲ...သားမခံစားတတ်ပါဘူး မေမေ သားကို ရင်ဝယ်ပိုက်ပြီး လောကဒဏ်ကိုရင်ဆိုင်နေခဲ့ရတဲ့...မေမေရဲ့ အပြုံးပန်းတပွင့်ကိုလေ ဘယ်သူချယ်မှုန်းလို့မှ မှီမယ်မထင်ပါဘူး မေမေ။ မေမေ မြူးကြွသူယာလှပါတယ်ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ တေးဂီတတွေ ဟစ်ဟော့ ဒီဂျေ တွေဆိုတာတွေလေ နေရာတိုင်းမှာရေပန်းစားနေကြလေရဲ့ သားအတွက်တော့ ဟိုးငယ်ငယ်က အလိုမကျတိုင်းစိတ်တိုတိုနဲ့ ငေါက်ငန်းခဲ့ဖူးတဲ့...မေမေ့ရဲ့ ဂရုဏာဒေါသသံလောက်တောင်မှ နားဝင်မချိုခဲ့ပါဘူး မေမေ။ မေမေ ရှိသေးတယ် မေမေ လူတိုင်းကိုဖမ်းစားနေတဲ့ အဖိုးတန် ပြင်သစ်ရေမွှေးတဲ့လေ သင်းပျံ့မွှေးကြိုင်ပြီး ဆွဲဆောင်မှုကောင်းတဲ့ ရနံ့လေးပေါ့ သားအတွက်တော့လေ......... လယ်တောက မောပန်းစွာပြန်လာတဲ့.... ချွေးစို့နေတဲ့....မေမေ့ရဲ့.... ကိုယ်သင်းရနံ့လောက်မျှပင် မသင်းပျံ့ခဲ့ပါဘူး မေမေ။ မေမေ တကယ်တော့လေ. သားတို့အတွက် တုနှိုင်းမဲ့လှတဲ့....သူ.....ဆို....တာ မေမေ ဆိုတဲ့.....မေမေရယ်ပါ....။ သည်ကဗျာလေးကတော့ ကျနော်သိပ်ချစ်တဲ့ မေမေအတွက် ရည်ရွယ်ပြီး အဝေးတနေရာကနေ ကန်တော့လိုက်ပါတယ်။ ဖိတ်ခေါ်ပါရစေ ကျနော့်ရဲ့ အိမ်လေးကို လာလည်ဖို့... http://www.depelyin.co.cc/ လှမ်းခဲ့ကြပါ ဒီပဲယင်းသားလေး အောင်အောင်(မကစ) ရင်တွင်းဖြစ်
3 Comments
သစ်ခြောက်ပင်အောက် ပန်းကောက်သူ အရူလေးတစ်ယောက်လို ထင်ချင်းပေးမယ့် ထင်လို့ရပါတယ် အဲဒီအချစ်ရူအချစ်ဦးဟာ သူလေးသာဖြစ်ပါရစေ၊ ရေးသားပေးပိုသူအမည်--win hlaine Email လိပ်စာ။ [email protected] ရင်ထဲကဝေဒနာတွေဟာ မင်းလေးကလွဲလျှင် ဘယ်သူမှအစားထိုးပြီး ကုသလို့မရဘူဆိုတာ မင်းလေးတစ်ယောက်သိစေချင်တယ်။....
|
Admin
နေမင်းသူ အကြောင်းအရာများ။
All
|